Arc 17.4

2.3K 341 0
                                    

Unicode

လူတိုင်းက ဘေးကင်းတဲ့နေရာရောက်တာနဲ့ မြေပြင်ပေါ်ဆင်းသက်လိုက်ကြတယ်။

သူတို့တွေ ပြန်လှည့်ကြည့်လိုက်တော့ ခုနကနေရာတစ်ခုလုံးက ဖုန်တလုံးလုံးနဲ့ ပေါက်ကွဲထွက်သွားခဲ့ပြီ။ ထိုအထဲမှာတော့ မြွေသေးသေးလေးတွေလို ယှက်နွယ်နေတဲ့မိုးကြိုးလျှပ်စီးတွေကို တွေ့လိုက်ရတယ်။

ဒီလိုပြင်းထန်တဲ့စွမ်းအားမျိုးကို တစ်စုံတစ်ယောက်အဆင့်တက်တဲ့အချိန် ကပ်ဘေးဒုက္ခရင်ဆိုင်တဲ့အချိန်မှာပဲ မြင်တွေ့ဖူးကြတာ။  အရမ်းပြင်းထန်လွန်းတဲ့ထိုစွမ်းအားက တစ်လောကလုံးကို လွှမ်းမိုးထားသလိုပဲ။ ဘယ်သူမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။

ဖုန်မှုန့်တွေအနည်ထိုင်သွားတော့ ကြီးမားနက်ရှိုင်းတဲ့ကျင်းကြီးတစ်ခု သူတို့ရှေ့မှာ ပေါ်ထွက်လာခဲ့တော့တယ်။ မိုးကြိုးလျှပ်စီးတချို့က ကျင်းကြီးထဲမှာရှိနေတုန်းပဲ။ ကျင်းကြီးအနားကို တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ ကြောက်မက်ဖွယ်စွမ်းအားတစ်ခုကို သူတို့တွေအားလုံး ခံစားမိလိုက်တယ်။

“ဒါဘာကြီးလဲဟ..?”

တစ်ယောက်မှ ပြန်မဖြမိကြဘူး။ ဘာတွေဖြစ်သွားတာလဲဆိုတာကို ဘယ်သူမှလည်း တိတိကျကျ မသိလိုက်ကြဘူး။

ဝူချန်လည်း တွင်းကြီးကိုစိုက်ကြည့်ရင်း အတွေးများနေခဲ့တယ်။ ထို့နောက် သူရဲ့ခေါင်းကို အသာမော့ကြည့်လိုက်တော့ လေထဲက ဓားပျံပေါ်မှာထိုင်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့မသဲမကွဲပုံရိပ်လေးတစ်ခု။

ဝူချန်ရဲ့မျက်ဝန်းထဲမှာ ပျော်ရွှင်ရိပ်တစ်ချို့ဖြတ်ပြေးသွားခဲ့ပြီး ဘယ်သူမှမသိလိုက်ခင်မှာပဲ မူလမျက်နှာအတိုင်း တည်ကြည်လေးနက်တဲ့အသွင် ပြန်ဖြစ်သွားခဲ့တယ်။
‘ဒီမြေခွေးမိစ္ဆာလေးက တကယ့်ကို စိတ်ဝင်စားစရာကောင်းတာပဲ’

“ပေါက်ကွဲမှုက ဒီဘက်က လာတာ….”

“ဝမ်ရှန်းဂိုဏ်း !!! ဒီအရူးတွေ ဘာလုပ်နေကြတာလဲ?”

