Chapter - 13

1K 235 14
                                    


သူ့ရဲ့ System App ကို မျက်နှာမပြတဲ့လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်က ဖျက်ခဲ့သဖြင့် ကျန်းလီရဲ့နေ့ရက်တွေကပျော်စရာကောင်းနေတော့သည်။

သူက ကမ္ဘာ့ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသေးပြီး လျှို့ဝှက်ဆန်းကြယ်တဲ့လူက သူ့အားဘာလုပ်စေလိုသည်ဆိုတာကို မသိသေးသော်လည်း ကျန်းလီ၏စိတ်နေစိတ်ထားကတော့ အကောင်းမြင်နေဆဲပင်ဖြစ်၏။သူအရမ်းကိုပျော်ရွှင်နေသည်မှာ လမ်းလျှောက်တဲ့အခါ သူ့ခြေဖနောင့်တွေကမြေကြီးကိုမထိတော့ဘဲဲ လေပေါ်မြောက်နေသလိုပင်။ခြေလှမ်းတိုင်းကို စည်းချက်အလိုက်လှမ်းနေ၏။

သူ့စိတ်ထဲမှာရှိနေခဲ့သော သူ့အားအချိန်မရွေးသတ်ပစ်နိုင်သည့် System ကြီးကတော့မရှိတော့ပေမဲ့ အဝတ်​ဗီရို နှင့် တမူထူးခြားတဲ့အစာအိမ်ကတော့ အခုထိပကတိအတိုင်းရှိနေသေးတုန်းပင်။ဘဝမှာ ဒီထက်ပျော်စရာကောင်းတာရှိဦးပါ့မလား?

ကျန်းလီသည် ကြော့ရှင်းသည့်အဖြူရောင်ဂါဝန်ကြီးကိုဝတ်ဆင်ထားပြီး ယပ်တောင်တစ်ခုကိုကိုင်ထားကာ မိန်းမဆံပင်တုကိုစွပ်ထားပြီး မှန်ရှေ့၌ပျော်ရွှင်စွာလှည့်ပတ်လို့နေ၏။

သူပြင်ဆင်ထားသည့် အလုပ်ရုံးခန်းလေးမှာ အလွန်ရိုးရှင်းလှ၏။စားပွဲနှစ်လုံး၊ထိုင်ခုံနှစ်လုံးနှင့် အဝတ်ထည့်ဖို့အဝတ်ဗီရိုကြီးတစ်လုံးအပြင် နံရံတစ်ခုလုံးကိုနေရာယူထားသည့် ကြီးမားလှသော မှန်တစ်ချပ်သာရှိသည်။

"ငါကတကယ်ကိုကြည့်ကောင်းတာဘဲ"
ကျန်းလီက ယပ်တောင်ကိုခပ်နေရင်း မှန်ရှေ့တွင်လှည့်ပတ်နေရာ သူ့ရဲ့ဆံနွယ်ရှည်တွေက သူနှင့်အတူ လေထဲ၌ညင်သာစွာတလွင့်လွင့်ပျံ့လွင့်လို့နေ၏။

သူ့ဘေးက စင်တစ်ခုပေါ်တွင် Mobile Phone တစ်လုံးရှိနေပြီး Phone Screen ပေါ်တွင် မရေတွက်နိုင်သောများပြားလှသည့် comments တွေက
တသီတတန်းကြီးရှိနေလေသည်။

[ချောလိုက်တာ ၊ချောလိုက်တာ ၊ အရမ်းချောတာပဲ]

[ဘတ်စကတ်ဘောပစ်တဲ့ ဗီဒီယိုကို မြင်ပြီးကတည်းက ဒီညီလေးကိုသဘောကျခဲ့တာ။ငါမင်းကိုလိုက်ရှာနေခဲ့တာရက်တော်တော်ကြာပြီ။ဖြတ်သွားဖြတ်လာတွေတင်လာတဲ့ ဓာတ်ပုံတွေနဲ့ဘဲအသက်ဆက်ရှင်နေရတာ။နောက်ဆုံးတော့ ဒီနေ့ငါမင်းကိုရှာတွေ့ခဲ့ပြီ။အခုချိန်ကစပြီး မင်းနဲ့ ငါ့ကြောင်ကိုဘဲကြည့်ပြီး ရှင်သန်သွားတော့မယ်! ]

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now