Arc 16.11

3.1K 506 29
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[11]

ချန်းဖုန်းလျင်မြန်စွာပဲ ရောက်လာပြီး သူနဲ့အတူမိန်းကလေးတစ်ယောက်ကိုပါခေါ်လာခဲ့တယ်။

ရှီရှန်းကသူ့အတွက် တံခါးသွားဖွင့်ပေးလိုက်တယ်။သူမကိုသူတွေ့လိုက်တဲ့အခါ သူ့မျက်လုံးတွေကကျွတ်ထွက်တော့မယ့်အတိုင်းပဲ-

သူမရင်ဘတ်ပေါ်ကို။ 

ရှီရှန်းကတစ်ဖက်ကိုလှည့်သွားပြီး သူမမျက်နှာကပြုံးရိပ်သန်းနေသည်။"ကျေးဇူးပြုပြီး အထဲဝင်လာပါ"

"ဟေး ထျန်းကော,နာမည်ကြီးသရုပ်ဆောင်တွေထက်ကို လှတဲ့ဒီစော်လေးကို မင်းဘယ်မှာရှာတွေ့ခဲ့တာလဲ?"တစ်စက်ကလေးမှတောင် သံသယမရှိတဲ့ ချန်းဖုန်းကအထဲကို တိုက်ရိုက်ဝင်သွားလိုက်သည်။ 

ရှီရှန်းတံခါးကိုပိတ်ပြီး သော့ခတ်လိုက်သည်။

"ငါက နာမည်ကြီးသရုပ်ဆောင်ပဲ"

"ဘာ?"

ရှီရှန်းသူ့ကိုဆောင့်ကန်ချလိုက်တော့ ချန်းဖုန်းဖက်ထားတဲ့မိန်းကလေးက ထိတ်လန့်သွားသည်။သူမကြောက်လန့်တကြားအော်ဟစ်ကာ အနီးမှာရှိတဲ့ရေချိုးခန်းထဲ ဝင်ပုန်းတော့သည်။ 

ရှီရှန်းက အပြင်ကအသံတွေမကြားရအောင် ရေချိုးခန်းတံခါးကို အေးအေးဆေးဆေးပဲ ဆွဲပိတ်လိုက်သည်။ 

နေရာပေါင်းစုံကနေ အကန်ခံနေရတဲ့ချန်ဖုန်းက ရှီရှန်းဆီကကြိုးချည်ခံထားရတဲ့ ထျန်းကောကိုမတွေ့ခင်အထိ သူစိတ်ရှုပ်နေခဲ့တယ်။ 

ရှီရှန်းသူ့ရဲ့ရင်ဘတ်ကို သံမဏိဓားဖြင့်ထောက်ထားကာ သူ့ကိုထဖို့အခွင့်အရေးလေးတစ်ခုတောင် မပေးဘူး။"ငါကနာမည်ကြီးသရုပ်ဆောင်,ရှင်းပြီလား?"

"-ီးပဲ,ခွေးမ"ချန်းဖုန်း စတင်ဆဲရေးတော့တယ်။"ငါဘယ်သူလဲဆိုတာ မင်းသိလား?မင်းငါ့အပေါ်လက်လေးနဲ့တောင်ထိပါးရဲရင်...ငါ့ကိုယုံလိုက်,မင်းငါ့ကိုပြန်ပေးဆပ်ရလိမ့်မယ်"

ရှီရှန်းရဲ့လက်မှာ ပြောင်လက်တောက်ပနေတဲ့ ဓားကိုကိုင်ထားကတည်းက ချန်းဖုန်းကသူမကိုထိုင်ဆဲရုံပဲ တတ်နိုင်တော့သည်။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now