Arc 16.7

3K 458 6
                                    

Unicode

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[7]

ရှီရှန်းရဲ့နောက်ဆုံး ဇာတ်ဝင်ခန်းတွေကို အပြင်ဘက်မှာသွားရိုက်ရတာဖြစ်တယ်။

ရုပ်ရှင်ထဲက အမျိုးသားဇာတ်လိုက်နဲ့အမျိုးသမီးဇာတ်လိုက်က လူတွေလိုက်ဖမ်းတာခံရပြီး ရှီရှန်းသရုပ်ဆောင်နေတဲ့ ဇာတ်ကောင်နဲ့ပြန်ဆုံသွားတာဖြစ်တယ်။သူတို့ကိုကာကွယ်ဖို့အတွက် သူမကမိုးရွာနေတဲ့ညမှာ တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံးသေသွားခဲ့ရတယ်။ 

ဒါရိုက်တာက ထိုဇာတ်ဝင်ခန်းကိုရိုက်ဖို့အတွက် မိုးရွာတဲ့ညကိုစောင့်နေခဲ့တာကြာပြီဖြစ်တယ်။ 

ရှီရှန်းရဲ့ကိုယ်ပေါ်မှာ အသံမြည်တဲ့သတ္တုနဲ့ဆင်ထားတဲ့ ဝတ်စုံကိုဝတ်ဆင်ထားတုန်းဖြစ်တယ်။ 

"ရှောင်ရှန်း တစ်ချက်တည်းနဲ့အပြီးသတ်ဖို့ကြိုးစားရအောင်"ဒါရိုက်တာကျုံးကပြောလိုက်တယ်။

သူကရှီရှန်းနဲ့love-hate relationship ရှိသူဖြစ်တယ်။ သူ သူမနဲ့ရင်ဆိုင်လိုက်တိုင်း သူဒီရုပ်ရှင်ဘုရင်မရဲ့ ဆူးနဲ့တူတဲ့စကားလုံးတွေနဲ့ သူ့စကားတွေကိုလုပြောတာကို အနည်းငယ်တော့ နှစ်ခြိုက်မိတယ်။ 

"ကိစ္စမရှိပါဘူး"ရှီရှန်းက သူမလည်ပင်းကိုခါလိုက်ပြီး သူမနဲ့မနီးမဝေးမှာရှိနေတဲ့ ဝမ်ချောင်နဲ့ကျန်းပိုင်ယွီကို ဖျက်ခနဲကြည့်လိုက်တယ်။"သူတို့ငါလက်ထဲမှာ ရှိနေသရွေ့ ရိုက်ချက်တစ်ချက်တည်းတင် အဆင်ပြေတယ်။"

"......"

အမှန်ဆို သူမကအခုထိကိုစိတ်တိုစရာကောင်းတုန်းပဲ။ 

ထို့နောက်ဒါရိုက်တာက ထီးယူပြီး သူတို့နဲ့ဆွေးနွေးဖို့ထွက်သွားတယ်။ 

"မစ်,အအေးမမိအောင် ဆေးသောက်လိုက်ပါ။"အမမိန်ကဆေးကို ရှီရှန်းဆီကမ်းပေးလိုက်တယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမိုးသည်းနေတဲ့ထဲ တိုက်ခိုက်နေရတာ ကာကွယ်ရာရောက်အောင် တစ်ခုခုတော့လုပ်ရမှာပဲ။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now