Chapter- 31

790 167 2
                                    



သူတို့ညစာစားပြီးကြသောအခါတွင် ယွိဟွာက မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်လိုက်ပြီးနောက် တီဗီကြည့်ဖို့အတွက် ဆိုဖာပေါ်သို့သွားထိုင်လိုက်သည်။မိုးလေဝသခန့်မှန်းချက်က ပြီးသွားပြီဖြစ်သည်။သူ အင်တာနက် TV ကိုဖွင့်လိုက်ကာ Deception from Love ကိုကြည့်ရန် ရွေးချယ်လိုက်၏။ဤဇာတ်ကားမှာ အမျိုးသမီးအဓိကဇာတ်ဆောင်၏ခင်ပွန်းက သူမအား လိမ်လည်လှည့်ဖြားပြီး သူမ၏မိသားစုစည်းစိမ်ဥစ္စာများကို သိမ်းပိုက်ခြင်းအကြောင်း ဖြစ်သည်။အမျိုးသမီး အဓိကဇာတ်ဆောင်သည် ဇာတ်ကားတစ်ဝက်လောက်အထိ အမှောင်ထဲ၌ပိတ်မိနေခဲ့ပြီး
နောက်ပိုင်းတွင်တော့ လက်စားချေခဲ့သည်။

ယွိဟွာ၏ပခုံးကိုမှီ၍ ဂိမ်းကစားနေသည့် ယုံကျန့်ဖင် : "....."

သူ ယွိဟွာ၏ပခုံးပေါ်မှတစ်ဆင့် ပေါင်ပေါ်သို့ ပြောင်း၍လှဲလျောင်းလိုက်၏။ယွိဟွာ၏တောင့်တင်းသောပေါင်များပေါ်တွင် ခေါင်းအုံးနေကာ စိတ်မပါလက်မပါဖြင့် Game ဆက်ကစားနေလိုက်သည်။

သူကစားနေစဉ်တွင် ယုံကျန့်ဖင်သည် ယွိဟွာ၏အမူအရာအား တစ်ချက်ခိုးကြည့်လိုက်ရာ ယွိဟွာက လေးနက်သောအမူအရာဖြင့် ဒရာမာကိုသာ အာရုံစူးစိုက်၍ကြည့်နေသည်ကို တွေ့လိုက်ရသည်။

အမျိုးသမီးအဓိကဇာတ်ဆောင်၏ ခင်ပွန်းက သူမအပေါ်ဖောက်ပြန်ရုံသာမကပဲ သူမ၏မိသားစုစည်းစိမ်ဥစ္စာများကိုပါ ခိုးယူရန် ကြံစည်နေကြောင်းကို ယွိဟွာတွေ့လိုက်ရသောအခါတွင် သူ ယုံကျန့်ဖင်၏ဆံပင်အား မသိစိတ်ဖြင့် ပွတ်သပ်မိလိုက်သည်။

ယုံကျန့်ဖင် ဂိမ်းဆက်မကစားနိုင်တော့ပေ။သူ သူရဲ့အသင်းဖော်တွေကို ဂရုစိုက်မနေတော့ပဲ ဖုန်းကိုချထားလိုက်ကာ ယွိဟွာ၏ပေါင်အား သူ့ခေါင်းဖြင့်ပွတ်သပ်လိုက်၏။ထို့နောက် သူ့ခင်ပွန်းဖြစ်သူ၏ ခါးကိုသိုင်းဖက်လိုက်ကာ သူ၏မနာလိုမှုပြဿနာအား ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြသလာစေရန် ရည်ရွယ်လိုက်သည်။

ရှောင်ယုံက သူ့အားပွေ့ဖက်နေသလို ခံစားမိလိုက်သဖြင့် ယွိဟွာ TV ကို ခဏရပ်လိုက်ပြီး သူ့ခင်ပွန်းအားခေါင်းငုံ၍ကြည့်လိုက်သည်။သူ့မျက်လုံးများက နူးညံ့သောခံစားချက်များနှင့် ပြည့်နှက်လို့နေလေ၏။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now