Arc 18.7

1.2K 165 0
                                    

Unicode
------------

ရှီရှန်း ရဲ့ စကားတွေကို နားထောင်ပြီး ဘေးမှာ ရပ်နေတဲ့ လူ အချို့ကရယ်ကြသည်။

ကမ္ဘာ ပျက်ကပ်ကြီးက လူသားတွေမှာ ကိုယ်ကျင့်တရား ဆိုတာ မရှိဘူး ။

" မင်း ငါတို့ ပစ္စည်းတွေကို ခိုးရဲ့တယ်ပေါ့ ။ အခုချက်ချင်း ငါတို့ ဟာတွေ ပြန်ပေးစမ်း " လူကြီးဟာ ကြမ်းတမ်းစွာ အော်ပြောခဲ့တယ် ။

ရှီရှန်းက သူမ ရဲ့ ဓားကို ကိုင်ပြီး ဝေ့ယမ်း လိုက်တယ် ။ ယောက်ျားကြီး နဲ့ မိန့်မကြီး က ရှော့ရသွားတယ် ။ သူတို့ မသိစိတ်ကနေ ဘေးကို ရှောင်လိုက်မိကြတယ် ။

" သူမက ငါတို့ကို သတ်ချင်နေတယ် ။ ကယ်ကြပါဦး "

" ဒီမှာ တစ်ယောက်ယောက်က လူသတ်နေတယ် "

ထို အမျိုးသမီး ရဲ့ အော်သံက လူအုပ် ​ရဲ့ အာရုံကို ပိုမို ဆွဲဆောင်နိုင် သွားတယ် ။

" မြန်မြန် လုပ်ကြပါ ။ သူမ က ငါတို့ကို သတ်ချင်နေတယ် ။ ကယ်ကြပါ "

သူတို့နှစ်ဦး စလုံးသည် လူအုပ်နောက်၌ ပုန်းရှောင်နေတဲ့အတွက်ကြောင့် ရှီရှန်း ကသူတို့ကို မသတ်နိုင်ခဲ့ပေ ။

စခန်း က ဒီနေရာမှာဆူဆူညံညံအသံကြားတာနဲ့ ဘာဖြစ်နေတာလဲ ဆိုတာကို ကြည့်ဖို့ တပ်သားအချို့ကို စေလွှတ်လိုက်တယ်။

" ဘာတွေဖြစ်နေတာလဲ "

မိန်းမကြီး ရဲ့ မျက်နှာက တောက်ပသွားပြီး " သူမ က ငါတို့ရဲ့ ပစ္စည်းတွေကို ခိုးပြီး ငါတို့ကို သတ်ချင်နေတယ် ။ "

တပ်သားတွေက ချွန်ထက်နေတဲ့ ဓားကြီးကို ကိုင်ထားတဲ့ ရှီရှန်းကို ကြည့်လိုက်တယ် ။

ခေါင်းဆောင်က မေးတယ် ။

" ဒါက အမှန်ဘဲလား ။ ကောင်မလေး "

" မဟုတ်ဘူး ။ ဒီအရာတွေက ကျွန်တော်တို့ ပိုင်တဲ့ပစ္စည်းတွေပါ ။ သူမ ကမှ ကျွန်တော်တို့ ပစ္စည်းတွေကို ခိုးခဲ့တာ"ရီအန်း ကားပြတင်းပေါက်ကနေ သူ့အသံသေးသေးလေး နဲ့ ရှင်းပြတယ်။

မိန်းမကြီး က ကျယ်လောင်စွာ အော်ပြောခဲ့တယ် ။

" ပေါက်ကရတွေ ၊ ဒါတွေက ငါတို့ဟာမှန်း သိသာနေတဲ့ ဥစ္စာ "

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now