Arc 16.41

1.5K 168 1
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[41]

ရှီရှန်းပြည်ပကိုသွားရောက်နေစဉ် ဝမ်ချောင်ကတော့အဆင်မပြေလှဘူး။ 

ကျန်းပိုင်ယွီကသူမတို့အကြောင်းကို ကောလဟာလဖြန့်ဖို့နည်းမျိုးစုံကိုသုံးရင်း သူမကိုဂွင်ဆင်နေတာမရပ်တော့ဘူး။

သူကဝမ်ချောင်ကိုအကြောက်အရွံ့မရှိစတင်ပိုးပန်းတော့တယ်။ 

ကျန်းပိုင်ယွီရဲ့အမာခံပရိသတ်တွေက ကျိန်းသေပေါက်သူမကိုနည်းလမ်းပေါင်းစုံနဲ့ အသရေဖျက်ဖို့စီစဉ်ထားကြတယ်။ 

တချို့အစွန်းရောက်ဖန်တွေဆိုရင် သူမကိုကြွက်သေတွေနဲ့ ဘလိတ်ဓားတွေပို့လာကြတယ်။ 

"တွေ့ကြရအောင်" ဝမ်ချောင်ကကျန်းပိုင်ယွီကိုခေါ်လိုက်တယ်။ သူမဒီဟာကိုကျန်းပိုင်ယွီနဲ့အပြတ်ရှင်းလိုက်ချင်ပြီ။ 

"ဟုတ်ပြီလေ ဘယ်မှာတွေ့ကြမလဲ?" ကျန်းပိုင်ယွီရဲ့အသံကအရမ်းကိုညင်သာတယ်။ 

ဝမ်ချောင်ကနေရာကိုပြောတော့မလို့ပဲ ဒါပေမဲ့အပြင်မှာပါပါရာဇီတွေနဲ့ပြည့်နေတာကို ချက်ချင်းသတိရလိုက်တယ်။ သူမသာအပြင်မှာကျန်းပိုင်ယွီကိုသွားတွေ့လိုက်ရင် သတင်းထောက်တွေဘယ်လိုဝင်နှောင့်ယှက်မလဲဆိုတာကို တွေးတောင်မတွေးရဲဘူး။ 

အချိန်ခဏလောက်စဉ်းစားပြီးနောက် ဝမ်ချောင်ကတွေ့မယ့်နေရာကို သူမရဲ့အိမ်ဆီပြောင်းလိုက်တယ်။ 

သူမနေရာပြောင်းလာတာမကြာသေးဘူး။ သူမရဲ့မန်နေဂျာကလွဲရင်ဘယ်သူမှသူမနေရာကိုမသိဘူး။ 

ကျန်းပိုင်ယွီကမြန်မြန်ဆန်ဆန်ပဲရောက်လာတယ်။ 

"ရှောင်ချောင် တစ်ခုခုလိုလို့လား?" ကျန်းပိုင်ယွီရဲ့စကားလုံးတွေထဲမှာ စိုးရိမ်မှုတွေပြည့်နေတာ မသိရင်သူကရိုမီယိုအတိုင်းပဲ။ 

ဝမ်ချောင်ကအသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လိုရင်းကိုပြောလိုက်တယ်။ "မစ္စတာကျန်း, ရှင်တကယ်ပဲဘာလုပ်ချင်နေတာလဲ?"

"ရှောင်ချောင်, ကိုယ်မင်းကိုဒီတိုင်းသဘောကျချင်ရုံပါ။ ကိုယ်သိပါတယ် ကိုယ်မကြာသေးခင်ကပဲ မင်းကိုပြဿနာတွေတက်စေခဲ့မိတယ်။ ကိုယ်တကယ်တောင်းပန်ပါတယ်။ ကိုယ်ပြန်ရောက်ရင်ကိုယ့်ဖန်တွေကိုပြောလိုက်ပါ့မယ်"

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now