Arc 16.4

3.1K 472 21
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[4]

"အစ်မလန်....."

လန်ရှန်းကဖျော်ဖြေရေးလောကကို သူမငယ်ငယ်ကတည်းကဝင်လာခဲ့တာဖြစ်ပြီး ဒီလိုမျိုးအဓိကကျတဲ့ ထုတ်လုပ်ရေးအများအပြားတွင်လည်းပါဝင်ဖူးသူဖြစ်တယ်။ 

ဒါကြောင့်လည်းလုပ်သက်ကြာနေပြီဖြစ်တဲ့ ရုပ်ရှင်အဖွဲ့သားက သူမကိုအတော်အတန်တော့သိလေတယ်။ 

အဓိကဇာတ်ကောင်နေရာကို သူမမဟုတ်ဘဲလူသစ်တစ်ယောက်ကရသွားမှန်းကြားတုန်းကဆို အဖွဲ့ရှိတဲ့သူတွေအားလုံးတုန်လှုပ်သွားကြရတယ်။ 

အခုသူတို့ရှေ့မှာ ရှိနေတဲ့မြင်ကွင်းကလည်း တုန်လှုပ်ဖွယ်ရာပါပဲ။ 

"အမ်"ရှီရှန်းက တံခါးဘောင်ပေါ်မှီလိုက်ပြီး ယဉ်ကျေးမှုအနေနဲ့ သူတို့ကိုခေါင်းညိတ်ပြလိုက်တယ်။ 

ဝမ်ချောင်လည်း သူမဘယ်သူလဲဆိုတာ အသေအချာကိုသိလေတယ်။

အနာဂတ်မှာ သူမအနိုင်ယူရမယ့် ပစ်မှတ်ပိုင်ရှင်.....။

|Eng tran မှာsurpass လို့ရေးထားတာ သူကbeatနဲ့လည်းတူတော့ ဒီနေရာမှာ အနိုင်ယူတာကပိုသင့်တော်မယ်ထင်လို့|

"အစ်မလန်လည်းDမြို့တော်မှာ ရိုက်ကူးရေးရှိတာလား?"တစ်ယောက်ယောက်က သတိထားပြီးမေးလိုက်တယ်။ 

ရှီရှန်းက သူမမျက်ခုံးကိုပင့်လိုက်တယ်။"ဒါရိုက်တာက နင်တို့ကိုမပြောပြထားဘူးလား?"

သူမအခန်းသော့ကိုဒါရိုက်တာကိုယ်တိုင်ပေးလိုက်တာဖြစ်တယ်။

ဒါရိုက်တာက ဟိုတယ်ကိုရိုက်ကူးရေးတစ်ဖွဲ့သားလုံးထက်အရင် ရောက်တဲ့သူဖြစ်တယ်။လန်ရှန်းနဲ့လန်ချင်းတို့ဟိုတယ်ကိုရောက်တော့ ဒါရိုက်တာကရောက်နှင့်နေပြီဖြစ်သည်။သူမရဲ့ကဒ်ကလည်းအဲ့တုန်းက ဒါရိုက်တာကသူမကိုပေးလိုက်တာဖြစ်တယ်။ရွှေအဆင့်စပွန်ဆာအနေနဲ့လန်ချင်းကလည်း သူ့ကိုယ်ပိုင်အခန်းအတွက်သော့ကိုရထားတာဖြစ်တယ်။ 

'ဒီလူတွေကတော့..... ဒါရိုက်တာကသူတို့ကိုဘာပြောလိုက်တာလဲ?'

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now