Arc 17.11

1.9K 313 0
                                    

Unicode

လန်တောင်…

ဒဏ္ဍာရီတွေအရ ဒီတောင်ပေါ်မှာ တစ်စုံတစ်ယောက်က အထက်ဘုံကိုတက်လှမ်းနိုင်ခဲ့တယ်တဲ့။ မသေမျိုးတွေရဲ့နယ်မြေလို့တောင် သတ်မှတ်ထားကြတယ်။ ထို့ကြောင့် တခြားနေရာတွေနဲ့ယှဉ်ရင် လန်တောင်ပေါ်မှာ ချီစွမ်းအားပိုမိုများပြားတယ်။ အမှောင်ထုထဲမှာဆိုရင် ချီစွမ်းအားတွေက လန်တောင်တစ်ခုလုံးကို ပိုးအိမ်တစ်ခုလိုကာရံထားကြတယ်။

လန်တောင်ပေါ်ရောက်တာနဲ့ ဝူချန်က ကျောက်စိမ်းအဆောင်ကိုထုတ်လိုက်ပြီး..
“ဆရာဘယ်မှာလဲ..?”

“တောင်ပေါ်မှာလေ..”

‘အဲ့တာတော့သိတာပေါ့လို့..’

“ကျွန်တော်တို့ တောင်ပေါ်ကိုရောက်နေပြီ။ ဆရာ ကျွန်တော်တို့ဆီ ပျံလာလို့ရလားဟင်..?”
ဝူချန်က မဝံ့မရဲမေးလိုက်တယ်။

ကျောက်စိမ်းအဆောင်က အတော်ကြာအောင်တိတ်ဆိတ်သွားပြီး လေတိုးသံတွေ ထပ်မံထွက်ပေါ်လာပြန်တယ်။ ဒါပေမဲ့ အရိပ်လေးတစ်ခုတောင် ပေါ်မလာခဲ့ဘူး။ ဝူချန်ရဲ့မျက်နှာက ငိုချမိတော့မလိုပဲ။

“ဆရာ.. ဆရာ မလှုပ်ပါနဲ့တော့.. ကျွန်တော်မှားသွားပါတယ်.. ကျွန်တော်ဆရာ့ဆီလာခဲ့မယ်လေ မလှုပ်နဲ့တော့..”

“နင့်ဆရာဘာဖြစ်နေတာလဲ..?”

ဝူချန်က ကျောက်စိမ်းအဆောင်ကို ခနဘေးချလိုက်ပြီး..
“ဆရာက တည်နေရာမကြည့်တတ်ဘူး..”
(ရောဂါတစ်ခုလို ဘယ်နားရောက်နေသလဲဆိုတာကို မသိတာပါ..)

‘ကောင်းရော.. ဝူချန်ရဲ့ဆရာက ရူးနေတာပဲဖြစ်ရမယ်.. ကိုးဆယ်ရာခိုင်နှုန်းသေချာတယ်..”

ဝူချန်က ရှီရှန်းကိုရှင်းပြရင်း အနီးပတ်ဝန်းကျင်မှာ သူ့ရဲ့ဆရာကိုလိုက်ရှာလိုက်တယ်။ ဒါပေမဲ့ တောင်တစ်ပတ်ပျံသန်းပြီးသည့်တိုင်အောင် သူ့ဆရာရဲ့အရိပ်ကို မတွေ့ရဘူး။ ဝူချန်လည်း အားတင်းပြီးထပ်မေးလိုက်တယ်။

“ဆရာ.. လန်တောင်ပေါ်မှာရှိနေတယ်ဆိုတာ သေချာလို့လားဟင်..?”

တစ်ဖက်လူက မသေချာသလို အသံတိတ်သွားပြန်ပြီး..
“ချီစွမ်းအားအရ ဘေးနားကတောင်ဖြစ်မယ်..”

‘အခုလန်တောင်မှာမဟုတ်ဘူးပေါ့..’

ဝူချန်လည်း သက်ပြင်းရှိုက်မိတယ်..
‘စိတ်အေးအေးထား..”

