Arc 19.6

1.9K 306 5
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၆)

ရှီရှန်းက ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်တာကြောင့် ဟန်ရှောင် အလန့်တကြားဖြစ်သွားသည်။ ရှောင်လင်းလုံ အော်ဟစ်ပြီး ထွက်ပြေးသွားသည့်အချိန်မှသာ သူမ သတိပြန်ဝင်လာတော့သည်။

ဒီလိုပစ္စည်းမျိုးကို စီအီးအိုလျှိုအတွက် သူမ မပြင်ပေးဖူးဘူးထင်တယ်၊ ဟုတ်တယ်မလား?
ဓားက တကယ့် အစစ်ကြီးလိုပဲ။
စီအီးအိုလျှိုက ဒါကြီးကို ဘယ်တုန်းက ရလာတာလဲ?
ဟန်ရှောင်တွင် မေးခွန်းအပြည့် ရှိနေသည်။

ရှီရှန်းက မြေကြီးပေါ်တွင် လဲနေပြီး သနားစဖွယ် ဟောင်နေသည့် Samoyedခွေးကို ထိုးရန် သူမဓားကို ယူလိုက်သည်။

ဟန်ရှောင်၏ပါးစပ် တွန့်သွားတော့သည်။ စီအီးအိုလျှိုက ခွေးကို အမြဲတမ်းသေအောင် ထိုးသတ်ချင်နေတယ်လို့ သူမ ဘာလို့များ ခံစားနေရတာလဲ?

ခွေးလေးက အပြစ်ကင်းပါတယ်!
ကျွန်မ ရှင့်ကို အနူးအညွတ်တောင်းပန်ပါတယ်!

“ မစ္စလျှို၊ ကျွန်မ ရှင့်ကို ပြဿနာဖြစ်စေခဲ့မိလို့ တောင်းပန်ပါတယ် ” ဟန်ရှောင်က အပြစ်ကို တောင်းပန်နေခဲ့သည်။ သူမသာ ခွေးကို မခေါ်လာပါက ရှောင်လင်းလုံက သူတို့ကို လာရှာလိမ့်မည်မဟုတ်ပေ။

ထို့အပြင် ရှောင်လင်းလုံက ဒီလိုမနှစ်မြို့ဖွယ် စကားများလည်း ပြောလိမ့်မည် မဟုတ်ပေ။

ရှီရှန်း ခွေးကို နေ့ဝက်လောက် ဓားနှင့်တထိုးထိုးလုပ်နေလေသည်။ ခွေးဟောင်သံက ဟန်ရှောင်၏နှလုံးသားကို အရည်ပျော်စေသည်။
ဒီလိုချစ်စရာခွေးလေးကို စီအီးအိုလျှို ရှင် ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ?

“ ဒီလိုကောင်တွေက တစ်ကောင် ဘယ်လောက်လဲ ” ရှီရှန်း အေးတိအေးစက် မေးသည်။
ဟန်ရှောင် အံ့သြသွားပြီး သတိထားကာ ပြန်ဖြေသည်။ “ သာမန်အမျိုးအစားတွေက ဈေးမကြီးပါဘူး ”
သာမန်Samoyedတစ်ကောင်သည် ထောင်ဂဏန်းအနည်းငယ်မျှသာရှိသည်။

သို့သော်လည်း ဒီမှာ နေကြသည့် လူများသည် သေလောက်အောင် ချမ်းသာကြသည်။ ဤခွေးသည် ရွှေရည်စိမ်ထားခြင်းရှိ၊ မရှိကို မည်သူသိမည်နည်း? ထို့ကြောင့် တန်ဖိုးသည် အနည်းငယ် ပို၍စျေးကြီးနိုင်သည်။
မည်သို့ပင်ဖြစ်စေ သာမန်ခွေးများ လက်လှမ်းမမီနိုင်ပေ။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now