Chapter - 1

3.6K 438 16
                                    


မနက် ၅နာရီ ၅၉မိနစ်တွင် ယွိဟွာတစ်ယောက်
နှိုးစက်နာရီမမြည်ခင် တစ်မိနစ်အလို၌ အချိန်မီနိုးထလာခဲ့သည်။ သူသည် နှိုးစက်ကို ပိတ်လိုက်ပြီး တိတ်ဆိတ်ညင်သာစွာ အိပ်ရာမှထလိုက်သည်။ ထိုနှိုးစက်သံသည် သူ၏ဘေးတွင် အိပ်နေသော ယုံကျန့်ဖင် ကိုမူလုံးဝသက်ရောက်မှုမရှိပေ။ထိုသူမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မြဲ အိပ်ပျော်နေဆဲသာဖြစ်၏။

ယွိဟွာသည် အသက်၂၇နှစ် ရှိပြီဖြစ်ပြီး ယုံကျန့်ဖင်၏ လက်တွဲဖော်လည်းဖြစ်သည်။သူသည် တရုတ်နိုင်ငံရှိ ထိပ်တန်းကောလိပ် ၃ ကျောင်းထဲမှ တစ်ကျောင်း၌ဘွဲ့ရရှိထားပြီး နာမည်ကြီးငွေကြေးကုမ္ပဏီတစ်ခု၏ နှစ်စဉ်လစာ သိန်းတစ်ရာမှ တစ်သန်းထိရရှိထားသော လူ့စွမ်းအားအရင်းအမြစ် ( HR ) ဒါရိုက်တာတစ်ဦးဖြစ်ခဲ့သည်။ သူရှောင်လွှဲ၍ မရနိုင်သောတွေ့ဆုံပွဲများ ကုမ္ပဏီလုပ်ငန်းဆောင်တာများနှင့် အခြားအလုပ်ကိစ္စများသာ မရှိလျှင် နေ့တိုင်း ညနေ ၆ နာရီ တိတိတွင် အိမ်ပြန်လေ့ရှိခဲ့၏။ ည ၁၁ နာရီမတိုင်မီ အိပ်ရာဝင်တတ်ပြီး နံနက် ၆ နာရီ နှိုးစက်မမီခင် တစ်မိနစ်သို့မဟုတ်နှစ်မိနစ်အလိုတွင် အိပ်ရာမှ နိုးတတ်သည်။
နေ့ခင်းနေ့လည်အချိန်များတွင်တော့ အလုပ်အခြေအနေပေါ် မူတည်ကာ နာရီဝက် သို့မဟုတ် တစ်နာရီခန့် အနားယူလိမ့်မည်ပင်။

သူသည် သူ၏အသက်နှင့်မလိုက်အောင်ပင် ရင့်ကျက်တည်ငြိမ်မှုရှိသည်။ သူ၏ နက်ရှိုင်းသောမျက်ဝန်းများထဲတွင် ဖုံးကွယ်ထားသောလျှို့ဝှက်ဇာတ်လမ်းများစွာ ရှိနေပုံလည်းရ၏။ တစ်နှစ်ပတ်လုံး လေ့ကျင့်ခန်းပုံမှန်လုပ်သောကြောင့် ပြီးပြည့်စုံသော ခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ဖြောင့်မတ်သပ်ရပ်သည့်အနောက်တိုင်းဝတ်စုံက သူ၏ကျစ်လစ်သော ကြွက်သားများကိုဖုံးကွယ်စေရုံသာမက သူ၏ဟော်မုန်းများကိုပါ ထိန်းချုပ်ထားသလိုဖြစ်စေသည်။

ယွိဟွာသည် အချက်အပြုတ်အလွန်ကောင်းသူလည်းဖြစ်၏ ။ သူသည် မနက်စောစောထ၍ ယုံကျန့်ဖင်အတွက် အရသာရှိကောင်းမွန်သော မနက်စာပြင်ဆင်ပေးရတာကို သဘောကျသည်။ ယုံကျန့်ဖင်က သူပြင်ဆင်ပေးထားတဲ့ မနက်စာကို အရသာရှိရှိစားနေတာကိုမြင်တဲ့အခါတိုင်း သူ၏နှလုံးသားထဲတွင် ရှင်သန်ရခြင်း၏ပျော်ရွှင်မှုတို့ တရိပ်ရိပ်မြင့်တက်လာသည်ကို ခံစားမြဲဖြစ်၏။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now