Chapter - 41.1

1.9K 193 16
                                    


ကျန်းလီအတွက် ပွဲတစ်ခုသို့ဖိတ်ကြားခြင်းခံရခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ပွဲစီစဉ်သူများက သူ့အား သာမန်အသေးအဖွဲ့အင်တာနက်နာမည်ကြီးတစ်ဦး၏အခကြေးငွေထက်ပင် ပို၍မြင့်မားသောငွေကြေးဖြင့် ကမ်းလှမ်းခဲ့သည်။ကျန်းလီ အရမ်းစိတ်လှုပ်ရှားနေပြီး  Livestream ရှေ့၌ မိတ်ကပ်လိမ်းရန်အတွက် မနက် 6 နာရီတွင် ကုမ္ပဏီသို့အရောက်လာခဲ့သည်။

ထို့နောက် မနက်ခင်းစောစောစီးစီး ကြည့်ရှုနေသည့်ပရိသတ်များနှင့် စကားပြောဆိုသည်။ သူက

"ကျွန်တော် ဒီနေ့ ရှင်းချန်Mall မှာ အရောင်းမြှင့်တင်ရေးလုပ်ဖို့ရှိတယ်။ရွှိယန်ခရိုင်မှာရှိနေတဲ့ ပရိသတ်တွေ လာကြည့်လို့ရပါတယ်"

ယွမ်လော့ရစ်သည် ကြမ်းပြင်အား သန့်ရှင်းရေးအ၀တ်စုတ်ဖြင့်  ဒူးထောက်ကာသုတ်နေရင်း ရှင်းချန် Mall အကြောင်းကြားသောအခါ ကျန်းလီအား တိတ်တဆိတ် လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။

"မင်းရဲ့ပွဲက ရှင်းချန် Mall မှာလား?"

"ဟုတ်တယ်လေ..ရွှိယန်ခရိုင်မှာရှိတဲ့ အရမ်းနာမည်ကြီးတဲ့ကုန်တိုက်တစ်ခုပဲ!" ကျန်းလီက ဝမ်းသာအားရပြောသည်။

"ငါတို့လည်း အခုနာမည်ကြီးလာပြီလေ။မင်းငါနဲ့ အတူလိုက်လာချင်လား? သူတို့က မင်းကိုတော့မဖိတ်ထားပေမဲ့ ငါ့ရဲ့ခရီးဆောင်အိတ်ကို လိုက်ကူသယ်ပေးလို့ရတယ်လေ။ကုန်တိုက်က အဝတ်အစားတွေတော့ ပေးထားပေမယ့် သူတို့ကနည်းနည်းရုပ်ဆိုးလို့ ငါအကြိုက်ဆုံး ဝတ်စုံသုံးစုံကိုယူလာဖို့ စီစဉ်နေတာ"

ယွမ်လော့ရစ်၏အကြည့်က ကျန်းလီ၏ခြေရင်းရှိ ခရီးဆောင်အိတ်ပေါ် သို့ ကျရောက်သွားပြီး သူမနေနိုင်ပဲပြောလိုက်သည်။

"စျေးပေါတာတွေပဲ ယူလာ"

" ဒီလိုလုပ်လို့ ဘယ်ရပါ့မလဲ! ကုန်တိုက်က ငါ့ကိုပိုက်ဆံတွေ အများကြီးပေးတာလေ။ငါသူတို့အပေါ် သစ္စာတော့ ရှိမှရမှာပေါ့။ဒါကြောင့် ငါအကြိုက်ဆုံး ဝတ်စုံသုံးစုံကို ယူလာပေးလိုက်မယ်" ကျန်းလီက ယွမ်လော့ရစ်အား တောက်ပစွာ ပြုံးပြလိုက်သည်။ဒီကမ္ဘာမှာနေရတာ တကယ်ကိုအံ့သြစရာကောင်းသည်ဟု သူထင်သည်။သူက ရုပ်ရည်လေးလည်းချောမောပြီး အဝတ်အစားတွေလည်းရှိသည့်အပြင် အရသာရှိသောအစားအစာတွေကိုလည်း အများကြီးစားနိုင်သေးသည်။ထို့အပြင် သူ့အားသဘောကျသည့်ပရိသတ်တွေလည်းရှိသေးသည့်အပြင် ငွေကုန်ကြေးကျခံပြီး သူ့ကိုပွဲတစ်ခုမှာပါဝင်ပေးဖို့ ကမ်းလှမ်းခဲ့သည့် ကုန်တိုက်တစ်ခုတောင် ရှိသေးသည်။

You've reached the end of published parts.

⏰ Last updated: Mar 25, 2022 ⏰

Add this story to your Library to get notified about new parts!

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now