Chapter - 33

812 167 9
                                    


လျန်ယွီဖန်၏ စဥ်းစားပုံစဥ်းစားနည်းက ရိုးရှင်းပါသည်။ယွိဟွာ၏ ID အတွက်ဖြစ်နိုင်ချေကနှစ်ခုသာရှိသည်။တစ်ခုကတော့ ဖျက်ဆီးသူပဲဖြစ်သည်။အကယ်လို့ သူသာဖျက်ဆီးသူဖြစ်မယ်ဆိုရင် ယွိဟွာက ထိုနေ့အပန်းဖြေဥယျာဥ်၌ မူးမေ့လဲမသွားနိုင်သည့်အပြင် ကြည့်ကောင်းသည့်ဦးလေးကာကွယ်စောင့်ရှောက်သူဝတ်ထားခဲ့သောဘောင်းဘီကိုလည်း သတိပြုမိခဲ့ပြီး ယုံကျန့်ဖင်၏ ID အားသိပြီးသွားတာတောင် ဖြစ်ကောင်းဖြစ်နိုင်သည်။သို့ဖြစ်လျှင် ယွိဟွာက သူ့ရဲ့IDကိုဖုံးကွယ်ဖို့အတွက် လျန်ယွီဖန်၏ကြံစည်မှုများအား သူရှင်းရှင်းလင်းလင်းမြင်နိုင်နေခဲ့ရင်တောင် ယွိဟွာကဘာမှမသိသလိုပဲဟန်ဆောင်နေမှာဖြစ်ပြီး ထိုဘောင်းဘီနှင့်ပက်သက်၍ဘာအမှားအယွင်းမှမတွေ့ဘူးဟု ကန်းချင်ဟန်ဆောင်နေလိမ့်မည်။

အခြားဖြစ်နိုင်ချေတစ်ခုမှာ ယွိဟွာက အမှန်တကယ်ပင် အပြစ်ကင်းစင်သူဖြစ်သည်။ယွိဟွာအပေါ်စုံစမ်းစစ်ဆေးမှုများအရ လျန်ယွီဖန်သည် ယွိဟွာကအလွန်သတိထားတတ်သူတစ်ဦးဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။သူ ပြေစာကို သတိပြုမိပြီးသားဖြစ်လိမ့်မည်ဖြစ်ပြီး လျန်ယွီဖန်၏ဘောင်းဘီက တကယ်တော့ယုံကျန့်ဖင်၏ဘောင်းဘီဖြစ်မှန်းကိုလည်း သိပြီးလောက်ပြီဖြစ်သည်။ဒီလိုအခြေအနေမျိုးမှာ သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒေါသမထွက်ပဲနေနိုင်မှာလဲ?ဘယ်လိုလုပ်ပြီး စိတ်မတိုပဲနေနိုင်မှာလဲ? ဘယ်ယောကျ်ားမှ သည်းခံနိုင်မှာမဟုတ်ဘူး။

ယုံကျန့်ဖင်၏အိမ်ထောင်ရေးက ဤစုံစမ်းစစ်ဆေးမှုကြောင့် ပြိုကွဲသွားမလား ဒါမှမဟုတ် ယုံကျန့်ဖင်ကဒီအခြေအနေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကတော့ လျန်ယွီဖန်၏တရားစီရင်ပိုင်ခွင့်အောက်တွင် မရှိတော့ပေ။

လျန်ယွီဖန်က ဒီလိုလူမျိုးပဲဖြစ်သည်။တကယ့်တိုက်ခိုက်ရေးလေ့ကျင့်ရေးများတွင် လျန်ယွီဖန်သည် မစ်ရှင်အောင်မြင်ဖို့အတွက် သူ့အသင်းဖော်များ သို့မဟုတ် ဓားစာခံများကို "သတ်" ပစ်ဖို့ဝန်မလေးခဲ့ချေ။အဆုံးစွန်ထိ ဆင်ခြင်တုံတရားရှိပြီး အဆုံးစွန်ထိခံစားချက်မရှိပေ။သူ ဒါရိုက်တာရှောက်၏သင်ကြားမှုအားရရှိခဲ့သော်လည်း ယုံကျန့်ဖင်၏ တွယ်တာတတ်သောအပြုအမူကိုတော့ လက်မခံနိုင်သေးဘူးဖြစ်နေသည်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Where stories live. Discover now