လူတစ်စုက သူတို့တွေရှိရာ ပြေးလာနေကြတယ်။ သေချာတာပေါ့။ အရင်ကတည်းက ရှီရှန်းကို သတ်ချင်နေကြတဲ့ ယွဲ့ရန်ဂိုဏ်းက လူတွေပဲ…
ဝမ်ရှန်းဂိုဏ်းနဲ့ယွဲ့ရန်ဂိုဏ်းက ဘယ်တုန်းကမှ တည့်တာမဟုတ်ဘူး။ တွေ့လိုက်တာနဲ့ အမြဲတိုက်ခိုက်နေကြတာ။ ဒါပေမယ့် အခုချိန်မှာတော့ ဝမ်ရှန်းဂိုဏ်ကလူတွေက ယွဲ့ရန်ဂိုဏ်းကို အဖက်မလုပ်နိုင်သေးဘူး။ အကုန်လုံးက ထူးဆန်းတဲ့ကျင်းကြီးကိုပဲ စိုက်ကြည့်နေတယ်။

ယွဲ့ရန်ဂိုဏ်းတပည့်တွေလည်း ကျင်းကြီးထဲကို ငုံ့ကြည့်လိုက်တယ်။ ကျင်းထဲမှာ ဘာမှမရှိပေမယ့် လျှပ်စီးကြောင်းတွေတော့ တချိန်လုံးကူးလူးနေဆဲပဲ။

‘တစ်ယောက်ယောက် ရှားပါးရတနာ ရသွားတာလားလို့.. အခုလေးတင်ရလိုက်တဲ့စွမ်းအားက အရမ်းပြင်းထန်လွန်းတယ်.. တကယ့်တမ်းကျ ဘာမှမရှိတဲ့ကျင်းကြီးလား..?’

“ဧကန်န ဝမ်ရှန်းဂိုဏ်းကများ….”  သူတို့တွေ ရတနာကိုရသွားတာများလား?

‘ဒီလောက် ပြင်းထန်တဲ့စွမ်းအားက သေချာပေါက် ရတနာပစ္စည်းတစ်ခုခုကို ရှာတွေ့သွားတာပဲနေမှာ…’

ယွဲ့ရန်ဂိုဏ်းတပည့်တွေက ဝမ်ရှန်းဂိုဏ်းကလူတွေကို မကြည်သလိုလှည့်ကြည့်လိုက်ကြတယ်။ ဂိုဏ်းနှစ်ဂိုဏ်းက အစကတည်းကရန်သူတွေဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် နောကြေနေကြပြီးသား။ အဲ့တော့ ဝမ်ရှန်းဂိုဏ်းတပည့်တွေက ယွဲ့ရန်ဂိုဏ်းတပည့်တွေရဲ့အကြည့်ကို မြင်လိုက်တာနဲ့ သူတို့ဘာတွေတွေးနေတယ်ဆိုတာကို သိသွားကြပြီ။

“အဲ့ကျင်းက ဟိုမိန်းမလုပ်ထားတာ” ဝမ်ရှမ်းဂိုဏ်းတပည့်တွေက လေထဲမှာရှိနေတဲ့ရှီးရှန်ကို လက်ညှိုးထိုးပြလိုက်ကြတယ်။ ဒီလို ရှင်းပြလို့မရတဲ့ အခြေအနေမျိုးမှာ သူတို့တွေလည်း ယွဲ့ရန်ဂိုဏ်းနဲ့မတိုက်ခိုက်ချင်ဘူးလေ…

“အဲ့တာ မြေခွေးမိစ္ဆာမပဲ…” ယွဲ့ရန်ဂိုဏ်းတပည့်တွေ ရှီးရှန်ကိုမြင်တာနဲ့ မျက်နှာပျက်သွားကြတယ်…

‘ ငါတို့ညီအစ်ကိုတွေအများကြီးကိုသတ်ခဲ့တဲ့ မြေခွေးမိစ္ဆာဆိုတာလား..’

“သူမက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး… ဒီလို အရမ်းပြင်းထန်တဲ့စွမ်းအားမျိုးကို ထုတ်နိုင်တယ်ဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး.. ငါတို့ကို အရူးလုပ်ဖို့မကြိုးစားနဲ့.. မင်းတို့ ဘာရခဲ့တာလဲ..”

