Chapter - 32

765 174 3
                                    


သူ့ခင်ပွန်းက သူ့အားပွေ့ဖက်လိုက်ချိန်တွင် ယုံကျန့်ဖင်သည် အအေးဓာတ်က သူ့ခါးမှတစ်ဆင့်သူ့ခြေလက်များအထိ ပျံ့နှံ့သွားသလို ခံစားလိုက်ရ၏။တောရိုင်းတိရိစ္ဆာန်၏ဗီဇက တစ်ခုခုမှားနေပြီဟု ယုံကျန့်ဖင်အား ပြောပြနေသည်။

သူဘာလို့ ဒီလိုမျိုး ခံစားနေရတာလဲ?

ယုံကျန့်ဖင်က သူ့ရဲ့ဆဋ္ဌမအာရုံကို အမြဲယုံကြည်ခဲ့သည်။တကယ့်တိုက်ခိုက်ရေးလေ့ကျင့်ရေးများတွင် ဤကဲ့သို့သောခံစားချက်မျိုးက ယုံကျန့်ဖင်အား ထောင်ချောက်များကို ရှာဖွေတွေ့ရှိစေခဲ့ပြီး လွတ်မြောက်ဖို့အတွက် အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သည်။

သူ သူ့ရဲ့ဦးနှောက်ကို လျင်မြန်စွာအသုံးချလိုက်ပြီး သူ့မျက်လုံးထောင့်မှတစ်ဆင့် အနီးအနားတစ်ဝိုက်ကို စူးစိုက်ကြည့်ကြည့်လိုက်ရာ လျန်ယွီဖန်က စွန်းထင်းနေသောမီးခိုးရောင်ဘောင်းဘီအား ပြောင်ပြောင်တင်းတင်း ဝတ်ထားသည်ကို တွေ့လိုက်ရသည်။

ယွိဟွာက လျန်ယွီဖန်အား အတူတူသွားစားကြဖို့ ဖိတ်ကြားလိုက်သောအခါတွင် ယုံကျန့်ဖင် ချက်ချင်းထိတ်လန့်သွားပြီး အတင်းပြုံးကာ ခေါင်းခါ၍ ငြင်းလိုက်သည်။

"မလိုပါဘူး...ဟုတ်တယ်မလား?ငါတို့က တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမသိကြသေးဘူးလေ"

"ဘာလို့အဲ့လိုပြောတာလဲ?ငါတို့က တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းမသိကြသေးဘူး?" ယွိဟွာက ပြုံး၍ပြောလိုက်သည်။

"မင်းက ငါ့ရဲ့ မိသားစုဝင်လေ။မင်းနဲ့စန်ရှောင်းက နှစ်အတော်ကြာအောင် အခင်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတာ။စန်ရှောင်းကလည်း ငါ့သူဌေးကို သိတယ်။မန်နေဂျာလျန်ကလည်း သူဌေးကျန်းနဲ့စန်ရှောင်းကို ကူညီပေးဖို့ရည်ရွယ်ချက်နဲ့ အပြေးရောက်လာခဲ့တဲ့ ဝန်ထမ်းအသစ်လေးတစ်ယောက်။ငါတို့ရဲ့ ဆက်သွယ်မှုတွေက ရှင်းလင်းပါတယ်။ငါတို့အချင်းချင်းပိုပြီးရင်းနှီးလာကြဖို့ အတူတူထိုင်ပြီး ညစာစားကြတာပေါ့။ဒါကို ငါတို့ရဲ့ကုမ္ပဏီအသစ်အတွက် အဖွဲ့တည်ဆောက်မှုတစ်ခုအနေနဲ့လည်း မှတ်ယူနိုင်တယ်လေ။ဟုတ်တယ်မလား သူဌေးကျန်း?"

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now