Chapter - 19

902 223 6
                                    


ယုံကျန့်ဖင်သည် သူအပြင်ပန်း၌အလုပ်လုပ်နေသောရဲစခန်းဆီသို့အရင်သွားကာ သူ၏ယူနီဖောင်းနှင့် စကူတာဘီးလေးကိုယူပြီးမှ အခြေစိုက်စခန်းဆီသို့ အမြန်သွားလိုက်၏။

သူသည် လျှို့ဝှက်ချက်ကိုပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်ရန် တင်းကျပ်သောလေ့ကျင့်မှုများကို လုံလောက်စွာရရှိခဲ့သဖြင့် သူ၏လုပ်ဆောင်ချက်များအားလုံးဟာ သူတွေးထားသည့် အကြောင်းပြချက်များနှင့် ကိုက်ညီနေရမည်ဖြစ်သည်။အချိန်ပိုလုပ်မည်ဟုပြောလျှင့် ရဲစခန်း၌လုပ်ထုံးလုပ်နည်း အတိုင်းသွားလုပ်ရမည်ဖြစ်၏။၎င်းက သူ၏အထောက်အထားများကို ဖုံးကွယ်စေရုံသာမကပဲ သူ၏မိသားစုဝင်ကိုလည်း ဖျက်ဆီးသူများ၏ပစ်မှတ်ဖြစ်ခံရခြင်းမှ ကာကွယ်ပေးနိုင်မှာဖြစ်သည်။

ဌာနတိုင်းက အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ကြသဖြင့် လျန်ယွီဖန်၏ အလုပ်လုပ်နှုန်းက အလွန်မြန်ဆန်လှသည်။ နာရီအနည်းငယ်အတွင်းမှာတင် အချက်အလက်များစွာကို သူရှာဖွေတွေ့ရှိခဲ့ပြီး ဒါရိုက်တာရှောက်၏ စားပွဲခုံပေါ်တွင် ပစ္စည်းသုံးပုံ တင်ထား၏။တစ်ပုံမှာ လျန်ယွီဖန်မှ အရေးမကြီးသောအပုံအဖြစ် သတ်မှတ်ထားသော ယွိဟွာ၏ ကျောင်းသားကိုယ်ရေးမှတ်တမ်းနှင့် ပညာရေးမှတ်တမ်းများဖြစ်ပြီး ဒုတိယအပုံမှာ အိမ်ထောင်ပြုပြီးနောက် ယွိဟွာအလုပ်၏ အမျိုးမျိုးသောအရေးကြီးသည့်အချိန်အချက်များ၏ မှတ်တမ်းများဖြစ်သည်။နောက်ဆုံးအပုံကတော့ ယွိဟွာအလုပ်ပြုတ်သွားပြီးနောက် ဖြစ်ပျက်ခဲ့သည့် စုံစမ်းစစ်ဆေးမှုဆိုင်ရာ အစီရင်ခံစာဖြစ်သည်။ဤဆယ့်ငါးရက်စာ အစီရင်ခံစာက ယခင်ဆယ့်ငါးနှစ်ထက်စာလျှင် ပိုများနေ၏။

ဤပစ္စည်းသုံးပုံ၏ဘေးတွင်တော့ သေတ္တာငယ်တစ်လုံးရှိနေသည်။

ယုံကျန့်ဖင်သည် ထိုနေ့အစောပိုင်းက ဒါရိုက်တာ ရှောက်၏ရှေ့တွင် လျန်ယွီဖန်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ငြိမ်းချမ်းရေးယူခဲ့သဖြင့် သူအခုတော့ အရှေ့သို့လှမ်းပြီး လျန်ယွီဖန်အား လက်သီးနှင့်ထိုးလို့မရနိုင်တော့ပေ။
သူ့ဒေါသကို တွန်းလှန်ပြီး
"နာနိုနည်းပညာသုံး အသံဖမ်းကိရိယာကို ဘယ်မှာထားထားတာလဲ?" ဟုမေးလိုက်သည်။

Mr.Melancholy နေချင်သောငြိမ်းချမ်းတဲ့ဘဝလေး( မြန်မာဘာသာပြန်)Där berättelser lever. Upptäck nu