“ကျွန်မတို့ကို ကြယ်တွေရဲ့အနေအထားပြောပြ..”
ရှီရှန်းလည်း မနေနိုင်တော့ပဲ ကျောက်စိမ်းအဆောင်ကို လှမ်းပြောလိုက်တယ်..

ဆရာဆိုတဲ့လူက မိန်းကလေးအသံကိုကြားတော့ ထပ်မံတိတ်ဆိတ်သွားပြန်တယ်။ အတော်ကြာမှ..
“ဝူချန်.. မင်းအချစ်ကို ရှာတွေ့ခဲ့ပြီလား..?”

“ဆရာ.. ကျွန်တော်က သူမကိုတကယ်ကြိုက်တာပါ.. ဒါပေမဲ့ သူမကတော့ ကျွန်တော့ကိုမကြိုက်ဘူး..”
ဝူချန်က ခါးသီးစွာပြောပြလိုက်တယ်..

‘ငါက သူမရဲ့မိစ္ဆာဆိုတဲ့အခြေအနေကိုတောင် စိတ်ထဲမထားတာ.. သူမက ငါ့ကိုဘာလို့မကြိုက်ရတာလဲ..?’ ခံရခက်လိုက်တာ..’

“ဟမ်..”
ဝူချန်ရဲ့ဆရာက ပြန်ဖြေလာခဲ့တယ်။

‘ဆရာဘာကိုဆိုလိုတာလဲ..?’

ရှီရှန်းကတော့ ထိုနှစ်ယောက်ကို ဖြတ်ရိုက်ပစ်ချင်စိတ်မနည်းထိန်းထားလိုက်ရတယ်..
‘ဒီအချိန်မှာတောင် စကားစမြည်ပြောနိုင်ကြတုန်းပဲ..’

နောက်ဆုံးက ရှီရှန်းကပဲသတိပေးလိုက်ရပြီး ဝူချန်ရဲ့ဆရာက သူ့ရဲ့တည်နေရာကိုပြောပြလာခဲ့တယ်။ ရှီရှန်းတို့လည်း ဓားပျံစီးပြီးလိုက်ရှာရတော့တယ်။

ပုံရိပ်လေးတစ်ခုက မှောင်ရိပ်တစ်နေရာမှာ မတ်တပ်ရပ်နေခဲ့တယ်။ သူ့လက်ထဲမှာရှိတဲ့ ကျောက်စိမ်းပြားရဲ့အလင်းရောင်ကြောင့် သူ့ရဲ့မျက်နှာကို မသဲမကွဲမြင်နေရတယ်။ မှောင်မိုက်နေတဲ့ထိုနေရာမှ သူက တစ်ခုတည်းသောအလင်းပဲ။

[လျှို့ဝှက်မစ်ရှင် : အိမ်ထောင်ပြုပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းပါ ]
System က ရုတ်တရက်တာဝန်ပေးလာခဲ့တယ်။
‘Master ကျွန်တော်ထင်တာတော့ သူမ,ဘယ်လိုပုံစံနေနေ ဇာတ်ကြောင်းမပြောင်းဘူးနော်..’

ရှီရှန်လည်း မျက်လုံးပင့်လိုက်ပြီး ဓားပျံပေါ်ကခုန်ဆင်းကာ ထိုပုံရိပ်ဆီကိုအပြေးသွားလိုက်တော့တယ်။

“ရှောင်ရီ..”
ဝူချန်က လှမ်းတားလိုက်တယ်။

ဒါပေမဲ့ သူမကအရမ်းမြန်လွန်းတော့ ဝူချန်လည်းမတားနိုင်လိုက်ဘူး။ ဘာမှမလုပ်နိုင်ခင်မှာပဲ ဝူချန်ရဲ့ဆရာက ရှီရှန်းကြောင့် လဲကျသွားတော့တယ်။ ထို့နောက် ဆိုးရွားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့တော့တယ်။

