Chapter - 12

1.2K 233 19
                                    


ယုံကျန့်ဖင်တစ်ယောက် ဒီရက်ပိုင်းအတွင်း
စိတ်အခြေအနေကောင်းမွန်နေ၏။နေတိုင်းအလိုလို သီချင်းလေးတညည်းညည်းနှင့်အလုပ်သို့လာတတ်သည်။ကျန်းလီကိုစောင့်ကြည့်နေရင်း စန်ရှောင်းနှင့်အခြားညီငယ်များအား အထင်သေးသလို အောင်နိုင်သူအကြည့်ဖြင့်ကြည့်ရန်လည်းမမေ့ချေ။

"ရှောင်းကော....အခုတလော အရူးလောင်သကဘာဖြစ်နေတာလဲ?" ရှီးယုံဖူကနားမလည်နိုင်ဘဲမေးလာသည်။

"အရူးလောင်သ" မှာယုံကျန့်ဖင်အတွက် သူတို့ပေးထားသည့်သီးသန့်နာမည်ပြောင်ဘဲဖြစ်သည်။ယုံကျန့်ဖင်၏ရှေ့တွင်တော့ "လောင်သ" လို့ခေါ်ကြပြီး နောက်ကွယ်ရာတွင်တော့ "အရူးလောင်သ" ဟုသာခေါ်ကြလေ၏။၎င်းက ယုံကျန့်ဖင်အတွက် လူတိုင်း၏ကြည်ညိုလေးစားမှုနှင့်ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုတာဘဲဖြစ်သည်။

လက်အောက်ငယ်သားများ၏ လှောင်ပြောင်သရော်ခြင်းမခံရသော ခေါင်းဆောင်မှာခေါင်းဆောင်ကောင်းမဟုတ်။လက်အောက်ငယ်သားများ၏ လျှို့ဝှက်နာမည်နှင့်အခေါ်မခံရသောခေါင်းဆောင်မှာလည်း ခေါင်းဆောင်ကောင်းမဟုတ်ပေ။

အဖွဲ့၏ဒုတပ်မှူးလည်းဖြစ်သလို အဖွဲ့၏အသက်သွေးကြောလည်းဖြစ်သည့် စန်ရှောင်းကမျက်ခုံးကိုပင့်မြောက်လိုက်ကာ စိတ်မရှည်စွာပြောလိုက်၏။

"သူ ဘာထပ်ဖြစ်နိုင်သေးလို့လဲ?သူ ယွိဟွာနဲ့ အဆင်မပြေရင် စားပွဲခုံတွေရိုက်ခွဲလိမ့်မယ်။အခုသူတို့ပြန်အဆင်ပြေသွားပြီဆိုတော့ သူ့ကိုယ်သူဘဝရဲ့အောင်နိုင်သူကြီးလိုခံစားနေရမှာပေါ့။သူ့အမူအရာလည်းကြည့်လိုက်ဦးလေ...ငါတို့
စင်ဂယ်ခွေးတွေကို သနားတဲ့မျက်လုံးတွေနဲ့ဘဲကြည့်နေတာများ။စိတ်တိုစရာကောင်းလိုက်တာ!"

"သူလာနေပြီ...သူလာနေပြီ....ငါတို့ဘာလုပ်ကြမလဲ?" ရှီးယုံဖူကတိတ်တိတ်ကလေးမေးလာ၏။

စန်ရှောင်းကတည်ငြိမ်စွာဘဲ ပြန်ပြောသည်။ "သူဘာပဲပြောပြော....သူနဲ့ယွိဟွာရဲ့အခြေအနေဘယ်လိုဖြစ်နေလဲဆိုတာကိုလုံးဝမမေးမိစေနဲ့။သူ့ကို ကြွားဖို့အခွင့်အရေးလုံးဝမပေးနဲ့ သဘောပေါက်လား။သူ့ကို အားမလိုအားမရနဲ့ မွန်းကျပ်နေအောင်လုပ်!"

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now