Chapter - 25

875 190 6
                                    

ဓာတ်ပုံရိုက်ပြီးသွားသောအခါ ယွိဟွာသည် ရှေ့သို့အလျင်အမြန်သွားလိုက်ပြီး သူ့ကင်မရာကို ပြန်သွားယူလိုက်၏။သူ၏လှုပ်ရှားမှုများက အလွန်လျင်မြန်လွန်းနေရာ ၎င်းကို "လုယက်မှု"ဟုတောင်ခေါ်နိုင်လောက်သည်အထိပင်။ထိုကြည့်ကောင်းသည့်ဦးလေးက သူ့၏ကင်မရာလေးအား ပြန်မပေးတော့မှာကို စိုးရိမ်နေပုံပေါ်သည်။

တကယ်တော့ ယွိဟွာ ထိုကဲ့သို့အလွန်သတိထားနေသည့်အကြောင်းအရင်းမှာ သူ၏အရှေ့ရှိလူသည် သူ့၏ချစ်လှစွာသောဖုန်းလေး၏ အပျက်အစီးအပိုင်းအစများကို ခိုးယူသွားခဲ့သော လူဖြစ်ကြောင်းကို သိနေသောကြောင့်ဖြစ်သည်။ထို မိုလ်ဘိုင်းဖုန်းလေးက သူအားနာကျင်ဝမ်းနည်းစေခဲ့ပြီး သူထိုကြည့်ကောင်းသည့်ဦးလေးကို လုံးဝမယုံကြည်နိုင်ပေ။

လျန်ယွီဖန် "......."

လျန်ယွီဖန်လည်း ယုံကျန့်ဖင်အား ကသိကအောက်ဖြစ်စွာ ခေါင်းညိတ်ပြလိုက်ပြီး လှည့်ထွက်သွားလိုက်တော့သည်။

ကြည့်ကောင်းသည့်ဦးလေးဖြစ်သူ လျန်ယွီဖန်ထွက်သွားသောအခါ ယွိဟွာသည် ခြင်းတောင်း၏ဘေး၌ထည့်ထားသော ပိုးသတ်ပြီးသား အရက်ပြန်ဂွမ်းဖတ်ကိုယူလိုက်ကာ ကင်မရာအား သေသေချာချာ သုတ်ပစ်လိုက်လေသည်။

ယုံကျန့်ဖင် : "... မင်းမှာ mysophobia ရှိမှန်း ကိုယ်မသိခဲ့ဘူး"

(T/N : mysophobia = အသန့်အကြိုက်လွန် ရောဂါ)

"ငါ့မှာ mysophobia မရှိပါဘူး" ယွိဟွာကပြောသည်။

သူက ဒီအတိုင်း ပိုးသတ်ရုံလေးပါပဲ။

သူ၏အလုပ်ပြီးသွားသောအခါ ယုံကျန့်ဖင်က သူ့အားစိုက်ကြည့်နေတာကို တွေ့လိုက်ရ၏။ယွိဟွာသည် ဂွမ်းဖတ်ကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်ကာ ယုံကျန့်ဖင်၏လက်ကိုညှစ်ကိုင်ဖို့ရန်အတွက် သွားလိုက်သည်။သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ သူတို့နှစ်ယောက်အား သတိထားမိသောသူ သိပ်မရှိသည်ကိုတွေ့လိုက်ရသဖြင့် သူ့ခင်ပွန်း၏နဖူးကိုနမ်းရန်အတွက် ခေါင်းကိုအနည်းငယ်ငုံ့လိုက်သည်။ထို့နောက် သူက

"ငါ့မှာ mysophobia မရှိပါဘူး" ဟု ထပ်ပြောလိုက်၏။

ယုံကျန့်ဖင်သည် သူ၏ရုတ်တရက်တိုက်ခိုက်ခံလိုက်ရသော နဖူးကိုထိလိုက်ကာ ပျှော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now