နှစ်ယောက်စလုံး လုံးထွေးသွားခဲ့ပြီး တောင်ပေါ်ကနေ ရုတ်တရက်ပြုတ်ကျသွားပါလေရော။ တောင်ပေါ်ကလိမ့်ကျလာတဲ့ ကျောက်တုံးအပိုင်းအစတွေက သူမရဲ့ကျောပြင်ကိုရိုတ်ခတ်လာတာကြောင့် ရှီရှန်းလည်း နာကျင်မှုကို အံကြိတ်သည်းခံရတော့တယ်။ စွမ်းအားသုံးချင်ပေမယ့် အချည်းနှီးပဲ။

‘ဖာ့ခ်.. သုံးမရဘူးလားဟ..’

ထိုအခိုက်အတန့် System ပေးခဲ့တဲ့လက်ဆောင်ကို သတိရသွားခဲ့တယ်။
‘“ကံကောင်းခြင်းအမှတ် 30% လျော့ကျသွားပါသည်.. ဟီးဟီး…”

ဝူချန်ရဲ့ဆရာက သူမ,စွမ်းအင်အသုံးမပြုနိုင်တာကို သတိပြုမိလိုက်တာနဲ့ ရှီရှန်းရဲ့ခါးကို ပွေ့ဖက်လာခဲ့တယ်။ ပြုတ်ကျလာတဲ့တလျှောက် ဘာကိုမှသဲသဲကွဲကွဲမမြင်ရပေမယ့် ကျောက်ခဲနဲ့မြေပြင်ရိုက်ခတ်သံတွေကို ကြားလိုက်ရတယ်။ ထို့နောက် သူမတို့နှစ်ယောက်လည်း မြေပြင်ပေါ်ကိုပြတ်ကျသွားခဲ့ပြီး အရိုးကျိုးသံတစ်ချို့ကို ပီပီပြင်ပြင်ကြားလိုက်ရပြန်တယ်။

ရှီရှန်းက ထိုလူရဲ့ကိုယ်ပေါ်မှာ မှောက်လျက်အနေအထားနဲ့ ကားယားကြီး။ ရုတ်တရက် တုန်ခါသံတစ်ခုကို ကြားလိုက်ရတယ်။ သူ့ရဲ့နှလုံးခုန်သံကို ရှီရှန်းတစ်ယောက် အတော်ကြာအောင် နားထောင်မိနေခဲ့တယ်။

‘နှလုံးခုန်သံလေးက သိမ်မွေ့လိုက်တာ…”

ရှီရှန်း ထရပ်မလို့ပြင်လိုက်သည့်အချိန် ထိုလူကတားဆီးလိုက်ပြီး လေသံခပ်တိုးတိုးဖြင့်..
“မလှုပ်နဲ့..”

“ရွှစ်..”

အသံတစ်ခုက တိတ်ဆိတ်ငြိမ်ဆိတ်နေတဲ့ထိုနေရာမှာ ရှင်းလင်းပြတ်သားစွာ ပေါ်ထွက်လာခဲ့တယ်။ သူမ,အောက်ကလူကလည်း သူမရဲ့ခါးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့တယ်။ ရုတ်တရက် အေးစက်စက်ခံစားချက်တစ်ခုက သူမရဲ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားခဲ့တယ်။

ပျော့စိစိတွားသွားသတ္တဝါတစ်ကောင်က ရှီရှန်းရဲ့ခါးပေါ်မှာတွားသွားနေတာကြောင့် သူမရဲ့ဆံပင်တွေ ထောင်ထသွားသလိုပဲ။ ရှီရှန်းခမျာ တုန်ယင်သွားရတယ်။ ချက်ချင်းခုန်ထလိုက်ပြီး သူမအပေါ်တက်ရဲတဲ့ထိုသတ္တဝါကို သတ်ပစ်လိုက်ချင်တယ်။

ဒါပေမဲ့ သူမအောက်ကလူကြောင့် လှုပ်လို့မရဘူး။ ကြည့်ရတာ မြွေတစ်ကောင်ဖြစ်မယ်ထင်တာပဲ။ အတော်ကြာတော့ ထိုသတ္တဝါက ရှီရှန်းရဲ့ခန္ဓာကိုယ်ပေါ်ကနေ အဝေးကိုထွက်သွားတော့တယ်။

