Chapter - 18

922 213 7
                                    

ဝမ်းနည်းပူဆွေးနေကြသော အနှီခင်ပွန်းသည်နှစ်ယောက် ကုမ္ပဏီမှထွက်ခွာသွားပြီးနောက် ကျန်းလီသည် အနာဂတ်တွင် မည်သို့ပိုက်ဆံရှာရမည်ဖြစ်ကြောင်းကို အလေးအနက်စဉ်းစားခဲ့၏။

ယွိဟွာက သူ့အား အချိန်သုံးနှစ်သာပေးခဲ့သည်။သို့သော် ယွမ်သန်းတစ်ရာရှာရမည့် သုံးနှစ်တော့မဟုတ်ပဲ ယွိဟွာအားယွမ်သန်းတစ်ရာ ပေးရမည့်သုံးနှစ်ပင်။ထိုနှစ်ခုက အခြေခံအားဖြင့်တော့ ကွဲပြားပါ၏။

စာချူပ်အရဆိုလျှင်တော့ ယွိဟွာ၏လစာက အရမ်းမမြင့်ပေ။အခုမှ အလုပ်စဝင်ခါစ ဝန်ထမ်းတစ်ယောက်ကို လစာအမြင့်ကြီးပေးဖို့ကတော့ ယုတ္တိမရှိဘူး မဟုတ်ပါလား။သူ ယွိဟွာကို တစ်နှစ်မှာယွမ်တစ်သန်းပေးရင်တောင် သုံးနှစ်အတွင်းယွမ်းသန်းတစ်ရာ ခဝါချဖို့ကတော့မဖြစ်နိုင်ပါချေ။

တကယ်လုပ်ရကျိုးနပ်တာကတော့ ယွိဟွာ၏ 40% သော ရှယ်ယာပင်ဖြစ်၏။၎င်းက ယွိဟွာ၏လစာမဟုတ်ဘဲ ကုမ္ပဏီ၏ဝင်ငွေသာဖြစ်သည်။

ထို့ကြောင့် သန်းတစ်ရာရနိုင်ဖို့အတွက် ကုမ္ပဏီကိုသာ အောင်မြင်အောင် လုပ်မှရတော့မည်ပင်။

ကုမ္ပဏီကို အောင်မြင်အောင်လုပ်ဖို့ ကျန်းလီစဉ်းစားမိသည့် တစ်ခုတည်းသောနည်းလမ်းမှာ သူ့ရုပ်ရည်ကို ရောင်းစားဖို့သာဖြစ်သည်။

သို့သော်ယခုမူ ရက်စက်သောစကားလုံးများရေးထားသော မှန်သေးသေးလေးတစ်ချပ်က သူ့အရှေ့၌ပေါ်လာလေသည်။

သူနှင့်ယွိဟွာသည် ငွေရှာမည့်နည်းလမ်းကို ပြေလည်အောင် ညှိနှိုင်းခဲ့ပြီးကြပြီဖြစ်သော်လည်း ယခုတော့ ယွိဟွာကသူ့မျက်နှာကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ဖို့ပြောနေသည်။မျက်နှာပျက်စီးသွားရင် သူဘယ်လိုပိုက်ဆံရှာရမတုန်း?

ကျန်းလီခမျာ အလွန်အမင်း ပူပန်သောကရောက်နေတော့သည်။သူ့အရှေ့က မှန်အလွတ်ကို ကြည့်ပြီးပြောလိုက်သည်မှာ

"တခြားနည်းလမ်းကို စဉ်းစားလို့ မရဘူးလားဟင်? ကျွန်တော်....တခြားတစ်ယောက်နဲ့ Ship ခံရအောင်လုပ်လိုက်မယ်လေ....ဒါမှမဟုတ် နိုက်ကလပ်မှာ သွားသောက်ပြီး မိန်းမတွေကို ကြိုက်သလို ဟန်ဆောင်လိုက်မယ်... မဟုတ်ဘူး၊အစကတည်းက ယောက်ျားတွေကိုမှ မကြိုက်တာ...ဘယ်သူ့ကိုမှလည်း မကြိုက်ဘူး။ဘာလို့ ရုပ်ပျက်ဆင်းပျက် ဖြစ်အောင်လုပ်မှဖြစ်မှာလဲ?"

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now