Arc 19.22

1.7K 269 2
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၂၂)

ထိုအဖြစ်အပျက်ရဲ့နောက်ဆက်တွဲအနေနဲ့ ရှီရှန်းပါ ထပ်မံပါဝင်ပတ်သက်လာတော့သည်။
ဘာကြောင့်လဲဆိုတော့ သူမက လျန့်ချင်းအမှု၏သံသယရှိသူဖြစ်ရုံသာမက ရှောင်လင်းလုံ၏အခင်းဖြစ်ပွားရာနေရာတွင် သူမလည်း ရှိနေတာကြောင့်ဖြစ်သည်။
လျန့်ချင်း သတ်ခံရသည့် အမှုရဲ့သံသယရှိသူဖြစ်သွားခြင်းနှင့် ရှောင်လင်းလုံရဲ့အခင်းဖြစ်ပွားရာနေရာတွင် ရှိနေခြင်းသည် တိုက်ဆိုင်မှုသာဖြစ်သည်ဟု netizenတွေက ယူဆကြသည်။

ရှောင်လင်းလုံတွင် ပရိသတ်အများကြီးမရှိသော်လည်း သူမကို ရှောင်မိသားစုက ကျောထောက် နောက်ခံရှိတာကြောင့် စီးပွားပျက်သွားသည့် စီအီးအိုရဲ့အခြေအနေသည် အခုအချိန်တွင် အဆင်မပြေနေလောက်ပေ။

သေချာတာကတော့ ၎င်းမှာ အပြင်လူများ၏အမြင်သာ ဖြစ်သည်။
အခြားတစ်ဘက်တွင် ရှီရှန်းက သူမဘဝကို ကြော့ကြော့မော့မော့ နေထိုင်နေလေသည်။

" စီအီးအိုလျှို၊ ရှင် ရူးနေတာ မဟုတ်ဘူးဆိုတာ သေချာလား " လျန့်ချင်းကို သတ်သည့် လူသတ်သမားကို ဖမ်းမိထားပြီး ရှောင်လင်းလုံရဲ့အမှုအတွက် သူမတွင် အလီဘိုင်ရှိနေသော်လည်း စီအီးအိုလျှိုက ထိုသူနှစ်ယောက်ကို သတ်ခဲ့သလို ထို netizen များက စွပ်စွဲစော်ကားနေကြသေးသည်။

" နင် တစ်ချိန်လုံး ဒေါသထွက်နေရင် မြန်မြန်အိုလာလိမ့်မယ် " ရှီရှန်း ဟန်ရှောင်ရဲ့မျက်လုံးထောင့်ကို ပြလိုက်သည်။ " ကြည့်လိုက်ဦး၊ နင် အရေးအကြောင်းတွေ ပေါ်နေပြီ "

" စီအီးအိုလျှို... " အခု သူမ၏အရေးအကြောင်းတွေအား သူမ ဂရုမစိုက်နိုင်သေးချေ။

" ပါးစပ်နဲ့ လက်တွေက သူတို့ကိုယ်ပေါ်မှာ ရှိနေတာကို...ငါက အားလုံးကို သွားဖြတ်ပစ်လို့မှ မရတာ ဟုတ်တယ်မလား " ရှီရှန်း မချုပ်တည်းနိုင်ဘဲ သူမမျက်လုံးတွေကို လိမ့်လိုက်တော့သည်။ " နင်က ငါ့ကို အကျဉ်းထောင်အုပ်ချုပ်သူ ဖြစ်စေချင်နေတာလား...ငါ့မျက်နှာကို ကြည့်လိုက်၊ ငါက အကျဥ်းထောင်ရဲ့ပန်းပွင့်လေးဖြစ်မှာတော့ သေချာတယ် "

ဟန်ရှောင် " ... " ဒီလိုအချိန်မှာ ရှင် ဟာသ လုပ်နိုင်သေးတယ်၊ ကောင်းပါပြီ ရှင် နိုင်ပါတယ်။
ပြောရရင် ရှင်က အကျဉ်းထောင်ရဲ့ပန်းတစ်ပွင့်လေးတော့ ဖြစ်မှာမဟုတ်ဘူး။
ရှင်က အကျဥ်းထောင်ရဲ့အာဏာရှင်ပန်းလေး ဖြစ်လာမယ့် အလားအလာ ပိုရှိတယ်။

......