ရှီရှန်း သက်ပြင်းချလိုက်ရုံပဲရှိသေးတယ်။ ထိုသတ္တဝါက ပြန်ရောက်လာပြန်တယ်။

“သောက်ကျိုးနည်း.. အဲ့အကောင် ပြန်တက်လာပြန်ပြီ.. တွားသွားနေတာဆိုတော့ မြွေတစ်ကောင်ပဲဖြစ်ရမယ်..’

ရှီရှန်း တုန်ရီလာတယ်…
‘အဲ့အကောင်က တကယ့်ကိုမနှစ်မြို့စရာပဲ.. စိတ်ရှုပ်ဖိုကောင်းလိုက်တာ.. အဲ့အကောင်ကို သတ်ပစ်မှဖြစ်တော့မယ်.. ဘယ်မှာလဲငါ့ဓား..? သေစမ်း.. ငါ့နားမှာမရှိဘူးဟ..’

ရှီရှန်းလည်း Space ထဲကနေ ဓားနောက်တစ်ချောင်းထုတ်လိုက်တယ်။ ဒါပေမဲ့ သူမ,ဘာမှမလုပ်ရသေးခင် တစ်စုံတစ်ယောက်က ခါးကိုဖက်ပြီးတာလိုက်တယ်။ သူ့ရဲ့အပူငွေ့က ခါးမှတဆင့် သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့တယ်။

ရှီရှန်းက သူမအောက်ကလူကို မသိမသာကြည့်လိုက်တယ်။ သူမရဲ့နှုတ်ခမ်းတွေက ရုတ်တရက်နွေးထွေးသွားခဲ့တော့၏။ နှစ်ယောက်သားနမ်းရှိုက်နေရင်း အသက်ရှူသံကို ဖလှယ်နေမိကြတယ်။

သူ့ရဲ့အသက်ရှူသံက အရမ်းကိုရင်းနှီးလွန်းတယ်.. ဖျော့တော့ပေမယ့် သိသာလွန်းတယ်.. စိတ်ဝိဉာဉ်အပေါ်မှာ တံဆိပ်ရိုက်နှိပ်ထားသလိုကို ရင်းနှီးနေတာ…

‘သူဆိုတာ ငါသိသားပဲ.. ဖာ့ခ်..’

ရှီရှန်းက အသက်ရှူလို့ရအောင် တစ်ချက်ကိုက်လိုက်တယ်။ သူမခါးကိုဖက်ထားတဲ့လက်က ရုတ်တရက်တင်းကျပ်သွားခဲ့ပြီး ထိုလူက ခေါင်းစောင်းကာ လက်ကိုခါထုတ်လိုက်တယ်။ ကြည့်ရတာ သူမနောက်ကျောပေါ်မှာ တွားသွားနေတဲ့အကောင်ကို ဖယ်ရှားပေးလိုက်တာထင်တယ်။

“ရွှစ်..”

သူက ရှီရှန်းကို ဖက်ပြီးလှိမ့်လိုက်တယ်။ ရှီရှန်းလည်း သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကနေ အမြန်ထလိုက်ပြီး Space ထဲကနေ ညလင်ကျောက်တစ်ခုကို ယူထုတ်လိုက်တော့ သူမတို့ရောက်နေတဲ့နေရာတစ်ခုလုံးက ရုတ်တရက်လင်းရှင်းသွားတော့တယ်။

သူမပေါ်မှာတွားသွားနေခဲ့တဲ့အကောင်ကို လှမ်းကြည့်လိုက်တော့ မြွေမဟုတ်ဘူးပဲ။ ကင်းခြေများနဲ့တူပေမယ့် ခြေထောက်အနည်းငယ်ပဲပါပြီး ခရုတစ်ကောင်လိုမျိုး။ ပြီးတော့ ခုနစ် သို့မဟုတ် ရှစ်မီတာလောက် ရှည်မယ်ထင်တယ်..

