Chapter - 5

1.6K 275 4
                                    


"ငါထင်ခဲ့တာ မင်းတို့မျိုးဆက်ရဲ့ကာကွယ်စောင့်ရှာက်သူတွေက ကောင်းချီးပေးခံထားရတယ်လို့လေ"

ယုံကျန့်ဖင်၏ခေါင်းဆောင်ဖြစ်သူ ဒါရိုက်တာရှောက်က ယုံကျန့်ဖင်ပေးပို့ထားသည့်အစီရင်ခံစာကိုကြည့်လိုက်ပြီးနောက် တည်ကြည်လေးနက်စွာပြောလာခဲ့၏။

ဒါရိုက်တာရှောက်သည် ယုံကျန့်ဖင်တို့၏တိုက်ရိုက်ခေါင်းဆောင်ဖြစ်ပြီး သူကိုတစ်ချိန်က "အသန်မာဆုံး ကာကွယ်စောင့်ရှောက်သူ" ဟုလည်းခေါ်တွင်ခဲ့ကြသည်။

သူသည် အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး သူ့၏ပုံသဏ္ဌာန်ကိုလည်းကောင်းကောင်းထိန်းသိမ်းထားပုံရ၏။သူသည်ပုံမှန်ရက်များတွင် ဘေးချင်းကပ်အိမ်ကဦးလေးကြီးတစ်ယောက်ကဲ့သို့ ကြင်နာတတ်ပြီး သူ့ရဲ့လူငယ်တစ်ယောက်၏စူးရှထက်မြက်မှုတွေကို နှစ်ပေါင်းများစွာသဲလွန်စများနှင့်စွန်းထင်းနေသည့် ဓားကဲ့သို့သောမျက်ခုံးတစ်စုံ၌သာမြင်နိုင်၏။

"ဖြစ်နိုင်ရင် မင်းဘဝမှာဖျက်ဆီးသူတွေနဲ့တွေ့ရမယ့်အခွင့်အရေး မရှိဖို့မျှော်လင့်တာ" ဒါရိုက်တာရှောက်ကဆိုလာ၏။

ယုံကျန့်ဖင်တို့လိုငယ်ရွယ်သေးတဲ့မျိုးဆက်တွေက ကာကွယ်စောင့်ရှောက်သူများဖြစ်ကြပေမဲ့ တကယ့်ဖျက်ဆီးသူအစစ်တွေကိုတော့မတွေ့ဖူးကြသေးပေ။ဖျက်ဆီးသူတွေရဲ့အကြောင်းတွေကိုစာအုပ်တွေထဲကသာလေ့လာခဲ့ရပြီး တကယ်
တိုက်ခိုက်ဖူးသည့်အတွေ့အကြုံကတော့မရှိကြသေးချေ။

ယုံကျန့်ဖင်ကတွန့်ဆုတ်စွာမေးလိုက်၏။

"ကျွန်တော့်ကို လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက အရန်ကာကွယ်စောင့်ရှောက်သူအဖြစ် ဒါရိုက်တာရွေးခဲ့တာလေ။အဲ့အချိိန်တုန်းက အနာဂတ်မှာကြောက်စရာကောင်းတဲ့ရန်သူတွေနဲ့ကြုံတွေ့ရလိမ့်မယ်လို့ ဒါရိုက်တာပြောခဲ့တယ်။ဒါပေမဲ့ ၁၅ နှစ်တောင်ကျော်သွားပြီ ကျွန်တော်တို့ ဖျက်ဆီးသူတစ်ယောက်တောင်မတွေ့ဖူးသေးဘူး။ဒါက ဘာကြောင့်များလဲ?"

ဒါရိုက်တာရှောက်ကခေါင်းယမ်းလိုက်ပြီးလေးနက်စွာပြန်ဖြေလာသည်။

"ငါလည်းမသိဘူး။လွန်ခဲ့တဲ့၁၅နှစ် ငါတို့ခေတ်တုန်းကတော့ကမ္ဘာပေါ်ကိုဖျက်ဆီးသူတွေခဏခဏလာခဲ့တယ်။သူတို့က လူတွေထဲမှာရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပုန်းနေတတ်ကြပြီး သူတို့ဖမ်းခံလိုက်ရရင် ကိုယ့်ဘာသာသတ်သေသွားကြတယ်လေ။အဲ့တာကြောင့် ငါတို့ ဖျက်ဆီးသူတွေနဲ့နှစ်ရာနဲ့ချီပြီးတိုက်ခိုက်ခဲ့ကြတာတောင် သူတို့နောက်ကွယ်ကအင်အားအကြောင်းကို အခုထိဘာတစ်ခုမှမသိရသေးတာဘဲ"

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now