Arc 19.16

1.8K 309 3
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၁၆)

" စီအီးအိုလျှို၊ ဒါက ရှင် ကျွန်မကို စစ်ဆေးခိုင်းထားတဲ့ အချက်အလက်တွေပါ " ဟန်ရှောင် သူမ ခက်ခက်ခဲခဲ ရယူထားသော သတင်းအချက်အလက်များကို ရှီရှန်းဆီ ကမ်းပေးလိုက်သည်။

လီကုန်း၏ကုမ္ပဏီနောက်ကွယ်တွင် မည်သည့်ရုံးချုပ်မျှမရှိပေ။ အစကတည်းက သူသည် ကုမ္ပဏီကို သန့်သန့်ရှင်းရှင်း စတင်ခဲ့ခြင်းဖြစ်သည်။

ရှီရှန်း နှုတ်ဆိတ်နေသည်။

မကြာသေးမီက သူမပစ္စည်းများအား လာပို့ပေးသည့်သူကို အမှတ်ရသွားသည်။

အရင်တစ်ခေါက်က ဝတ်စုံပြည့်နဲ့ လူကို ငါ ဖမ်းပြီး သူ့သခင်ကို မေးခဲ့ပေမယ့် သူက နာမည်မသိတဲ့ လူဖြစ်နေတယ်။

အဲ့ဒါက ဘာကြီးလဲ??

သူမဆီ ပစ္စည်းတချို့ကို တစ်နည်းနည်းနဲ့ ပေးနေသည့် သခင်လေးက ဘယ်သူမှန်း ရှီရှန်း မသိသေးပေ။ ရဲသားတစ်ယောက်က သူမကို ရဲစခန်းဆီ ခေါ်ဖို့ သူမဆီ တစ်ယောက်ယောက်ကို လွှတ်လိုက်လေသည်။

ရဲစခန်းအပြင်ဘက်တွင် သတင်းထောက်အုပ်စုက တံခါးပေါက်ကို ပိတ်ထားကြတာကြောင့် ကားမောင်းနေတဲ့ ရဲအရာရှိက အံ့အားသင့်သွားသည်။

" ဘာလို့သတင်းထောက်တွေအများကြီးရှိနေတာလဲ " ရဲအရာရှိက သူတို့အနားကို မောင်းမသွားရဲပေ။ သူတို့သာ အနားကပ်သွားပါက ပိတ်ဆို့ခံလိုက်ရမှာဖြစ်သည်။

လျန့်ချင်းရဲ့အမှုသည် အာရုံစိုက်မှုအများအပြားကို ရရှိထားတာကြောင့် မကြာသေးမီက ရဲဌာနက သူတို့ရဲ့လုံခြုံရေးကို အဆင့်တစ်ခုထိ တိုးမြှင့်ထားခဲ့သည်။

ရဲအရာရှိက အထဲလူတွေကို ဆက်သွယ်ပြီး သတင်းထောက်တွေကို ဖယ်ရှားဖို့ နည်းလမ်းရှာခိုင်းထားသည်။ သို့သော် သတင်းထောက်တွေက အရူးတွေဖြစ်တာကြောင့် အထဲလူတွေက သူတို့ကို ဘယ်လိုမောင်းထုတ်ရမလဲကို မသိကြပေ။

" မောင်းချလိုက်၊ ငါတို့ သူတို့ကို မကြောက်ဘူး " နောက်ထိုင်ခုံတွင် ထိုင်နေသော ရှီရှန်းက မှတ်ချက်စပေးတော့သည်။ " သူတို့က တာဝန်ကို နှောင့်ယှက်နေတာ...နင် သူတို့ကို ဖမ်းလို့ရတယ် "

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now