Arc 16.21

2.6K 380 9
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[21]

"အဲ့ဆိုလည်းရှင်ကျွန်မကို ဘာလို့ကောင်းကောင်းဆက်ဆံနေသေးလဲ?"ရှီရှန်းက သွယ်ဝိုက်ပြီးမေးလိုက်တယ်။

ကုချီရဲ့အကြည့်က သူမအပေါ်မြဲမြံစွာကျရောက်လာတယ်။ရှီရှန်းရဲ့လည်ပင်းကလည်း ညောင်းလာပြီ။ကုချီကစားပွဲပေါ်ကပစ္စည်းတွေကို ဘေးကိုရွှေ့လိုက်ပြီး ထိုင်လိုက်တယ်။ 

"ကိုယ်မသိဘူး,ကိုယ်မင်းအပေါ်မှာကောင်းချင်တာလေးပဲ"ကုချီကအနည်းငယ် စိတ်ရှုပ်နေပုံရတယ်။ 

သူလန်ရှန်းကိုစောင့်ကြည့်လာတာကြာပြီ။ဒါပေမဲ့အရင်တုန်းကတော့  ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့အရာကို သူမဆီဆောင်ကျဉ်းပေးချင်တဲ့ ခံစားချက်မျိုးတော့မရှိခဲ့ဘူး။ဖန်သားပြင်ထက်ကမိန်းကလေးက အရမ်းကိုနှစ်လိုဖွယ်ကောင်းပြီး သူ့ရဲ့ဘဝကိုစိတ်ဝင်စားဖွယ်ကောင်းလာအောင် လုပ်ပေးနိုင်တယ်လို့ပဲတွေးမိတာဖြစ်တယ်။

အဲဒါပါပဲ။ 

"အဲဒါဆို,ဒါကသဘောကျတာလား?" 'သူမကိုကောင်းကောင်းမွန်မွန် ဆက်ဆံနေတာရဲ့အဓိပ္ပာယ်က ငါသူမကိုကြိုက်နေတာလား?'

သူငယ်ငယ်ကတည်းက သူကတခြားသူတွေနဲ့ကွဲပြားတာကို သူသိခဲ့တယ်။

သူ့မိသားစုကအရမ်းကို...ပျော်ရွှင်စရာကောင်းကြတယ်။ 

ဟုတ်တယ် သူတို့ကအဲဒါ(သူတို့ရဲ့ဘဝ)ကိုဖော်ပြဖို့ အဲ့ဒီစကားလုံးကိုသုံးကြတယ်။

ဒါတောင် သူတို့ရဲ့ပျော်ရွှင်မှုနဲ့ခံစားချက်တွေကို သူခံစားလို့မရနိုင်ခဲ့ဘူး။သူ့အတွက်တော့ ကမ္ဘာကြီးဟာ စိတ်ပျက်စရာတွေ မျှော်လင့်ချက်ကင်းမဲ့မှုတွေနဲ့သာ ပြည့်နှက်နေတာဖြစ်တယ်။

"တစ်နည်းအားဖြင့်တော့ ဟုတ်တယ်"ရှီရှန်းကအပြုံးနဲ့ခေါင်းငြိမ့်လိုက်တယ်။ 

ကုချီကမှင်သက်သွားပြီး နောက်ကိုခြေတစ်လှမ်းဆုတ်လိုက်တယ်။သူကထိတ်ပြာသွားပြီး နေ့လည်စာဘူးကိုကောက်ယူလိုက်တယ်။"ကောင်းကောင်းအနားယူ...ကျန်တာတွေကို ကိုယ်နဲ့သာလွှတ်ထားလိုက်"

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now