‘ဘာကြီးတုန်းစ.. ဗီဇပြောင်းသတ္တဝါများလား..?’

အလင်းရောင်က ထိုသတ္တဝါရဲ့အာရုံကို ဆွဲဆောင်လိုက်ဟန်တူတယ်။ ရုတ်တရက်ခေါင်းမော့လာပြီး ရှီရှန်းကို တိုက်ခိုက်လာပြန်ရော။ ရှီရှန်းကလည်း ဓားနဲ့ခုတ်ပစ်လိုက်တယ်။ ထိုသတ္တဝါက အရမ်းပျော့ပျောင်းလွန်းတော့ အလွယ်တကူ ရှောင်ရှားသွားခဲ့တယ်။ ဒါပေမဲ့ ရှီရှန်းက ပိုမြန်အောင်လှုပ်ရှားလိုက်ပြီး ထိုသတ္တဝါပြန်မလှည့်နို်ငခင် ဓားနဲ့ခုတ်ပစ်လိုက်တယ်။

“ရွှစ်.. ရွှစ်..”
ထိုသတ္တဝါက အတော်ကြာအောင်ရုန်းကန်နေပြီး အမှောင်ထဲကို တိုးဝင်ပျောက်ကွယ်သွားတော့တယ်။ ထို့နောက် နေရာတစ်ခုလုံး တိတ်ဆိတ်သွားတော့၏…

စိမ်းသက်တဲ့ပတ်ဝန်းကျင်ဆိုတော့ ရှီရှန်းလည်း ထိုအကောင်ကိုလိုက်မဖမ်းရဲဘူး။ ညလင်းကျောက်ကိုသုံးပြီး အနီးတစ်ဝိုက်ကို အကဲခတ်လိုက်တယ်။ နေရာတစ်ခုလုံးက လူ သို့မဟုတ် တိရစ္ဆာန်အလောင်းတွေနဲ့ ပြန့်ကျဲနေတာပဲ။ အရမ်းခြောက်ခြားစရာကောင်းလွန်းတယ်။

ရှီရှန်းက ညလင်းကျောက်ကိုသုံးပြီး အရိုးစုတစ်ခုဘေးမှာ လဲလျောင်းနေတဲ့လူကို လှည့်ကြည့်လိုက်တယ်။

“ရှင်အဆင်ပြေရဲ့လား..?”
ရှီရှန်းက သူ့အနားကိုလျှောက်သွားလိုက်ပြီး ထရပ်ဖို့ကူညီပေးလိုက်တယ်။

“ဟင့်အင်း..”
သူ့ရဲ့အသံက တည်ကြည်လေးနက်သလို ကြင်လင်ပြတ်သားတယ်။ ကြည့်ရတာ အဆင်ပြေတဲ့ပုံပဲ..

ရှီရှန်းက သံသယမျက်ဝန်းဖြင့်ကြည့်လိုက်ပြီး..
“ဘာဖြစ်လို့လဲ..?”

“အဲ့အကောင်ပြန်လာခဲ့ရင် မကောင်းဘူးလေ..”

‘ဖာခ့် နည်းနည်းပိုရှင်းလင်းအောင် မပြောတတ်ဘူးလား..?’

ရှီရှန်းက ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်။ ဒီနေရာက ခုနကအကောင်နေတဲ့လှိုဏ်ဂူပဲဖြစ်ရမယ်။ အကောင်ကတော့ ခုနလေးတင် ထွက်သွားခဲ့ပြီ။ ရှီရှန်းလည်း Space ထဲကနေ မန္တာန်အစီအရင်တချို့ထုတ်လိုက်ပြီး အပေါက်ဝနားမှာထားလိုက်တယ်။

ထိုလူက သူမကို တိတ်တဆိတ်ငေးကြည့်နေပြီး အမှောင်ထုက သူ့ရဲ့အမူအရာကို ဖုံးကွယ်ပေးထားခဲ့တယ်။

……………………………………..


Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now