Arc 16.17

2.7K 400 5
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[17]

ကုချီကအဝေးကိုလှမ်းကြည့်လိုက်ပြီး ပြန်လှည့်လာကာ ထိုင်ချလိုက်တယ်။လင်းဇီနန်ကမ်းပေးလာတဲ့တဘက်ကိုယူပြီး သူ့ဆံပင်ကိုဖြည်းညှင်းစွာသုတ်လိုက်တယ်။ 

သူ့ရဲ့လှုပ်ရှားမှုတွေက နှေးလွန်းလို့မသိရင် slow-motion ခလုတ်ကိုနှိပ်ထားတဲ့အတိုင်းပဲ။ 

သူပုလင်းကနေ တစ်ငုံလောက်သောက်လိုက်တယ်။နွားနို့ရဲ့အရသာက တခြားအရသာတွေထက် တော်တော်တော့ဆိမ့်တယ်။

"ဘော့စ်,ကျွန်တော်တို့ဒီညတခြားတစ်နေရာ သွားစရာရှိသေးလား?"ကုချီမျက်နှာသုတ်ပြီးတဲ့အထိ စောင့်နေရင်းလင်းဇီနန်ကဖုန်းပြန်ဖြေဖို့ အခွင့်အရေးကိုအရယူထားလိုက်တယ်။ပြီးတာနဲ့ လင်းဇီနန်ကကုချီကိုမေးတော့တယ်။

ကုချီကရှီရှန်းကိုကြည့်လိုက်တယ်။

လင်းဇီနန်ချက်ချင်းပဲပြန်ဖြေပြီး ပြောလိုက်တယ်။"နတ်ဘုရားမလေး ဒီညပြိုင်ပွဲတစ်ခုရှိလို့ နတ်ဘုရားမသွားမှာလား?"

[T/N:Engမှာကpretty ladyလို့သုံးထားတာပေါ့ ဒါပေမဲ့အစက နတ်ဘုရားမလို့သုံးနေရာကနေ မိန်းမလှလေး၊အလှလေးလို့ ဖန်ဘွိုင်းတစ်ယောက်ကပြောင်းခေါ်တော့ တမျိုးကြီးမို့နတ်ဘုရားမပဲသုံးလိုက်တယ်။]

ပြီးခဲ့တဲ့တစ်ခေါက်ကနတ်ဘုရားမက မလိုက်နိုင်ခဲ့ဘူး ဒါပေမယ့်ဒီတစ်ခေါက်တော့ သူမသွားကိုသွားလိမ့်မယ်။

"အို,ကောင်းပြီလေ"ရှီရှန်းသဘောတူလိုက်တယ်။

ကုချီရဲ့ပင်ကိုစရိုက်နဲ့ပက်သက်ပြီး သူမစိတ်ရှုပ်နေတုန်းပဲ။ 

လင်းဇီနန်ကဖုန်းတစ်ဖက်ကလူနဲ့ စကားပြောနေစဉ် သူတော်တော်လေးကိုပျော်နေပုံရတယ်။ 

ကုချီနဲ့ရှီရှန်းကတော့ ဧည့်ခန်းမှာကျန်ခဲ့တယ်။

လောလောဆယ်တော့ ရှီရှန်းဘာမှမပြောနိုင်သေးဘူး။

ကုချီကတဘက်ကိုချထားလိုက်တယ်။ထို့နောက်သူက နွားနို့သောက်နေတဲ့ရှီရှန်းကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားကာ သူမကိုမေးကြည့်လိုက်တယ်။"အဲဒါက အရသာရှိလား?"

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now