ဒေဝါလီခံသွားရတဲ့ စီအီးအိုအရူးမလည်းဖြစ်ပြီး လူသတ်မှုရဲ့သံသယရှိသူလည်းဖြစ်တဲ့အတွက် အဆင့်မြင့်လေလံပွဲတစ်ခုသို့ ၀င်လာသည့်အခါ ရှီရှန်းအနေနဲ့ သံသယနှင့် ဝေဖန်မှုကို လွယ်လွယ်ကူကူ ရရှိနေတော့သည်။

မုပိုင် ရှီရှန်းကို တွေ့တာနဲ့ သူက ချက်ချင်းပဲ သူမဆီ တည့်တည့်မတ်မတ် ရောက်ချလာလေသည်။ " မစ္စလျှို၊ မင်း လာတယ် "

" မလိုဘူး၊ ကျေးဇူးပဲ " ရှီရှန်းက သူ့ကို ကျော်သွားသည်။

မုပိုင် ဆွံ့အသွားပြီး ခဏကြားမှသာ သူ ပြန်တုန့်ပြန်နိုင်တော့သည်။ " မစ္စလျှိုက ဒီနေရာကို စိမ်းသက်တာမျိုးဖြစ်နိုင်တယ်...ကျွန်တော် မင်းကို လှည့်ပတ်ပြပေးနိုင်ပါတယ် "

" ရှန့်ကောကို ကျွန်တော် ကူညီပေးနိုင်တယ်၊ မစ္စတာမုကို ဒုက္ခပေးစရာ မလိုပါဘူး " အသံတစ်သံက ရုတ်တရက် ကြားဝင်နှောင့်ယှက်လိုက်သည်။

ယဲ့ကျန်းက ရှီရှန်းဘေးကို လျှောက်သွားပြီး သူမကို ရေးရေးလေး ပြုံးပြလိုက်သည်။ " ရှန့်ကော၊ မင်း ကိုယ့်ကို ဘာလို့မစောင့်တာလဲ...ဒီမှာ လူအရမ်းရှုပ်တာကို မင်း ပျောက်သွားရင် ကိုယ် သေလောက်အောင် စိုးရိမ်ရလိမ့်မယ် "

ရှီရှန်း မရိုးမသား ပြုံးလိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ " ငါ နင့်ကို သိလို့လား "

ယဲ့ကျန်းရဲ့အပြုံးက ချက်ချင်း အေးခဲသွားသည်။ သူက ရှီရှန်းကို အပြင်းအထန် မျက်လုံးမှိတ်ပြနေသည်။ <i> ကျေးဇူးပြုပြီး ငါ့ကို မျက်နှာမပျက်အောင် ကယ်တင်ပေးပါ </i>

အရူးကောင်နဲ့ နှာဘူးကောင်။

ရှီရှန်းက သူတို့နှစ်ယောက်စလုံးကို မတုန့်ပြန်ချင်ပေ။ ထို့ကြောင့် ယဲ့ကျန်းက မျက်နှာမပျက်အောင် ကယ်ဖို့ တောင်းဆိုတဲ့အခါ သူမ လှည့်ထွက်သွားတော့သည်။

တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေတဲ့ ယောကျာ်းနှစ်ယောက်သာ ကျန်တော့သည်။

" သူမကို တစ်ယောက်တည်း ထားလိုက်ပါ "

" သူမကို တစ်ယောက်တည်း ထားလိုက်ပါ "

သူတို့နှစ်ယောက်လုံး တစ်ချိန်တည်းနီးပါး ပြောလိုက်သည်။
သူတို့ တစ်ယောက်ကို တစ်ယောက် သုံးစက္ကန့်လောက် စိုက်ကြည့်ပြီးနောက် သူတို့ တစ်ပြိုင်နက်တည်း လှည့်ထွက်သွားတော့သည်။

