Chapter - 32.5

715 162 8
                                    


သူတို့ သန့်စင်ခန်းထဲသို့ဝင်သွားချိန်တွင် ယုံကျန့်ဖင်က လျန်ယွီဖန်အား နံရံဆီသို့တွန်းထုတ်ပစ်လိုက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။

"မင်းဘာလို့ အဲ့ဘောင်းဘီကိုဝတ်လာခဲ့တာလဲ?ဒီလိုမျိုး မင်းရဲ့ ID ကိုပေါ်သွားစေနိုင်တဲ့ အရာတစ်ခုကို ဘာလို့မလွှင့်ပစ်သေးတာလဲ?မင်းမှာအကြောင်းပြချက်တစ်ခုခုရှိလို့ မလွှင့်ပစ်သေးတာဆိုရင်လည်း ဒီလိုအချိန်မျိုးမှာတော့ မဝတ်လာသင့်ဘူးလေ!"

"ငါအဲ့ဘောင်းဘီကို တမင်သက်သက် ငါ့အဝတ်တွေကြားထဲမှာ ပစ်ထားခဲ့တာ"
လျန်ယွီဖန်က ယုံကျန့်ဖင်အား တင်းမာခက်ထန်စွာပြန်ပြောသည်။

"ငါ့ကိုယ်ငါ အဲ့ဘောင်းဘီကို အချိန်မရွေး ရွေးချယ်မိနိုင်အောင် လုပ်ထားရုံသက်သက်ပဲ"

"ဘာအတွက် အဲ့လိုလုပ်ထားတာလဲ?မင်းရဲ့ ID ကိုဖော်ထုတ်ဖို့အတွက်လား?" ယုံကျန့်ဖင်ကပြောသည်။

"ဟုတ်တယ်!" လျန်ယွီဖန်က ခိုင်မာစွာပြန်ပြောသည်။

"သူတို့ ငါ့ရဲ့ID ကိုအချိန်မရွေးဖော်ထုတ်စေနိုင်ဖို့အတွက်...ဟိုနေ့က အပန်းဖြေဥယျာဉ်မှာရှိခဲ့တဲ့ကာကွယ်စောင့်ရှောက်သူက ငါဆိုတာကို ဖော်ထုတ်နိုင်စေဖို့အတွက် လုပ်ထားတာကွ!"

စန်ရှောင်းက ဘေး၌လက်ပိုက်ကာရပ်နေသည်။သူက အချစ်ရူးယုံကျန့်ဖင်ထက်စာလျှင် ပိုတည်ငြိမ်နေလေ၏။သူ ခေါင်းဆောင်ယုံကျန့်ဖင်အား အဝေးသို့ဆွဲထုတ်ပစ်လိုက်ကာ လျန်ယွီဖန်အားပြောလိုက်သည်။

"ဘာလို့ အဲ့လိုစွန့်စားချင်နေရတာလဲ?"

"ဘာလို့လဲဆိုတော့....ဘယ်နေရာမှာ ပုန်းလို့ပုန်းနေမှန်းလည်းမသိသလို IDအစစ်အမှန်ကိုလည်းမသိရသေးတဲ့ ဖျက်ဆီးသူနောက်တစ်ယောက်က ဒီကမ္ဘာပေါ်မှာရှိနေလို့်ပဲ!"
လျန်ယွီဖန်ကပြောသည်။

"အပန်းဖြေဥယျာဥ်နေ့တုန်းက အနက်ရောင်ဝတ်လုံနဲ့လူက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ငါတို့အားလုံး တွေ့ခဲ့ကြတယ်။ကိုယ့်ကိုယ်ကို မေးကြည့်ကြစမ်းပါ။အကယ်လို့ အဲဒီ့လူနဲ့သာ ရင်ဆိုင်တိုက်ခိုက်ရမယ်ဆိုရင် ငါတို့သူ့ကို တစ်ချက်ကလေးတောင် ထိခိုက်အောင်လုပ်နိုင်ပါ့မလား?"

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now