Chapter - 8

1.2K 237 0
                                    


ယွိဟွာ သူ့ဖုန်းကိုခဏလောက်ငေးကြည့်နေလိုက်သည်။သူ့နှလုံးသားက တုန်လှုပ်သွားတာမျိုးတော့မရှိခဲ့ဘူး။

သူ ယုံကျန့်ဖင်ထိုင်လေ့ရှိတဲ့နေရာမှာ ပန်းကန်လုံးတွေနှင့်တူတစ်စုံကိုနေရာတကျထားလိုက်သည်။အရင်ကအတိုင်း ယုံကျန်ဖင်ကသူ့ရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေပြီး ညစာကိုတိတ်ဆိတ်ငြိမ်သက်စွာပျော်ပျော်ရွှင်ရွှင်စားနေသလိုပါပင်။

ယွိဟွာ သူ့အတွက်ပြင်ထားသည့်ညစာကိုစားပြီးသောအခါထလိုက်ပြီး ယုံကျန့်ဖင်၏နေရာသို့သွားလိုက်ကာ သူ့ယောကျ်ားအတွက်ပြင်ပေးထားသည့်ညစာကိုပါစားလိုက်သည်။

သူတစ်ယောက်တည်း နှစ်ယောက်စာညစာကိုစားပြီးသည့်နောက် ယုံကျန့်ဖင်၏နေရာမှာဘဲဆက်ထိုင်နေကာ နှစ်ပေါင်းထောင်ချီကြာခဲ့ပါသောအထီးကျန်ဆန်မှုကိုပြန်သတိရသွားတော့လေတော့သည်။

ယွိဟွာ သူ့အတွက်ပြင်ထားသောညစာကိုစားပြီးသည်နှင့် သူ့ရဲ့မျက်နှာချင်းဆိုင်ကလွတ်နေသည့်ထိုင်ခုံကိုကြည့်လိုက်ရာ ရုတ်တရက်အထီးကျန်လိုက်တာဟုခံစားမိသွားခဲ့သည်။သူတို့နှစ်ယောက်အတူတူရှိနေတယ်ဆိုတဲ့ပုံရိပ်ယောင်လေးကိုဖန်တီးချင်လို့ ယုံကျန့်ဖင်ရဲ့နေရာကိုလာခဲ့တာဆိုပေမဲ့ သူထိုင်ခုံပေါ်သို့ထိုင်လိုက်ချိန်တွင် သူ့ရဲ့နေရာမှာလည်းလွတ်နေတာကိုတွေ့လိုက်ရပြီး အထီးကျန်မှုကိုပိုပြီးခံစားလိုက်ရတော့သည်။

သူTV ကိုဖွင့်လိုက်ရာ သတင်းကြေညာနေသည့်အသံနှင့် တူကပန်းကန်လုံးကိုညင်ညင်သာသာထိလိုက်သည့်အသံတို့က အခန်းထဲမှာပဲ့တင်ထပ်သွားသည်။အသက်ဝင်နေသောနောက်ခံဆူညံ
သံများအောက်တွင် အခန်းလေးကတော့လွတ်နေပုံရ၏။

စားပြီးသည့်နောက် ယွိဟွာစားပွဲခုံကိုရှင်းလိုက်ကာ မီးဖိုချောင်ထဲတွင်ပန်းကန်များကိုဆေးနေလိုက်သည်။

ထိုအချိန်တွင် သတင်းထုတ်လွှတ်မှုပြီးဆုံးသွားပြီး မိုးလေဝသခန့်မှန်းချက်၏ငါးဖမ်းလှေသီချင်း၏အသံက ရေစီးသံသဲ့သဲ့နှင့်အတူ
စတင်ကြားလာရသည်။ယွိဟွာသည် အေးအေးဆေးဆေးပန်းကန်ဆေးနေခဲ့၏။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now