Arc 16.44[End]

2K 239 19
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[44]

အပြင်မှာဆူညံနေကြပေမယ့် ကုချီကရေချိုးခန်းထဲမှာ အချိန်အကြာကြီးနေနေခဲ့တယ်။ 

သူကမှန်ထဲကိုစိုက်ကြည့်လိုက်ပြီး ပြုံးဖို့ကြိုးစားနေတယ်။ 

ဒါပေမဲ့လည်း အဲ့ဒီအပြုံးဟာ ငိုနေတဲ့မျက်နှာထက်ကို ပိုပြီးကြောက်ဖို့ကောင်းနေတော့တယ်။ 

ကုချီကသူ့ရဲ့မျက်နှာကိုမသိမသာလေးဆိတ်ကြည့်လိုက်ပြီး သူ့မျက်လုံးတွေကအာရုံမရဖြစ်နေတယ်။ 

[T/N:စိတ်လွင့်နေပြီးအသိမကပ်နေတာမျိုးပါ]

သူငယ်ငယ်တည်းက သူကတခြားကလေးတွေနဲ့ကွဲပြားတာကို နားလည်ခဲ့တယ်။ 

တခြားကလေးတွေက ရယ်မယ်, ငိုမယ် မဟုတ်ရင်ဝမ်းနည်းတတ်ကြတယ် ဒါပေမဲ့ သူကတော့မဟုတ်ဘူး။ 

သူတို့ကိုဘာကရယ်စေတယ် ဘာကငိုစေတယ်ဆိုတာကို သူနားမလည်ခဲ့ဘူး။ 

သူမြင်တွေ့ခဲ့ရတဲ့ကမ္ဘာက အထီးကျန်ခြင်းနဲ့မှောင်မိုက်ခြင်းတွေထဲကတစ်ခုပဲ။ 

တစ်ခါတစ်လေ သူတို့တွေကိုရှင်းပစ်ဖို့အတွေးတွေတောင် သူ့မှာရှိခဲ့ဖူးတယ်။ 

သူ့မိသားစုကသူ့ကိုဆရာဝန်တော်တော်များများဆီခေါ်သွားပေမဲ့ ဆရာဝန်တွေအနည်းနဲ့အများကတော့ တစ်ပုံစံတည်းပြောလာကြတယ်။

၎င်းကသူ့အပေါ်မှာတော့မထိရောက်ဘူး။ 

ထို့နောက်သူမကိုသူဆုံတွေ့ခဲ့တယ်။ သူမကသူ့ဘဝကို ပထမဆုံး အရောင်အသွေးစုံလင်စေခဲ့သူပဲ။

ဒါပေမဲ့လည်း ၎င်းကသူမ,မဟုတ်နေပြန်ဘူး။ 

အရင်ကသူ့မျက်လုံးထဲမှာရှိခဲ့တဲ့လန်ရှန်းက အခုလောလောဆယ်သူနဲု့အတူရှိနေတဲ့လန်ရှန်းနဲ့ တော်တော်ကိုကွာခြားတယ်။ 

သူမနဲ့လူချင်းတွေ့ခဲ့ရတဲ့ပထမဆုံးအကြိမ်ကိုသူမှတ်မိနေဆဲပဲ။ 

သူမကကားထဲမှာထိုင်နေပြီး တည်ငြိမ်နေတယ်ဆိုပေမယ့် ရန်လိုပုံပေါက်တယ်။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now