ယွဲ့ရန်ဂိုဏ်းသားတွေက ဝမ်ရှန်းဂိုဏ်းရသွားမယ့်ရတနာပစ္စည်းအပေါ်မှာပဲ ပိုပြီးအာရုံစိုက်နေကြတယ်။ သူတို့ဂိုဏ်းနှစ်ခုက သူမသာကိုယ်မသာအခြေအနေမျိုးဆိုတော့ တကယ်လို့ ဝမ်ရှန်းဂိုဏ်းကသာ ရတနာပစ္စည်းတခုခု ရသွားခဲ့ရင် ယွဲ့ရန်ဂိုဏ်းထက် ပိုအင်အားကြီးသွားလိမ့်မယ်…

‘သူမက ယွဲ့ရန်ဂိုဏ်သားတွေ အများကြီးကို သတ်ထားတာလေ.. အဲ့တာတောင် မင်းတို့က မယုံကြသေးဘူးလား..
ဘယ်လို စောက်ရူးအဖွဲ့လဲ !!’

“အဓိပ္ပါယ်မရှိတာတွေ တော်လိုက်တော့ … အဲ့ရတနာပစ္စည်းအတွက် တိုက်ခိုက်ကြရအောင်..”

“သောက်ခွေး… သူတို့က တကယ့်အရူးတွေပဲ..!”

ဂိုဏ်းနှစ်ဂိုဏ်းက ရှီးရှန်ကိုဂရုမစိုက်တော့ပဲ အချင်းချင်း စတိုက်ကြတော့တယ်။ ရှီးရှန်က ဓာပေါ်မှာအကျအနထိုင်လိုက်တယ်။ တိုက်ခိုက်နေတဲ့လူတွေကို ရှုစားနေရင်း ဒီကမ္ဘာရဲ့အချက်အလက်တွေကို စိတ်ထဲမှာစုစည်းကြည့်လိုက်တယ်..

ဒီကမ္ဘာမှာ…လူသားတွေနဲ့မိစ္ဆာတွေက လုံးဝရန်သူတွေပဲ.. ပြီးတော့ လူသားတွေက မိစ္ဆာတွေထက် အရေအတွက်ပိုများတယ်.. တကယ်လို့ မိစ္ဆာတွေက ပိုပြီးစွမ်းအားကောင်းမယ်ဆိုရင်တောင် အရေအတွက်အရ လူသားတွေကို ရှုံးနိမ့်နေဦးမှာပဲ…

ဒီလောက်ကြီးမားတဲ့ လူအုပ်ကြီးနဲ့ဆိုမှတော့ ကျိန်းသေပေါက်ရှုံးမှာပေါ့..

ယွီရီက မိစ္ဆာ.. ဇာတ်လိုက်နဲ့ဇာတ်လိုက်မကလည်း မိစ္ဆာ။ ဒီကမ္ဘာရဲ့အဓိကဇာတ်လိုက်တွေက မိစ္ဆာတွေဆိုမှတော့ လူသားတွေက ပြဿနာအရှာခံရဖို့နဲ့ အသတ်ခံရဖို့ဖန်တီးထားတဲ့ ဇာတ်ကောင်လေးတွေပဲပေါ့။

မူလကိုယ်က ဇာတ်ကြောင်းတစ်ဝက်လောက်နဲ့ သေသွားရတာဆိုတော့ ဒီကမ္ဘာရဲ့နောက်ဆုံးဗီလိန်က ဘယ်သူလဲဆိုတာကို ငါလည်းမသိတော့ဘူး။ ဖုန်းစီကိုရှာဖို့ ခက်ခဲလိုက်တာ…

ဝူချန်ဆိုတဲ့လူ၊ သူ့ဆီမှာတော့ ငါရင်းနှီးနေကျအငွေ့အသက်မရဘူး။ သူက သေချာပေါက် ဖုန်းစီမဖြစ်နိုင်ဘူး…

