Chapter - 37

703 152 9
                                    


ယုံကျန့်ဖင် အိမ်ပြန်မလာသောကြောင့် ယွိဟွာလည်း မနက်တုန်းက ကျန်သေးသည့် ပေါက်စီဖြင့်သာ ဗိုက်ဖြည့်လိုက်သည်။အစားအစာတွေက သူ့အတွက်ပျော်ရွှင်မှုကို မဆောင်ကျဥ်းပေးနိုင်ချေ။၎င်းတို့သည် သူ၏တည်ရှိမှုအားထိန်းသိမ်းရန်အတွက် လိုအပ်သောစွမ်းအင်ကိုသာ ပေးစွမ်းနိုင်သည်။သူ့အရှေ့၌ ရှောင်ယုံပျော်ပျော်ရွှင်ရွှင်ဖြင့် စားသောက်နေတာကိုသာ မမြင်ရပါက ကမ္ဘာပေါ်ရှိအရသာရှိသော အစားအစာများအားလုံးသည် ယွိဟွာအတွက်တော့ အဓိပ္ပါယ်မရှိပေ။

ယုံကျန့်ဖင်သည် အရန်ရဲဖြစ်လာသည့် အချိန်မှစ၍ အချိန်ပိုဆင်းရခြင်းက သူ့အတွက်တော့ပုံမှန်လိုဖြစ်လာခဲ့သည်။သူ့ရဲ့အချိန်ဇယားများက သာမန်ရဲဝန်ထမ်းများထက် လျော့နည်းပါသော်လည်း သူ့တွင်မဖြစ်မနေလုပ်ရမည့် ညဆိုင်းများတော့ ရှိနေသေးသည်။

ယွိဟွာ သူ့ပြက္ခဒိန်အား လှန်ကြည့်လိုက်ကာ ယုံကျန့်ဖင်၏ညဆိုင်းများသည် ပုံမှန်ထက်တော့ အနည်းငယ်စောနေပါသော်လည်း ၎င်းတို့က ပုံမှန်အချိန်အပိုင်းအခြားအတွင်း၌သာ ရှိနေသေးကြောင်းကို သတိပြုမိလိုက်သည်။

ယွိဟွာသည် ယုံကျန့်ဖင် အရန်ရဲတစ်ဦးအဖြစ် စတင်လုပ်ကိုင်သည့်အချိန်ကတည်းက သူ့ခင်ပွန်း၏ dutyအပြောင်းအရွှေ့များအား မှတ်တမ်းတင်ထားခဲ့သည်။သူ ယုံကျန့်ဖင်က ကာကွယ်စောင့်ရှောက်သူမှန်းမသိသေးသည့်အချိန်ကတည်းပင် ထိုအရာအား လုပ်ဆောင်ခဲ့တာဖြစ်ပြီး သိရှိပြီးနောက်ပိုင်းတွင်လည်း ဆက်လက်လုပ်ဆောင်နေခဲ့သည်။

အရင်ကတော့ ထိုမှတ်တမ်းများအား ညဆိုင်းအတွက်အဆာပြေမုန့်များ ကြိုတင်ပြင်ဆင်ထားနိုင်အောင်နှင့် ယုံကျန့်ဖင်၏လုပ်ဖော်ကိုင်ဖက်များအတွက်ပါလုပ်ပေးရန် ညဆိုင်း၌အတူတူအလုပ်လုပ်သော လူအရေအတွက်ကိုလည်း မှတ်သားထားခဲ့သည်။ထိုမှသာ ရှောင်ယုံအပေါ်၌ သူတစ်ယောက်တည်းအဆာပြေမုန့်စားနေရတယ်ဟူသော မနာလိုမုန်းတီးစိတ်များရှိကာ ရှောင်ယုံ၏မုန့်များအားအတင်းလုစားကြလျှင် ရှောင်ယုံလေးလုံလုံလောက်လောက် မစားလိုက်ရမှာကို ယွိဟွာစိတ်ပူစရာမလိုတော့မှာဖြစ်သည်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now