Chapter - 4

1.7K 292 7
                                    


ယုံကျန့်ဖင်သည်ယွိဟွာနှင့်တွေ့ပြီးနောက်မှစ၍ သူ့စွမ်းအားများကိုထိန်းချုပ်လာနိုင်ခဲ့လေသည်။မြေအောက်လေ့ကျင့်ရေးကွင်းတစ်ခုလုံးကိုဖျက်ဆီးခဲ့ခြင်းမှ စားပွဲတစ်လုံးကိုသာဖျက်ဆီးမိခြင်းမှာအောင်မြင်တိုးတက်လာမှုတစ်ခုဟုပင်ပြောရပေမည်။

သူတို့နှစ်ယောက်လက်ထပ်ပြီးသည့်နောက်တွင် စန်ရှောင်းနှင့်ညီငယ်များက ယုံကျန့်ဖင်၏အိမ်သို့မကြာခဏလာတတ်ပြီး ထမင်းလာလာစားတတ်ကြသည်။ဤဖြစ်စဉ်အတွင်းတွင် စန်ရှောင်းသည် ယုံကျန့်ဖင်တစ်ယောက်အချစ်နဲ့တွေ့ပြီးမှ သူ့စွမ်းအားတွေကိုထိန်းချုပ်နိုင်သွားသည့်အကြောင်းကို ကောင်းကောင်းနားလည်သွားတော့၏။

ယွိဟွာတွင် တည်ငြိမ်သောစိတ်နေစိတ်ထားရှိပြီးစန်ရှောင်းက သူနဲ့နှစ်မီတာအကွာမှချဉ်းကပ်လာလိုက်တိုင်း အချိန်တိုလေးအတွင်းတောင် တည်ငြိမ်အေးချမ်းမှုကို အမြဲလိုလိုခံစားရမြဲဖြစ်သည်။

ယုံကျန့်ဖင်အိမ်ကိုထမင်းလာစားတဲ့ ညီငယ်တွေအကုန်လုံးက ယွိဟွာချက်တဲ့ဟင်းတွေကအရမ်းအရသာရှိတယ်လို့ အမြဲပြောလေ့ရှိကြ၏။

စန်ရှောင်းကတော့ ဒါကယွိဟွာရဲ့အချက်အပြုတ်စကေးကြောင့်မဟုတ်ဘဲ ယွိဟွာကယုံကျန့်ဖင်အတွက် အနားယူစရာဆိပ်ကမ်းလေးတစ်ခုကိုဖန်တီးပေးထားလို့သာဖြစ်သည်ဟုသာ ခံစားမိသည်။

ယွိဟွာသည် လူတိုင်းဘာစားရတာကြိုက်လဲ၊သူတို့ဘာတွေကိုစိတ်ဝင်စားတတ်လဲ ဆိုတာတွေကိုဂရုတစိုက်လေ့လာထားမှာဖြစ်ပြီး အသင့်တော်ဆုံးစားစရာတွေနဲ့ လူတိုင်းအနားယူနိုင်ဖို့သက်သောင့်သက်သာအရှိဆုံးပတ်ဝန်းကျင်ကိုပြင်ဆင်ပေးလိမ့်မည်ဖြစ်၏။သူတို့အကြိုက်ဆုံးစားစရာတွေကိုစားနိုင်မည့်အပြင် ဗိုက်ပြည့်သွားရင်လည်း ဧည့်ခန်းထဲမှာလျှောက်ကစားနေနိုင်ဦးမည်ဖြစ်သည်။ထိုအချိန်တွင် ယွိဟွာကတော့ တီဗွီဖွင့်ပြီးသတင်းနားထောင်နေကာ မိုးလေဝသခန့်မှန်းချက်၏ငါးဖမ်းလှေသီချင်းတေးသွားအတိုင်းလိုက်ပါစီးမျောနေရင်း ပန်းကန်ဆေးနေလိမ့်မည်ဖြစ်၏။

အစိုဓာတ်ရှိတဲ့အရာများ၏တိတ်ဆိတ်တဲ့နှစ်သိမ့်မှုကလူတိုင်း၏စိတ်ဝိညာဉ်ကိုအစိုဓာတ်ပေးနိုင်တယ်မဟုတ်ပါလား။သူတို့ကိုယ်ကိုအားပြန်သွင်းဖို့လိုလာတဲ့အချိန်တိုင်း ယုံကျန့်ဖင်၏အိမ်သို့အပြေးသွားကြပြီးထမင်းသွားစားလိမ့်မည်။အစားသွားစားပြီးနောက်တစ်နေ့တွင်တော့အားအင်အပြည့်နှင့်သူရဲကောင်းတစ်ဦးကဲ့သို့ပြန်ဖြစ်သွားမည်ပင်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now