Arc 19.3

2K 303 1
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၃)

ရှီရှန်းသည် ကုမ္ပဏီကို ဆက်လက်လုပ်ကိုင်လိုခြင်း မရှိသည့်အပြင် အိမ်မှုကိစ္စများကိုလည်း မည်သို့ပြုလုပ်ရမည်ကို မသိသောကြောင့် သူမသည်ဟန်ရှောင်ကို ကိုယ်ရေးကိုယ်တာလက်ထောက်လုပ်ပေးရန် တောင်းဆိုခဲ့သည်။

ဟန်ရှောင်သည်လည်း တွေဝေမနေပေ။ ရှီရှန်း ယခုပေးသောလစာမှာ သူမ ကုမ္ပဏီတွင် လက်ထောက်အဖြစ် အလုပ်လုပ်စဉ်ကထက် ပိုမိုမြင့်မားလေသည်။ ထို့ကြောင့် သူမ ဤအလုပ်ကို ဝမ်းမြောက်စွာပင် လက်ခံခဲ့သည်။

ဒေဝါလီခံရပြီးသည့်နောက်တွင်တောင် ရှီရှန်း ဘာလို့အလွန်အကျွံ လက်ဖွာနေနိုင်သေးမှန်း သူမ နားမလည်ခဲ့ပေ။

ဒေဝါလီခံလိုက်ရတဲ့ ရှီရှန်း “ ... ” ငါ့မှာ ပိုက်ဆံတွေအများကြီးရှိပါသေးတယ်နော် ဟုတ်ပြီလား

အရာအားလုံးသည် သတင်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။ ထို၀ယ်သူများသည်လည်း လျော်ကြေးငွေရပြီးနောက် ဆူပူမှုများကို ရပ်တန့်လိုက်ကြ၏။

ရှီရှန်းသည် အစားစားဖို့၊ ငွေရှာဖို့နှင့် သေဖို့အတွက်သာ အိမ်တွင်ထိုင်စောင့်နေတော့သည်။
“ စီအီးအိုလျှို. . .  ဒီဘက်ကို မြန်မြန်ကြည့်ပါဦး ” အဝတ်လှန်းနေတဲ့ ဟန်ရှောင်က ရှီရှန်းကို အရေးတကြီး အော်ပြောသည်။

ရှီရှန်းရဲ့အကြည့်က သူမရဲ့လက်ပ်တော့ဖန်သားပြင်မှ ဟန်ရှောင်ဆီ ရောက်သွားပြီးနောက် သူမကို ဗျာများစွာ လက်ပြနေသည့် ဟန်ရှောင်ကို တွေ့လိုက်ရသည်။

ရှီရှန်းသည် ခေါင်းကိုတစ်ခြမ်းစောင်းလျက်၊ ညဝတ်အင်္ကျီဘောင်းဘီများသည်လည်း တွန့်ကျေနေကာ ပါးစပ်ထဲတွင်လည်း ပေါင်မုန့်အပိုင်းအစများရှိနေသေးသည်။ ထိုပုံစံလေးသည် ကလေးဆန်ပြီး ချစ်ဖို့ကောင်းနေ၏။

ရှီရှန်း သူမ၏လက်ပ်တော့ကို ချလိုက်ပြီး လသာဆောင်ဆီသို့ ဖြည်းဖြည်းချင်း ဦးတည်သွားလိုက်ကာ ပြတင်းပေါက်မှတစ်ဆင့် အောက်ဘက်သို့ စိုက်ကြည့်လိုက်သည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now