Arc 19.18

1.8K 290 2
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၁၈)

ယဲ့ဖုန်းကို ရှီရှန်း ဒုတိယအကြိမ် မြင်သည်မှာ တစ်လအကြာတွင်ဖြစ်သည်။ ရှီရှန်း စိတ်ကူးပေါက်ပြီး ဟန်ရှောင်ကို ဟော့ပေါ့စားဖို့ ခေါ်သွားတာကြောင့်ပင်။

သူတို့ ဟော့ပေါ့ဆိုင်ထဲ ၀င်လာတဲ့အချိန်မှာပဲ ယဲ့ဖုန်းနဲ့ ရှောင်လင်းလုံတို့ ဟိုလိုလိုဒီလိုလို အတူထိုင်နေပြီး ဟော့ပေါ့ဆိုင်ကို အထက်တန်းလွှာအနောက်တိုင်းစားသောက်ဆိုင်လို ပြုမူနေကြတာကို သူတို့ တွေ့လိုက်ရသည်။

လျန့်ချင်းအမှုရဲ့နောက်ထပ်သံသယရှိသူတစ်ဦး အနေနဲ့ ယဲ့ဖုန်းနဲ့ပတ်သက်တဲ့ သတင်းတွေက သိပ်ပျံ့နှံ့ခြင်းမရှိပေ။ ဟုတ်သည်၊ သူမက အရမ်းအံ့သြဖို့ကောင်းတာကြောင့် ထောင်ပေါင်းများစွာသော netizenတွေရဲ့အာရုံစိုက်မှုကို သူမသာ ရရှိထားပြီး ယဲ့ဖုန်းကို သတိမပြုမိကြတာလို့ ရှီရှန်းလည်း ခံစားမိသည်။

" လျန့်ချင်း ဆုံးသွားတာ ဘယ်လောက်ရှိသေးလို့လဲ...အခု သူက အခြားအမျိုးသမီးတစ်ဦးနဲ့ ပူးကပ်နေချင်စိတ်ရှိသေးတယ် " ဟန်ရှောင်က ယဲ့ဖုန်းကို စက်ဆုပ်ရွံရှာနေပြီး အလွန်အမင်း ရန်လိုနေပုံရသည်။ " စီအီးအိုလျှို၊ ရှင် ဒီလူရဲ့ပထမနေရာကို မလိုချင်တာ အရမ်းမှန်တယ် "

" ဒီလောကကြီးမှာ ' မိန်းမတစ်ယောက်နဲ့ ပွတ်သီးပွတ်သပ် မနေရရင် သေသွားလိမ့်မယ် ' ဆိုတဲ့ ဆိုရိုးတစ်ခုရှိတယ် " ရှီရှန်း ဟန်ရှောင်ကို အလေးအနက် ပြန်ပြောသည်။

ဟန်ရှောင်: " ...... "
အကြီးအကဲလျှိုက ထပ်ပြီးပေါက်ကရတွေ ပြောနေပြန်ပြီ။

ရှီရှန်း ထောင့်တစ်နေရာကို ရှာပြီး ထိုင်လိုက်သည်။
" အမျိုးသမီးတို့၊ အစပ်နည်းတာကို လိုချင်လား ဒါမှမဟုတ် အရမ်းစပ်တာကို လိုချင်လားခင်ဗျာ "  စားပွဲထိုးက ဝတ်ကျေတန်းကျေ မေးမြန်းသည်။

ရှီရှန်းက သူမအင်္ကျီလက်ကို သူရဲကောင်းပီသစွာ ဆတ်ခနဲဆွဲလိုက်သည်။ " ငါတို့က ဟော့ပေါ့စားနေတာဆိုတော့ သေချာပေါက် အရမ်းစပ်တာပေါ့ "
ငါ ဟော့ပေါ့စားခဲ့တာ အရမ်းကြာနေပြီ။ ငါ ဒီအရသာကို သတိရနေတာ။
ရှီရှန်းက အစပ်စားနိုင်သော်လည်း ဟန်ရှောင်ကတော့ မစားနိုင်ပေ။ သူမ တစ်ကိုက်စားပြီး ထပ်မခံနိုင်တော့ပေ။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now