Arc 16.27

1.9K 250 6
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[27]

လင်းဇီနန်ကကုချီကို နှစ်သစ်ကူးအစီအစဉ်အကြောင်းမေးဖို့ ရောက်လာခဲ့တယ်။ 

ကုမိသားစုလိုကြီးမားတဲ့မိသားစုတစ်ခုအနေနဲ့ နေ့တစ်နေ့စီတိုင်းအတွက် အသေးစိတ်ကစစီစဉ်ထားရတာပဲ။ 

ကုချီအိမ်မပြန်ဖြစ်တာနှစ်နည်းနည်းလောက်ရှိနေပြီဆိုပေမယ့် လင်းဇီနန်ကတော့နှစ်တိုင်း အိမ်ပြန်ဖို့အချိန်စာရင်းဆွဲထားပေးတယ်။ 

"နတ်ဘုရားမ,ဘော့စ်ကိုဖျောင်းဖျပေးပါဦး။ပြီးခဲ့တဲ့နှစ်သစ်ကူးတွေမှာ သူအိမ်မပြန်ခဲ့ဘူးလေ၊အဲဒါကနှစ်သစ်ကူးအတွက်အခွင့်အလမ်းတစ်ခုဆိုတာ နတ်ဘုရားမလည်းသိတာပဲ ကျွန်တော်လည်းအိမ်ပြန်ရမယ်၊ ဘော့စ်ကအမြဲတမ်းတစ်ယောက်တည်းဖြစ်နေတာ၊ဒီမှာတစ်ယောက်တည်းဖြစ်နေတာသူ့ကို အထီးကျန်အားငယ်စေလိမ့်မယ်၊ကြည့်ရုံနဲ့တင်ကျွန်တော့်နှလုံးသားကို နာကျင်စေတယ်"

"ကုမိသားစုကဂရုမစိုက်ဘူးလား?" 'ကုမိသားစုကသူတို့သားကို အရမ်းချစ်တယ်လို့ပြောဖူးတယ်မလား?သူတို့ဘယ်လိုလုပ်ဂရုမစိုက်ရတာလဲ?'

လင်းဇီနန်ခေါင်းကုတ်လိုက်တယ်။"သူတို့သာတတ်နိုင်မယ်ဆို ဘော့စ်ကိုတစ်ယောက်တည်းထားထားမှာမဟုတ်ဘူး၊သူတို့လည်းဒီလိုလုပ်ဖို့ မတတ်နိုင်တာမို့ ဘာမှမလုပ်ရဲတာပေါ့"

ကုချီအိမ်ပြန်ဖို့ငြင်းပယ်ခဲ့တဲ့ ပထမတစ်နှစ်တုန်းက ကုမိသားစုဝင်တစ်ယောက်က သူ့နေတဲ့နေရာကိုရောက်လာပြီး သူ့ကိုမိသွားခဲ့တယ်။ 

ဒုတိယတစ်နှစ်ကျတော့ ကုချီကအပြင်မှာတစ်ညလုံးအချိန်ဖြုန်းခဲ့တာကြောင့် လဝက်လောက်ဖျားသွားရတယ်။ 

အဲ့ကတည်းကစပြီး ကုမိသားစုကလူတွေက ဘာမှထပ်မလုပ်တော့ဘူး။ 

"နောက်ဆိုရင် ကျွန်တော်ခဏခဏလာဖြစ်မှာမဟုတ်တော့ဘူး၊ဘော့စ်ကို နတ်ဘုရားမနဲ့အပ်ခဲ့မယ်နော်" 'သူ့ဝမ်းကွဲလေးကလက်ထပ်တော့မယ်၊ဒီတော့သူမအတွက်အကူအညီဖြစ်အောင် ငါအိမ်ပြန်ရတော့မယ်'

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now