Chapter - 26

839 194 2
                                    


ဒီမဖွင့်လှစ်ရသေးတဲ့ကမ္ဘာကြီးမှာ ဘာလို့ ဖြတ်သန်းသူတွေအများကြီးကို ဆုံးရှုံးခဲ့ရတာလဲ? ကြည့်ကောင်းသည့်ဦးလေးမျက်နှာဖြင့် ယုံကျန့်ဖင်၏ ရက်စက်စွာ ရိုက်နှက်ခြင်းကိုခံခဲ့ရပြီးနောက် ယွမ်လော့ရစ်နားလည်သွားတော့သည်။

ပထမတစ်ချက်မှာ ဤမဖွင့်လှစ်ရသေးသောကမ္ဘာကြီးအား စူးစမ်းလေ့လာရမည့်မစ်ရှင်ကို လုပ်ဖို့ငြင်းဆန်ခြင်း သို့မဟုတ် ကျရှုံးခြင်းတို့မှာ ဖြစ်နိုင်ခြေမရှိသောကြောင့်ပင်။ဤမဖွင့်လှစ်ရသေးသောကမ္ဘာကြီးအပေါ်တွင် System ၏ထိန်းချုပ်နိုင်မှုက အားနည်းသောကြောင့်ဖြတ်သန်းသူများမှာ ဤကမ္ဘာထဲသို့ဝင်လာနိုင်သော်လည်း ထွက်မသွားနိုင်ပဲ ပြင်ပကမ္ဘာဆီသို့ သတင်းအချက်အလက်များယူသွားရန် နည်းလမ်းမရှိသည့်အပြင် ထွက်ပြေးဖို့ ရွေးချယ်ခွင့်ပါ ဆုံးရှုံးခဲ့ကြရသော​ကြောင့်ဖြစ်သည်။

နောက်တစ်ချက်ကတော့ သူ့အရှေ့မှာရှိနေသည့်ကာကွယ်စောင့်ရှောက်သူပင်!

System မှလဲလှယ်ထားသော ပူဖောင်းစက်နှင့် သူ၏ကိုယ်ပိုင်စွမ်းရည်များကို အသုံးပြုပြီး ကာကွယ်စောင့်ရှောက်သူအများစုအား ဖြိုခွင်းသောအခါတွင် ယွမ်လော့ရစ်သည် သူ့ကိုယ်သူအရမ်းဂုဏ်ယူနေခဲ့ပြီး ဤကမ္ဘာကြီး၌ရှိသော စူပါပါဝါအဖွဲ့အစည်းက ဘာမှလည်းမဟုတ်ပါဘူးဟု ထင်နေခဲ့သည်။

သို့သော် ယွမ်လော့ရစ် မသိသေးသောအရာမှာ သူသည် ၁၅နှစ်သာလေ့ကျင့်ခဲ့ပြီး တိုက်ပွဲအစစ်၏အတွေ့အကြုံ တစ်ခါမျှပင်မရှိသေးသော ကာကွယ်စောင့်ရှောက်သူ အသစ်လေးများနှင့် ရင်ဆိုင်နေရသည် ဆိုတာကိုပင်။ဒါရိုက်တာရှောက်ကဲ့သို့သော အကြီးပိုင်းကာကွယ်စောင့်ရှောက်သူများ၏ စကားအရဆိုလျှင် ထိုလူသစ်များထဲတွင် အချို့အနည်းငယ်မှလွဲ၍ ကျန်သောသူများမှာသင်တန်းသားများသာ ရှိသေးသည်။ခေါင်းဆောင်နှင့်လက်ထောက်ဗိုလ်အနည်းငယ်တို့မှလွဲ၍ ကျန်ဖြတ်သန်းသူများမှာ တကယ့်တိုက်ပွဲအစစ်များအတွက် အရည်အချင်းမပြည့်မီကြသေးပေ။

စုံစမ်းစစ်ဆေးမှုများနှင့် ယွမ်လော့ရစ်အားရင်ဆိုင်မှုတို့မှာ ဒါရိုက်တာရှောက်မှ ယုံကျန့်ဖင်နှင့်လျန်ယွီဖန်တို့၏အဖွဲ့ကို ပေးအပ်ခဲ့သည့် စမ်းသပ်မှုတစ်ခုပင်ဖြစ်သည်။အနာဂတ်တွင် မရေမတွက်နိုင်သော ဖျက်ဆီးသူများ ဤကမ္ဘာပေါ်သို့ ရောက်ရှိလာကြလိမ့်မည်။ထိုသို့မဖြစ်မီတွင် လူသစ်များအဖို့ ဖျက်ဆီးသူများ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ၊မရေမတွက်နိုင်သော တိုက်ပွဲနည်းဗျူဟာများနှင့် အကျွမ်းတဝင်ရှိရန် လိုအပ်သည်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Onde as histórias ganham vida. Descobre agora