Arc 18.6

1.2K 155 0
                                    

Unicode

Unicode
-------------

ကုန်တင်ကား က လူတွေနဲ့ ပြည့်နေတယ် ။ ယောက်ျားလေးတွေ ၊ မိန်းကလေးတွေ နဲ့ ကလေးတွေ ။ အဲ့ဒီ မှာ အတော်လေး များပြားတဲ့ အစာ တွေလည်း ရှိတယ် ။

ခုနလေး ကမှ ကုန်တင်ကား ပေါ် ကယ်တင်ခံလိုက်ရတဲ့ သူတွေက ကားပေါ်မှာရှိတဲ့ အစားအစာတွေကို မြင်လိုက်ရတဲ့ အခါ သူတို့ ပျော်ရွှင်သွားကြတယ်။ အစားအစားတွေက ဒီမှာ ရှိနေတာပဲ ။

သတ်လတ်ပိုင်း လူကြီး တစ်ယောက်က ဘီစကွတ် မုန့်ထုတ် တစ်ချို့ကို ပစ် ပေးပြီးတော့    " အရင်ဆုံး ဗိုက်ပြည့်အောင် ဒီ ဘီစကွတ်တွေကို စားလိုက်"

"ကျေးဇူးတင်ပါတယ် " သူတို့ကို ဘီစကွတ်တွေကို ဖမ်းယူလိုက်ကြတယ်။ ပြီးတာနဲ့ ဖွင့်ဖောက်ပြီး တစ်ကိုက်တည်းနဲ့ အကုန် စားပစ်လိုက်ကျတယ်။

ထောင့်တစ်ထောင့်က ကောင်မလေး က သန့်ရှင်းတဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထား ပြီး ထိုလူအုပ်စု ကို ကြည့်လိုက်စဥ်မှတော့ နှာခေါင်းရှုံသွားသည် ။

သူမ က အဓိက ဓာတ်လိုက်မ မူရှင်း ဖြစ်သည်။

သူမက ဇွန်ဘီတွေ ဆီကနေ ထွက်ပြေးရင်း လမ်းပျောက်သွားခဲ့သည်။ သူမသည် မူလက သူမ၏မိဘများကို ရှာဖို့ သွားရန် ဆုံးဖြတ်ခဲ့သည်။

သူမလမ်းပျောက်သွားကတည်းက သူမ နောက်တစ်ကြိမ် ပြန်သွားရှာ ဖို့ကလွဲလို့ရွေးချယ်စရာမရှိပါ ။ သူမ မိဘတွေကို ရှာတွေ့ခဲ့တယ်။

မမျှော်လင့်ဘဲ သူမ၏အိမ်တွင် လူတစ်စု ရှိခဲ့သည်။  သူမ၏အဒေါ်များနှင့်အိမ်နီးချင်းများ အားလုံး ရှိနေသည်။

သူမရဲ့အဖေဟာကူညီတတ်တဲ့လူတစ်ယောက်ပါ။  သူမသည်သူမ၏အိမ်တွင်အခြားသူများရှိရန်မျှော်လင့်ခဲ့သော်လည်း လူများစွာရှိလိမ့်မည်ဟုသူမ မမျှော်လင့်ခဲ့ပေ။ ထိုထဲတွင် ကလေးငယ် တစ်ယောက် တောင် ပါဝင်နေသည်။

သူမ ဒီလူတွေကို ခေါ်မသွားချင်ဘူး။  ငါ့မှာ ပြန်ဖြည့်တင်းဖို့ စူပါမားကတ်ရှိပေမယ့် စူပါမားကက်မှာ လဲလှယ်ဖို့တစ်ခုခု သုံးရသေးတယ်။ ဘယ်လိုလုပ် ဒီလောက်များပြားတဲ့ လူတွေကို ထောက်ပံဖို့ ဖြစ်နိုင်မှာလဲ ။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now