Chapter - 20

940 223 5
                                    


လျန်ယွီဖန် မေးကြည့်ချင်မိသည်။အဖွဲ့လိုက်လေ့ကျင့်တဲ့အချိန်တုန်းက ရွှိယန်ခရိုင်အဖွဲ့မှာ ပြဿနာတစ်ခုခုများရှိခဲ့လားလို့လေ?ဘာလို့ တစ်ယောက်ကလေးတောင်မှ အဓိကအချက်ကို မဖမ်းဆုပ်နိုင်ကြရတာလဲ? ဒါက ပိုက်ဆံတွေ မုန့်တွေနဲ့ ပက်သက်နေတဲ့ ကိစ္စလား?

သူထင်ခဲ့တာက ဒီအဖွဲ့ထဲမှာ စန်ရှောင်းတစ်ယောက်ကတော့ သာမန်လူပဲလို့လေ။ဘာလို့ သူကပါ အသုံးမကျဖြစ်နေရတာလဲဟ?

"အဟမ်း!" ဒါရိုက်တာရှောက်က ချောင်းတစ်ချက်ပြင်းပြင်းလေးဆိုးလိုက်ကာ အခြေအနေတစ်ခုလုံးကို ထိန်းချူပ်လိုက်၏။
"လူတိုင်း ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာဆက်ဆံရေးတွေကို ဘေးချိတ်ထားပြီး ခေါင်းဆောင်လျန်ရဲ့အစီရင်ခံစာကို ဂရုတစိုက်နားထောင်ပေးကြပါ"

ထိုမှသာ ရွှိယန်ခရိုင်အဖွဲ့လည်း ငြိမ်ကျသွားတော့သည်။ယုံကျန့်ဖင်နှင့်စန်ရှောင်းသာမကပဲ​ အဖွဲ့၏အခြားအဖွဲ့ဝင်ငါးဦးကပါ ဖုန်းအားတွေ့မြင်လိုက်ရစဥ်တွင် ငိုချင်းချခဲ့ကြတာဖြစ်သည်။

သူတို့ဒီဖုန်းလေးကို ဝယ်ဖို့အတွက် ဘယ်လောက်တောင် ခက်ခက်ခဲခဲကြိုးစားခဲ့ရသလဲလို့ !

လျန်ယွီဖန်ကဆို၏။
"ဒီမှာအဓိကအချက်က...ယွိဟွာကဘာလို့ ဒီဖုန်းကိုခွဲပစ်ရတာလဲ? သာမန်လူတစ်ယောက်ကတော့ သူ့လက်နဲ့သူ ဖုန်းတစ်လုံးကို ဒီလိုပုံစံဖြစ်အောင်မခွဲနိုင်ဘူးလေ။သူက တူ သို့မဟုတ် အခြားလေးလံတဲ့ကိရိယာတစ်ခုခုကို အသုံးပြုပြီး ဖုန်းကိုရိုက်ခွဲခဲ့တယ်လို့ ကျွန်တော်ကတော့သံသယရှိပါတယ်။အကယ်လို့သူသာတကယ် ဖုန်းကိုခွဲဖို့ ကိရိယာတစ်မျိုးမျိုးကိုအသုံးပြုခဲ့တာဆိုရင်တော့ ဒါကမတော်တဆမှုတစ်ခုမဟုတ်တော့ဘူး။တမင်ရည်ရွယ်ချက် ရှိရှိကိုလုပ်ခဲ့တာပဲ"

"ကျွန်တော်ကတော့ ဖုန်းကွဲသွားတယ်ဆိုတဲ့အချက်ကိုက ယွိဟွာကဖျက်ဆီးသူမဟုတ်ဘူးဆိုတဲ့ သက်သေလို့ထင်ပါတယ် "ယုံကျန့်ဖင်က အလေးအနက်ထားကာရှင်းပြသည်။

"ကျန်းလီရဲ့ ဖုန်းနဲ့ပက်သက်ပြီး ကျွန်တော်တို့ရဲ့စုံစမ်းစစ်ဆေးချက်အရတော့ ဖျက်ဆီးသူတွေရဲ့ဖုန်းတွေမှာ ကျွန်တော်တို့မမြင်နိုင်တဲ့ app တစ်ခုကိုတပ်ဆင်ထားပါတယ်။အကယ်၍ အဲ့ဒီ app သာရှိနေရင် လူသားတစ်ယောက်ရဲ့စွမ်းအားနဲ့တော့ ဖုန်းကိုခွဲပစ်ဖို့ နည်းလမ်းမရှိပါဘူး။ကျန်းလီကို စစ်ဆေးမေးမြန်းနေတုန်းကလည်း ကျွန်တော်တို့ ဆယ်တန်ရှိတဲ့အင်အားကိုအသုံးပြုပြီး ဖုန်းကိုခွဲကြည့်ကြသေးတယ်မလား။ဖျက်ဆီးသူတွေရဲ့ဖုန်းမှာ ပင်လယ်ရေမျက်နှာပြင်အောက် မီတာတစ်သောင်း သို့မဟုတ် အဲ့ထက်ပိုတဲ့ရေဖိအားကိုတောင် ခံနိုင်ရည်ရှိတဲ့၊ထောက်လှမ်းလို့မရနိုင်တဲ့ ပါဝါဒိုင်းတစ်ခုရှိတယ်ဆိုတာ ထင်ရှားပါတယ်"

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now