ရှီရှန်းက သူမရဲ့ဖိတ်စာနဲ့ လေလံခန်းမထဲကို ၀င်လာလိုက်သည်။ အထဲက အနည်းငယ် မှိန်ကာ ထိုင်ခုံအများစုက လူရှိပြီးသားဖြစ်သည်။
သူမထိုင်ခုံကို ရှာတွေ့ပြီး ထိုင်ချလိုက်ချိန်တွင် ကျန်းကျွိက သူမဘေးမှာ ထိုင်နေတာကို သူမ သိသွားတော့သည်။

ကျန်းကျွိ : " !!! "
ဒီအရူးမက ဘာလို့ဒီမှာရှိနေတာလဲ??

" ကျန်းကျွိ၊ နင် ရာဇဝတ်မှုကို ဖြေရှင်းစရာ မလိုဘူးလား " ရှီရှန်း သူမခြေထောက်တွေကို ချိတ်ပြီး ထိုင်လိုက်သည်။ ခပ်မှိန်မှိန်အလင်းရောင်အောက်တွင် သူမရဲ့ရင်ကြားနေရာက ထူးထူးခြားခြား စွဲမက်ဖွယ်ကောင်းနေသည်။

" ငါ လေလံပွဲကို လာလို့မရဘူးလား " ကျန်းကျွိက သူမကို ရက်စက်စွာ ကြည့်လိုက်သည်။

" နင်က ခြူးပြားတစ်ပြားမှ မရှိတဲ့ကောင်လေ " ရှီရှန်း သူ့အခြေအနေကို အတိအကျ ပြောလိုက်သည်။

" မင်းလည်း မွဲနေတာပဲလေ " ကျန်းကျွိက ပေတေတေဖြင့် ပြန်ပြောလိုက်သည်။ ဒီအရူးမက ဒေဝါလီခံသွားပြီးတာတောင် သူများရဲ့စီးပွားရေးအခြေအနေကို လှောင်ပြောင်ရဲသေးတယ်။

" ငါ မွဲနေမှန်း နင် ဘယ်လိုသိလဲ " ရှီရှန်းက လေတစ်လုံး မိုးတစ်လုံးနဲ့ မေးသည်။

" မင်းက ကျိကျိတက် ချမ်းသာနေရင် မင်း ဘာလို့ဒေဝါလီခံသွားရတာလဲ "
ရှီရှန်းရဲ့အမူအယာက မောက်မာမှုနဲ့ ပြည့်နေသည်။ " ငါ အလိုရှိတာကြောင့်လေ " အဲ့ဒါကြောင့် သူမ ဒေဝါလီခံလိုက်တာပေါ့။

ကျန်းကျွိ : " ... " မင်းကို သတ်ဖို့ မင်းမိဘတွေ သူတို့ရဲ့အုတ်ဂူထဲကနေ ခုန်ထွက်လာလိမ့်မယ်။
မဟုတ်သေးဘူး၊ သူမက သူမရဲ့သန်းပေါင်းများစွာသော ကုမ္ပဏီကို convenient store လို ပိတ်ပစ်ချင်တယ်လို့ ပြောနေတာပဲ။

ကျန်းကျွိတစ်ယောက် heart attack ရတော့မလို့ ခံစားနေရသည်။ ဒီအရူးမနဲ့ တွေ့တဲ့အချိန်တိုင်း ကောင်းတာ ဘာမှမရှိဘူး။
ကျန်းကျွိသည် ရှီရှန်းနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေချင်သော်လည်း ထိုင်ခုံတွေကို အထူးသဖြင့် သူ့ထိုင်ခုံကို စိတ်တိုင်းကျ မပြောင်းနိုင်ပေ။

" မင်း အိမ်ထဲက ထွက်ရဲသေးတယ်ဆိုတော့ မင်းက တော်တော်သတ္တိရှိတာပဲ " ကျန်းကျွိက အကြောင်းအရာကို ပြောင်းလိုက်သည်။