……………………

ဂိုဏ်းနှစ်ဂိုဏ်းတိုက်ခိုက်ပြီးတဲ့အချိန်မှာတော့ ကောင်းကင်တစ်ခုလုံး မှောင်မည်းလို့နေပြီ။ အဆုံးမှာတော့ ယွဲ့ရန်ဂိုဏ်းက ရှုံးနိမ့်သွားခဲ့တယ်…

“မြေခွေးမိစ္ဆာလေး ဘယ်ရောက်သွားပြီလဲ” ဝူချန်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။

ဝမ်ရှန်းဂိုဏ်းတပည့်တွေလည်း သူမကိုမတွေ့ကြတော့ဘူး။ အကုန်လုံးက အားကြိုးမာန်တက် တိုက်ခိုက်နေကြတာဆိုတော့ ဘယ်သူကမှ မြေခွေးမိစ္ဆာလေးကို မကြည့်မိထားကြဘူးလေ…

“ဆရာဦးလေး ဝူချန်,.. မြေခွေးမိစ္ဆာက ခုနကဘယ်လိုလုပ်လိုက်တာလဲ.. ?”

ဂိုဏ်းတပည့်တစ်ယောက်က ယွဲ့ရန်ဂိုဏ်းနဲ့တိုက်ခိုက်ခဲ့ရတဲ့အကြောင်းအရင်းကို သတိရလိုက်တယ်။ အဲ့မိစ္ဆာမက နည်းနည်းလေးတောင် ကူမပြောပေးခဲ့ဘူး..

ဝူချန် ကျင်းကြီးထဲကိုတစ်ချက်လှမ်းကြည့်လိုက်တော့ လျှပ်စီးတွေအားလုံး ပျောက်ကွယ်သွားချေပြီ..

“ငါလည်းမသိဘူး”

သူကိုယ်တိုင်လည်း သူမ,ဘာနဲ့ပစ်လိုက်တယ်ဆိုတာ သဲသဲကွဲကွဲမမြင်လိုက်ဘူး။ ဝမ်ရှန်းဂိုဏ်းတပည့်တွေလည်း အံ့ဩသွားကြတယ်။ ဂိုဏ်းတူဦးလေးဝူချန်တောင် မသိဘူးတဲ့လား…

“မင်းတို့ အရင်ပြန်နှင့်ကြ..”

“ဘယ်သွားမလို့လဲ… ဆရာဦးလေး”

“ငါလမ်းလျှောက်ထွက်မလို့”

‘ခင်ဗျား မကြာသေးခင်ကမှ ဂိုဏ်းကိုပြန်ရောက်တာလေ.. အဲ့တာကို ဘယ်ကိုထွက်သွားဦးမလို့လဲ..? ဂိုဏ်းကို ပြန်လာဖို့ အစီအစဉ်ရော ရှိသေးရဲ့လား..? မေ့လိုက်တော့.. ဘယ်သူမှသူ့ကို ပြန်လာစေချင်တာမဟုတ်ဘူး..’

ဝူချန်က အမှောင်ထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

ရှီရှန်းက ရေပူစမ်းတစ်ခုရဲ့ဘေးမှာထိုင်နေပြီး သူမအနားမှာတော့ လူတစ်ယောက်က လဲလျောင်းနေခဲ့တယ်။ ထိုလူရဲ့အရှိန်အဝါက ဖျော့တော့နေပြီး သူရဲ့ခန္ဓာကိုယ်တစ်ဝက်လောက်က ရေထဲမှာနစ်မြုပ်နေတယ်။
ရှီရှန်းက လက်ကိုအသာဆန့်လိုက်ပြီး လက်ချောင်းလေးတွေကိုကွေးကာ ထိုလူရဲ့လည်ပင်းကို ဆုပ်ကိုင်လိုက်တယ်…

