Chapter - 15

991 216 6
                                    


သံသယကင်းရှင်းစေရန်အလို့ငှာ ယုံကျန့်ဖင်သည် စုံစမ်းစစ်ဆေးမှုတွင် လက်ရှောင်လိုက်ရုံသာမက သူတို့အဖွဲ့၏နာနိုနည်းပညာသုံးမျက်နှာဖုံးများကိုပါ လျန်ယွီဖန်၏အဖွဲ့ဆီသို့ လွှဲပြောင်းပေးခဲ့ရသည်။အကြောင်းမှာ ကျန်းလီ၏ရှေ့၌ သူတို့၏ နာနိုနည်းပညာသုံးမျက်နှာဖုံးတွေကို ပြထားပြီးပြီဖြစ်လို့ပင်။မျက်နှာဖုံးအသစ်များကို ဖြုန်းတီးပစ်မည့်အစား ဤမျက်နှာဖုံးများမှာ ရွှိယန်ခရိုင်ကာကွယ်သူများနှင့်လည်း ကိုက်ညီနေသည်ဖြစ်ရာ ၎င်းတို့ကိုဆက်သုံးခြင်းက ပိုကောင်းမည့်အပြင် ယုံကျန့်ဖင်တို့အဖွဲ့၏ အထောက်အထားများကို ဖုံးကွယ်ရန်အတွက်ပါ အထောက်အကူ ပြုနိုင်မှာဖြစ်၏။

ယုံကျန့်ဖင်သည် မျက်နှာဖုံးထည့်ထားသည့်ပုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထား၏။လျန်ယွီဖန်က ပုံးကိုယူဖို့ လက်လှမ်းခဲ့သော်လည်း ယုံကျန့်ဖင်က လက်မလွှတ်ပေးချေ။

ဒါရိုက်တာရှောက်၊ စန်ရှောင်းနှင့် အခြားသူများက ပုံးကိုကိုင်ထားပြီးမလွှတ်ပေးသည့် ယုံကျန့်ဖင်အား တစ်ပြိုင်နက်ကြည့်လိုက်ကြသည်။

လျန်ယွီဖန်က သူ့လက်များကိုမြှောက်ကာ ပုံးကိုဆွဲလိုက်သော်လည်း သူ၏ခွန်အားမှာ ယုံကျန့်ဖင်နှင့်မယှဉ်နိုင်ဟု ခံစားလိုက်ရသဖြင့် ယဉ်ကျေးစွာ ပြုံးလိုက်ပြီး

"ခေါင်းဆောင်ယုံ.... ကျွန်တော်က ဒီမျက်နှာဖုံးကို ခဏပဲငှားတာပါဗျာ။စုံစမ်းစစ်ဆေးမှုပြီးသွားတဲ့အခါကြရင် ရွှိယန်ခရိုင်က ခင်များရဲ့တာဝန်ပါပဲ"

ယုံကျန့်ဖင်က အံတင်းတင်းကြိတ်ပြီး ပြန်ပြောလိုက်သည်။

"ယွိဟွာက အစားထိုးခံရတာ မဟုတ်ဘူး။ငါ သူနဲ့အတူနေလာတာ နှစ်တွေအကြာကြီးရှိနေပြီ။ငါ့ရဲ့လက်တွဲဖော်က တခြားလူတစ်ယောက်ဖြစ်သွားတာကိုတောင် ငါကမသိဘူးလို့ မင်းထင်နေလား?"

ဘေးကလူတွေက ယုံကျန့်ဖင်၏ပြတ်သားနေသောအကြည့်ကို မြင်လိုက်ကြရာ သူ၏ထင်မြင်ချက်ကို ယုံကြည်သင့်သည်ဟု ခံစားလိုက်ကြရ၏။

လျန်ယွီဖန်ကတော့ ယုံကျန့်ဖင်နှင့် မတူညီပေ။ယုံကျန့်ဖင်သည် ကိစ္စတိုင်းကို ပွင့်ပွင့်လင်းလင်းနှင့် တည့်တိုးလုပ်တတ်သူဖြစ်၏။သူကြိုက်ရင် ကြိုက်တယ်၊ မကြိုက်ရင် မကြိုက်ဖူး သာဖြစ်ပြီး သူ့ရဲ့ခံစားချက်တွေက အရမ်းရိုးသားလှသည်။တစ်ဖက်က လျန်ယွီဖန်ကတော့ နည်းလမ်းတကျနှင့် ယဉ်ကျေးစွာပြောဆို ပြုမူတတ်သူဖြစ်ရာ သူက..

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now