" ဘာမှအသုံးမကျတဲ့ ရှင်တို့တွေအုပ်စုကြောင့်သာ မဟုတ်ရင်ပေါ့ "

ကျန်းကျွိ : " ... " ငါ အကြောင်းအရာကို မပြောင်းလိုက်သင့်ဘူး
ကျန်းကျွိ ဒီအရူးမနဲ့ မိုက်မဲစွာ ငြင်းမခုံတော့ဘဲ တိတ်ဆိတ်တဲ့ ကပ္ပတိန်တစ်ဦးပဲဖြစ်နေဖို့ ဆုံးဖြတ်လိုက်သည်။

ကံကောင်းစွာနဲ့ သိပ်မကြာခင်မှာပဲ လေလံပွဲ စတင်လေသည်။ မုပိုင်နဲ့ ယဲ့ကျန်းတို့က ရှေ့ထိုင်ခုံများတွင် ထိုင်နေကြပြီး သူတို့နှစ်ဦးရဲ့ဘေးက ထိုင်ခုံကတော့ လွတ်နေသည်။

သူတို့ တစ်ချိန်တည်းမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးနောက် သူတို့ရဲ့ထိုင်ခုံအလွတ်ကို ကြည့်လိုက်ပြီး သူတို့ရဲ့စိတ်ထဲမှာ တူညီတဲ့ မေးခွန်းတစ်ခု ဝင်လာသည်၊ သူမ ဖိတ်စာကဒ်ကို ဘယ်လိုရခဲ့တာလဲ??
သူမ ဘယ်လိုရခဲ့တာလဲ။

စီးပွားပျက်သွားတဲ့ စီအီးအိုတစ်ဦးအနေနှင့် ကျိန်းသေကို သူမ ဖိတ်စာကဒ်ကို မရနိုင်ပေ။ သို့သော် ရောင်းသူတစ်ဦးအနေနှင့်တော့ ဖိတ်စာကဒ်ကို သူမ လွယ်လွယ်ကူကူ ရနိုင်လေသည်။

သူမရဲ့နေရာလွတ်ထဲက အားလုံးသည် အဖိုးတန်ပြီး တန်ဖိုးကြီးတဲ့ အရာတွေ ဖြစ်တာကြောင့် မည်သည့်ပစ္စည်းကိုမဆို အလွယ်တကူ ယူလိုက်ရုံပင်။ ထို့ကြောင့် ဖိတ်စာကဒ် တစ်ကဒ် ရဖို့က သူမအတွက် လုံးဝ မခက်ခဲပေ။

နောက်ဆုံးမိနစ်တွင် ယဲ့ဖုန်းက လေလံပွဲထဲသို့ ဝင်လာပြီး အမျိုးသမီးတစ်ဦးက သူနဲ့အတူ လိုက်ပါလာသည်။ ရှီရှန်းသည် ထိုအမျိုးသမီးအား အချက်အလက်များမှတဆင့် ရှာဖွေခဲ့သော်လည်းသူမ ဘာကိုမှ ရှာမတွေ့ပေ။

ယဲ့ဖုန်းက အပျော်မယားအသစ်လေးကို ထပ်တွေ့ခဲ့တာလား။
ဒါက တကယ့်ကို အထင်ကြီးလောက်ပါပေတယ်၊ ဇာတ်လိုက်ကောင်ရေ။
ဒီလောက်အချိန်တိုလေးအတွင်းမှာ ရှုပ်ထွေးတဲ့ အတိတ်ရှိပုံပေါ်တဲ့ တစ်စုံတစ်ဦးကို ချိတ်ဆက်ဖို့ စီစဥ်လိုက်တယ်လား။

ရှီရှန်း ကျန်းကျွိကို အနားကို ဆွဲလိုက်သည်။ " နင် ဒီကို လူနည်းနည်းပဲ ပို့ခိုင်းလိုက်တာလား "

ကျန်းကျွိရဲ့နှလုံးခုန်သံက တစ်ချက်မြန်သွားကာ ရှီရှန်းကို သတိပေးသည့်အနေနဲ့ စိုက်ကြည့်လိုက်ပြီး သူ့ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now