Arc 16.18

3K 439 11
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[18]

"သခင်လေးကုကတကယ်ပဲ ရုပ်ရှင်ဘုရင်မကိုချစ်မိနေတာလား?"

"ဟုတ်တယ်နော် သခင်လေးကုကတစ်ခါမှမိန်းကလေးတွေနဲ့ နီးနီးကပ်ကပ်နေဖူးတာမဟုတ်ဘူး...မိန်းမတစ်ယောက်ရဲ့လက်ကိုကိုင်ဖို့ဆို ပြောမနေပါနဲ့တော့ ဒါပေမယ့် ဒီတစ်ခေါက်တော့ကွဲပြားသွားပြီ..."

"အာ ချန်ဖုန်းရဲ့ကောင်မလေးကျတော့ရော..."

"ရှူး!မင်းဒုက္ခရောက်ချင်နေတာလား?အဲ့မိန်းကလေးက သခင်လေးကုကိုအတင်းလိုက်ကြိုက်နေတာ..."

ယဲ့ကျင်းရီ သူမအနောက်ကအတင်းပြောသံတွေကိုနားထောင်ပြီး ရှီရှန်းကိုဒေါသတကြီးနဲ့စိုက်ကြည့်နေစဉ် သူမရဲ့မျက်နှာအရေပြားကလည်းတွန့်လာခဲ့တယ်။ 

'ဒီမိန်းမမှာဘာကောင်းတာရှိလို့လဲ?

အစ်ကိုဇီနန်က သူမကိုနတ်ဘုရားမလို့ခေါ်တယ် ပြီးတော့သခင်လေးကုတောင်မှ သူမကိုကာကွယ်ပေးနေတယ်'

"ရှောင်ယဲ့"သူမဘေးက မိန်းကလေးကသူမကိုတို့လိုက်တယ်။"နင်စိတ်တိုနေတုန်းပဲလား?"

ယဲ့ကျင်းရီကလက်သည်းကိုက်နေကာ သူမရဲ့မျက်လုံးတွေကနီရဲလာပြီး ဒေါသတကြီးနဲ့ပြောလိုက်တယ်။"ဘာကြောင့်စိတ်တိုရမှာလဲ?သူမကသရုပ်ဆောင်မင်းသမီးတစ်ယောက်လေးပဲလေ"

ူ"ရှောင်ယဲ့..."မိန်းကလေးကသက်ပြင်းချလိုက်တယ်။

အချစ်ကရှုပ်ထွေးတယ်။

သခင်လေးလင်း သူမကိုမကြိုက်တာမဆန်းတော့ဘူး။ကြည့်ရသလောက်တော့ သူကလည်းလန်ရှန်းအပေါ်မှာ ဒီလိုခံစားချက်မျိုးတွေမရှိဘူး။သခင်လေးကုကလန်ရှန်းနဲ့ အရမ်းကိုနီးကပ်နေတာကြောင့် သူကထိုအကြောင်းကိုလုံးဝစဉ်းစားရဲမှာမဟုတ်ဘူး။

သူမကဒီအကြောင်းအရာကိုနားလည်ပေမယ့် ယဲ့ကျင်းရီကတော့အဲ့လိုမဟုတ်ဘူး။ဒါမှမဟုတ်လည်း သူမကနားလည်နေပေမဲ့ ဝန်ခံဖို့ဆန္ဒမရှိနေတာလည်း ဖြစ်နိုင်တယ်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now