Chapter - 38

697 141 7
                                    


ဤအချိန်တွင် ဒါရိုက်တာရှောက်သည် ကာကွယ်စောင့်ရှောက်သူများအား ဖျက်ဆီးသူ ၁၉၂ ၏စွမ်းရည်အကြောင်းကို ခွဲခြမ်းစိတ်ဖြာပြနေ၏။

"ဖျက်ဆီးသူတွေမှာ တိုက်ခိုက်မှုပုံစံအမျိုးမျိုးနဲ့ အဆုံးမရှိတဲ့စွမ်းရည်စီးကြောင်းတွေ ရှိကြတယ်ဆိုတာကို မင်းတို့လေ့ကျင့်ရေးစခန်းမှာတုန်းက သင်ခဲ့ပြီးကြပါပြီ။သူတို့ရဲ့တိုက်ခိုက်မှုတွေက ကာကွယ်ဖို့ခက်ခဲတယ်။ဒါပေမယ့် သူတို့ရဲ့ items တွေနဲ့ အသုံးပြုတဲ့စွမ်းရည်တွေအားလုံးက ဗဟိုချက်တစ်ခုကိုပဲ ဝန်းရံနေကြတာ။ပြီးတော့ အဲ့ဗဟိုချက်ကမှ သူတို့ရဲ့မူလစွမ်းရည်ပဲ"

"တကယ်တော့ သူတို့ရဲ့မူလစွမ်းရည်က ကာကွယ်စောင့်ရှောက်သူတွေရဲ့စွမ်းရည်ပုံစံနဲ့ ကွဲပြားတယ်။ဥပမာပြောရရင် စန်ရှောင်းရဲ့မီးစွမ်းရည်ကိုပဲ ကြည့်ကြပါစို့။သူက ဓာတ်ဆီဗုံးတွေနဲ့ အခြားအပူလက်နက်တွေကို အသုံးပြုပြီး သူ့စွမ်းအားကိုတိုးမြှင့်အောင် လုပ်နိုင်တယ်။ပြီးတော့ ထောက်ကူပစ္စည်းတွေအားလုံးကိုလည်း မီးစွမ်းရည်ဗဟိုချက်အပေါ်မူတည်ပြီး ရွေးချယ်တယ်။နောက်ထပ်ဥပမာတစ်ခုကိုပေးရမယ်ဆိုရင်တော့ လျန်ယွီဖန်မှာ ပြန်လည်ပြုပြင်နိုင်စွမ်းရှိတာကြောင့် တိုက်ပွဲမစခင်မှာ ပတ်ဝန်းကျင်ကို အရင်လေ့လာထားပြီး သေစေနိုင်တဲ့ပစ္စည်းအချို့ကိုအရင်ဖျက်ဆီးတယ်။ပြီးရင် အဲ့အရာတွေရဲ့အလွန်သေးငယ်တဲ့အစိတ်အပိုင်းတွေကို သူ့ခန္ဓာကိုယ်ပေါ်မှာ တင်ထားတတ်တယ်။သူဒီလိုအလေ့အကျင့်တစ်ခုကိုမွေးမြူထားပြီး အချိန်မရွေး မထင်မှတ်ထားပဲ တိုက်ခိုက်နိုင်တယ်"

"ဖျက်ဆီးသူတွေလည်း ဒီလိုပါပဲ။သူတို့က သူတို့ရဲ့ items တွေကို ကုသခြင်း၊ လွတ်မြောက်ခြင်းနဲ့ အကူအညီဆိုပြီး အမျိုးအစားသုံးမျိုးခွဲထားကြတယ်။ကုသခြင်းနဲ့ လွတ်မြောက်ခြင်းက ငါတို့ရဲ့ဆေးဝါးကုသမှုတွေရယ် သယ်ယူပို့ဆောင်ရေးနည်းလမ်းတွေရယ်နဲ့ အလားတူပဲ။ဒါပေမဲ့ သူတို့ရဲ့နည်းပညာတွေက ငါတို့ရဲ့လက်ရှိနည်းပညာထက်တော့ အဆင့်ပိုမြင့်ပြီး ကုသခြင်းနဲ့ လွတ်မြောက်ခြင်းတို့နှစ်ခုရဲ့ အရှိန်ကပိုမြန်တယ်။ဒါပေမယ့် ငါတို့သတိအမြဲရှိနေပြီး သူတို့ဒဏ်ရာရသွားတာကြောင့်နဲ့သတိပေါ့လျော့သွားတာမျိုး မရှိသရွေ့ ဖျက်ဆီးသူတွေရုတ်တရက်ပြန်လည်ကုသတာတို့...ရုတ်တရက်လွတ်မြောက်သွားတာတို့ကနေ အောင်မြင်စွာကာကွယ်နိုင်လိမ့်မယ်။နှစ်တွေကြာလာတာနဲ့အမျှ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့လည်း ဒီ items နှစ်ခုနဲ့ပက်သက်ပြီး တော်တော်လေးကို အကျွမ်းတဝင်ရှိနေလောက်ပါပြီ"

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now