Chapter - 36

694 152 8
                                    


"ကျွင်းကျွင်း..မကြောက်နဲ့...အာ...ပါးပါးဒီမှာရှိတယ်နော်"

မှုခင်းရဲမှူးသည် ဒါရိုက်တာရှောက်၏ ညွှန်ကြားချက်အတိုင်း ကလေးငယ်အား နှစ်သိမ့်ပေးနေခဲ့သည်။ယုံကျန့်ဖင်နှင့်စန်ရှောင်းတို့ တာဝန်ထမ်းဆောင်နေစဥ်၌ ကလေးငယ်၏ကြောက်ရွံ့မှုကြောင့် အဟန့်အတားမဖြစ်စေချင်ပေ။

သို့သော် ကလေးလေး ကျွင်းကျွင်းက သူ့ပါးပါးကိုမြင်သည်နှင့် ကျယ်လောင်စွာငိုလေတော့သည်။

"ပါးပါး ပါးပါး"

"သူ့ကို မလှုပ်စေနဲ့"

ဒါရိုက်တာရှောက်က အမိန့်ပေးသည်။

"ဒီအချိန်မှာ သူတို့နှစ်ယောက်ကိုကူညီပေးနိုင်မယ့် အကောင်းဆုံးအရာက ကလေးကိုမလှုပ်စေဖို့ပဲ"

မှူခင်းရဲမှူးသည် အခက်အခဲအမျိုးမျိုးနှင့်ကြုံတွေ့ခဲ့ရဖူးသော်လည်း သူ့သားအရင်းက ဓားစာခံဖြစ်နေသည်အား မြင်လိုက်ရသည့်အချိန်တွင်တော့ တုန်တုန်ယင်ယင်ဖြစ်နေခြင်းအား တားဆီး၍မရနိုင်တော့ပေ။သူ့နဖူးတစ်ခုလုံးက ချွေးများဖြင့် ရွှဲရွှဲစိုနေပါသော်လည်း ကြောက်ရွံမှုကို ကြံ့ကြံ့ခံကာ သူ့သားလေးအား အဝေးမှလှမ်း၍ပြောလိုက်သည်။

"ကျွင်းကျွင်း...ပါးပါးနဲ့အတူတူ ကစားခဲ့တဲ့ 'သစ်သားလူကြီး' ဂိမ်းကိုမှတ်မိသေးလား? ပါးပါးက '၁ ၂ ၃' လို့အော်လိုက်တာနဲ့ သားကသားရဲ့မျက်လုံးကိုမှိတ်ထားရပြီး ပါးပါးကသားကိုမထိမချင်း လှုပ်လို့မရဘူးလေ။သားအနိုင်ရရင်..ပါးပါးကသားကို ဟမ်ဘာဂါ၊ ကြက်ကြော်နဲ့ အာလူးကြော်တွေ လိုက်ဝယ်ကျွေးမယ်!"

ကံကောင်းထောက်မစွာဖြင့် မှုခင်းရဲမှူး၏သားက သန်မာသောကလေးတစ်ယောက် ဖြစ်နေခဲ့သည်။သူနားမလည်ပါသော်လည်း သူ့ပါးပါးက သူ့အားတိုက်တွန်းနေမှန်းကိုတော့ သူသိသည်။ကျွင်းကျွင်းက ငိုနေရင်းပြန်ပြောလိုက်၏။

"coke လည်းသောက်ချင်တယ်"

"ဒါပေါ့....ဒါပေါ့....ပါးပါးအကုန်ဝယ်ကျွေးမယ်နော်! အခုမလှုပ်တော့နဲ့...ဟုတ်ပြီလား...ပါးပါးစရေတွက်ပြီနော်....၁ ၂ ၃....သစ်သားလူကြီး!"

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now