Arc 20.6

1K 121 2
                                    

Unicode


ောက်နေ့မှာတော့ ဂိမ်းdeveloperတွေ က အခြေအနေတွေကိုကြည့်ဖို့ရောက်လာခဲ့ပေမယ့်,ရှီရှန်းကတော့ပျောက်သွားတာ ကြာပြီပဲ ဖြစ်လေသည်။ဒါပေမယ့် ထူးဆန်းနေတဲ့အရာကတော့ dataတွေအရတော့ ဘာ ပုံမှန်မဟုတ်တာမှ မဖြစ်ခဲ့ပဲနဲ့ ရှီရှန်းက ရှန်းဂျူနန်းတော်မှာရှိနေတာလို့သာ ဖော်ပြထားတယ်။

ဒါကြောင့်မလို့သူတို့ကအဲ့အကြောင်းကို သေချာဂရုတစိုက်မစဥ်းစားကြပဲနဲ့ system errorလို့သာယူဆပြီး dataကိုပြန်ပို့လိုက်ကြသည်။

အခုအချိန်မှာတော့,ဂိမ်းမှာချို့ယွင်းချက်တွေအများကြီးရှိနေတယ်လို့ ပို့လာတော့ သူတို့ကနေ့မနားညမနား အိုဗာတိုင်တွေဆင်းပြီးတော့
ခွေးလိုနွားလို အလုပ်လုပ်ကြရတော့၏။

ဂိမ်းကတော့ မြန်ဆန်စွာနဲ့ပဲ ပုံမှန်အတိုင်းဖြစ်သွားခဲ့သည်။ဒါကbug လေးတစ်ခုပါလို့ကြေညာပြီးတဲ့နောက်မှာတော့ ကစားသမားတွေက ပြန်ငြိမ်သွားကြပြီး ထိုပြဿနာဟာ တခြား သတင်းတွေနဲ့အဖုံးခံလိုက်ရတော့ပေသည်။

ရှီရှန်းကို တိုက်ခိုက်ဖို့ကြိုးစားတဲ့လူတွေရှိနေသေးသော်လည်း သူတို့အားလုံးကသူမရဲ့ဖျက်ဆီးခြင်းကိုခံလိုက်ရလေ၏။

[World]ချွေးမလေးဘယ်ရောက်နေလဲ:
သူ့ကိုလုံးဝသတ်လို့မရဘူးဟ!ငါတို့ဆက်တိုက်ကျရှုံးနေတာ ၃ခါလောက်တောင်ရှိနေပြီ!

[World] လေထန်နေသောခန်းမကြီး:
အဲ့တာကဘာမှမဟုတ်သေးဘူး, ငါ့teamဆို ရေလို့တောင်မရတော့ဘူးကွ!

[World] အရာရာကိုသိရှိသူ:
ဂိမ်းမှာတစ်ခုခုမှားနေတာများ ရှိနေတာလား?
ငါတို့ဘယ်လိုလုပ်ပြီးအဲ့လောက်ခက်တဲ့ dugeonမျိုးကိုတိုက်လို့ရမှာလဲဟ? ငါကြား​သေးတာတော့ ငါတို့dugeonကိုသာမဖြတ်နိုင်သေးရင် ကျန်တဲ့နောက်ပိုင်းမြေပုံတွေက ပွင့်မှာမဟုတ်ဘူးတဲ့

[World] မင်းဒယ်ဒီကအွန်လိုင်းပေါ်မှာ:
ကုမ္ပဏီက သေချာပေါက်သူတို့ရဲ့ updateပေးဖို့ကို တမင်တကာနှောင့်နှေးအောင်လုပ်နေတာပဲ ဖြစ်ရမယ်။အကယ်၍ငါတို့သာ dungeonကိုမြန်မြန်ရှင်း လိုက်မယ်ဆို သူတို့ကပိုက်ဆံတွေကိုနောက်မြေပုံအသစ်တွေအတွက် ထပ်ပြီးရင်းနှီးမြှုပ်နှံရအုန်းမှာလေ။ငါ သူတို့ရဲ့စောက်ကျင့်မကောင်းတဲ့ရည်ရွယ်ချက်တွေကို သိပြီးသား!

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now