Arc 20.15

240 26 0
                                    

Unicode

ကြီးမြတ်သောဂျူလိုင်သည် ထိုအရာကို မဖြစ်နိုင်သောအရာဟုပင် ခံယူထားခဲ့သည်။

တကယ်တော့...သူမကလျှောက်စဖို့လုပ်နေတာကို။

သူမ အမှန်ပင် ထိုdugeonအားဝင်ပြီး ထိုဂုဏ်ပုဒ်အား ရမည်မထင်ထားခဲ့။

ဘု!ရား!ရေ!

ဒီNPCက စောက်ကြမ်းကြီးဟ!

ဟွေးမန်မန်World channel ကြီးတွင် အမှန်ပင်ဆူညံသွား၏။ အတော်များများသည် သူတို့၏ နာမည်အား မပြောင်းလိုက်မိခြင်းအား အမှန်ပင် နောင်တရနေကြသည်။ လရိပ်ရောင်လှံတံသည် ရှန်းဂျွဲ့နန်းတော်တွင် မရှိလျှင်တောင် တခြားပစ္စည်းများတော့ရှိ ပေလိမ့်မည်။။

[World] ဟွေးမန်မန်ရဲ့ ဂျူလိုင်လေး "ဟီးဟီး ငါရလိုက်တာက ‘ရဲ့ရင့်ကာ လွှမ်းမိုးနိုင်သော သူရဲကောင်း’ ဆိုတဲ့ဂုဏ်ပုဒ်ပဲဟဲ့"

[World] အဘိုးကြီး လူတွေကို အရူးလုပ်နေတာ တော်တော့, "..."

[World] မင်းdaddyက အွန်လိုင်းပေါ်မှာ, “
"ရက်စက်သောအပျိုကြီးက အရမ်းကပ်စေးနှဲတာပဲ ဘာလို့ ပစ္စည်းတွေ အကုန် အပိုင်သိမ်းထားတာတုန်း"

[World] ဟွေးမန်မန်, "dugeonကို ရှင်းနိုင်ဖို့ ငါတစ်ယောက်တည်းနဲ့လည်း လုပ်ပေးရသေးတယ် ပြီးတော့ နင်က ငါ့ပစ္စည်းတွေကို လိုချင်သေးတာလား"

[World] ဟွေးမန်မန်ရဲ့ ဂျူလိုင်လေး, "ဒါပေမယ့် ငါက နင့်ရဲ့ ဖန်ဂဲလ်လေးလေ ငါ့ကို နည်းနည်းပါးပါးလေး ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခုတော့ မလုပ်ပေးသင့်ဘူးလား"

[World] ဟွေးမန်မန်, "မကြာခင် ငါ့ဖန်ဂဲလ်တွေက တစ်ကမ္ဘာလုံးမှာ ရှိတော့မှာ  နင်မရှိလို့ ဘာမှမဖြစ်သွားဘူးရယ်"

[World] အရှုံးသမားများအား ကြည့်နေသည်, "puff!"

[World] ဟွေးမန်မန်ရဲ့ ဂျူလိုင်လေး, "ငါနဲ့အချိန်တူတူကုန်ဆုံးပြီး အဲ့လိုပစ်ထားသွားတယ်ဆိုတာ မယုံနိုင်ဘူး "

[World] ဟွေးမန်မန်, "ယောကျာ်းတစ်ယောက်က နင်နဲ့တူတူ နေပြီး ပိုက်ဆံမပေးမှ အဲ့စကားကိုပြော၊ ခုက ငါနင်နဲ့ အိပ်တောင်မအိပ်ရသေးတာ အဲ့စကားမသုံးစမ်းပါနဲ့"

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now