ခြေဦးတည့်ရာလျှောက်သွားရင်း မြေခွေးမိစ္ဆာလေးကို ထပ်တွေ့ရလိမ့်မယ်လို့ ဝူချန်တစ်ယောက် မမျှော်လင့်ခဲ့ဘူး။ ဝူချန်လည်း သူ့ရဲ့လက်ချောင်းလေးတွေကို အသာလှုပ်ရှားလိုက်ပြီး ခဲသေးသေးလေးနဲ့ သူမရဲ့လှုပ်ရှားမှုကို လှမ်းတားလိုက်တယ်။ မိန်းကလေးက လုပ်လက်စကိုရပ်တန့်လိုက်ပြီး ဝူချန်ရှိရာဘက်ကို လှည့်ကြည့်လာခဲ့တယ်။

ရေကန်ထဲကိုဖြာကျနေတဲ့ လရောင်မှတဆင့် သူမလေးရဲ့မျက်ဝန်းထဲကို အလင်းပြန်နေတာက တလက်လက်တောက်ပနေတဲ့ စိန်ပွင့်လေးများလိုပဲ။ ဒါပေမဲ့ သူမရဲ့မျက်ဝန်းအိမ်က အေးစက်တည်ငြိမ်နေပြီး ဘာအရိပ်အယောင်မှ မရှိနေဘူး။ ဒီတောက်ပနေတဲ့အလင်းတွေအားလုံးက သူမမျက်ဝန်းထဲမှာ အေးခဲသွားပုံရတယ်။

ဝူချန်လည်း မှောင်ရိပ်ထဲကနေထွက်လာလိုက်ပြီး ရေပူကန်ကိုဖြတ်လျှောက်ကာ သူမနဲ့မနီးမဝေးနေရာမှာ ရပ်တန့်လိုက်တယ်။ ထို့နောက် အခုလေးတင် သူမသတ်ဖို့လုပ်နေခဲ့တဲ့လူကို လှမ်းကြည့်လိုက်တယ်။ ဒါပေမဲ့ ထိုလူရဲ့မျက်နှာကိုဆံပင်တွေအုပ်နေတော့ သဲသဲကွဲကွဲမမြင်ရဘူး..

“ဘာလို့ သူ့ကိုသတ်ချင်တာလဲ??”

“ကြိုက်လို့လေ.. ငါ့မှာအကြောင်းပြချက်မရှိဘူး..” ရှီးရှန်က ခနဲ့လိုက်တယ်…
ထို့နောက် သူမဘေးကဓားကိုယူလိုက်ပြီး ဝူချန်ကိုဓားနဲ့ထိုးလိုက်တယ်…

“ချွမ်…!"

သူမရဲ့ဓားကို အပြာရောင်အလင်းတန်းတွေဖြာထွက်နေတဲ့ ဓားရှည်တစ်ချောင်းက တားဆီးလိုက်တယ်။ ဝူချန်က သူမဓားကို တွန်းဖယ်လိုက်ပြီး..

“မြေခွေးမိစ္ဆာလေး… ငါ့ရဲ့အရှေ့မှာတော့ မင်းလူသတ်လို့မရစေရဘူး…”

ရှီရှန်းလည်း ပေါက်ကွဲချေပြီ။
“နင်ကန်းနေတာလား…အဲ့တာလူလား?”

တော်တော်ရှုပ်လိုက်တာပဲ…
‘ငါပေါက်ကွဲချင်လာပြီနော်…
သူ့ကို သတ်လို့ရတော့မှာကို’

ဓားကိုလှည့်လိုက်ပြီး သူမရဲ့စကားကြောင့် တွေဝေသွားတဲ့ဝူချန်ကို မတုံ့မဆိုင်း ဓားနဲ့ထိုးပစ်လိုက်တယ်။ ဝူချန်က ဓားကို မခုခံတော့ပဲ လွတ်ရုံရှောင်လိုက်တယ်။ သူ့မှာ ခုခံနိုင်တယ့်အားလည်း မရှိတော့ဘူးလေ..

ရှီရှန်းက ဝူချန်ကို ဓားနဲ့နှစ်ခါဆင့်ထိုးလိုက်ပြီး ရေပူစမ်းရှိရာဘက်ဆီ ပြန်ပြေးသွားလေတယ်။ အစက ရေပူစမ်းထဲမှာ လဲကျနေခဲ့တဲ့လူက အခုတော့ပျောက်ကွယ်သွားခဲ့ပြီ…

ငါXိုး… သောက်ရူးကောင် !

ဝူချန်လည်း တွေဝေနေတဲ့မျက်နှာလေးနဲ့ ရေပူစမ်းနားကို ပြန်ရောက်လာခဲ့တယ်..
“မြေခွေးမိစ္ဆာလေး…”

မိနစ်ပိုင်းအတွင်းမှာပဲ ရှီရှန်းရဲ့ဓားက အထိန်းအကွပ်မဲ့နေသလိုမျိုး သူ့ကို ဆက်တိုက်လိုက်ခုတ်တော့တယ်။ ဓားရဲ့အရိပ်အယောင်တွေက ဝူချန်ရဲ့တစ်ကိုယ်လုံးကို လွှမ်းမိုးသွားခဲ့တယ်…

“ဒီမြေခွေးမိစ္ဆာလေး ဘယ်လိုလုပ် ဒီလောက်ကြမ်းတမ်းရက်စက်သွားရတာလဲ?”

ဝူချန်လည်း ဒီနေရာကနေ အမြန်ဆုံးလစ်ပြေးဖို့ နေရာပြောင်းမန္တန်ကို ရွတ်လိုက်တယ်။ ထို့နောက် အဖြူရောင်အလင်းတန်းတွေလွှမ်းခြုံသွားပြီး ရှီရှန်းရဲ့ဓားက မြေပြင်ပေါ် ပြုတ်ကျသွားတော့တယ်။

“ဖာ့ခ်..!!!”
ဘာဖြစ်တယ်…?? တော်တော်စွမ်းအားကြီးတယ်ပေါ့???
‘နင်ဒီတစ်ခါ လွတ်သွားပေမယ့် နောက်တစ်ကြိမ် အဲ့လိုထပ်ဖြစ်မှာမဟုတ်ဘူး…’

ရှီရှန်း သူမဓားကိုဆွဲကိုင်လိုက်ပြီး ရေပူစမ်းကို ကြည့်လိုက်တယ်။ ဒီတစ်ခေါက်တော့ အမျိုးသားဇာတ်လိုက်ကို မသတ်နိုင်ခဲ့ဘူး..

ဒါပေါ့၊ သတိလစ်နေတဲ့အမျိုးသားက အဓိကဇာတ်လိုက်ပါပဲ။ စတွေ့တကည်းက ဒီနေရာမှာလဲကျနေတာ သေလုဆဲဆဲပဲ။ သူမသာ အားနည်းနည်းစိုက်ထုတ်ပြီး သူ့လည်ပင်းကိုလိမ်ချိုးပစ်လိုက်ရင် ဇာတ်လိုက်ကောင်တော့ ဇာတ်သိမ်းသွားလောက်ပြီ။

ဒါပေမဲ့ ဝူချန်ဆိုတဲ့လူက အချိန်ကိုက်ရောက်လာပြီး ဇာတ်လိုက်ကောင်လည်း နောက်ဆုံးတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်..

ရှီရှန်းတစ်ယောက် အလွန်အမင်း ပေါက်ကွဲနေချေပြီ…

ဝူချန်နဲ့ဝမ်ရှန်းဂိုဏ်း ဟုတ်လား….. စောင့်ကြည့်နေလိုက်…

…………………………………………………


Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now