Arc 19.21

1.7K 263 0
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၂၁)

ရှီရှန်းသည် သူမကိုယ်၏ ဘယ်အပိုင်းက ထိုရူးနေသည့်ယဲ့ကျန်းကို ဆွဲဆောင်နေမိမှန်း မသိပေ။ သူမ နောက်ဆုံးအကြိမ် ခုတ်လိုက်ပြီးနောက်မှစ၍ ထိုသူသည် သူမနောက်မှလိုက်ပြီး ပရောပရည်သိပ်မလုပ်တော့ခြင်း ဖြစ်သည်။

ရှီရှန်း သူမ၏ဓားကို ထုတ်တော့မည်ကို သူမြင်သည့်အခါတိုင်း သူချက်ချင်းပင် ထွက်ပြေးလိမ့်မည်ဖြစ်၏။

ဒါကပဲ ရှီရှန်းကို အလွန်ဒေါသထွက်စေသည်။
သူမသာ ယခုအချိန်တွင် ရှေးခေတ်ကမ္ဘာ၌ ရှိနေပါက သူမသတ်နိုင်သလောက် လူသတ်မည်ဖြစ်သည်။

သို့သော် ထိုအရူးကောင် ယဲ့ကျန်းနှင့်ယှဉ်လျှင် သူမသည် မုပိုင်ကို ပိုမတွေ့ချင်ခဲ့သော်လည်း ထိုသူ့ဆီမှ ဘယ်သောအခါမှ ပုန်းနေ၍မရကြောင်းလည်း သူမ သိသည်။

မုပိုင်သည် သူမ၏ဗီလာသို့ ရောက်လာ၍ သူမကိုလာတွေ့လေသည်။

ရှီရှန်းသည် ထိုသူကို တံခါးမဖွင့်ပေးဘဲ ပိတ်ထားလိုက်ချင်သော်လည်း ထိုသို့ဆိုပါက သူမသူ့ကို ကြောက်နေပုံရလိမ့်မည်ဖြစ်၏။ ထို့ကြောင့် တံခါးဖွင့်ကာ အထဲသို့ ဝင်ခွင့်ပေးလိုက်သည်။

-ဒီထူးဆန်းတဲ့ လူတွေကို တိုက်ထုတ်ဖို့ ငါ့တံခါးကို ပိတ်ထားသင့်တယ်။
ငါ့ကို အမြဲ ဒုက္ခပေးဖို့ကြိုးစားနေတဲ့ အရူးတွေ အပြင်မှာ အမြဲလိုလိုရှိနေတယ်!

[... Host မှာ နှိပ်စက်ညှဉ်းပန်းတတ်တဲ့ အကျင့်ရှိနေတာများလား?? သခင်ရေ. . . မြန်မြန်ပြန်လာပါတော့၊ Host ရဲ့စိတ်က တစ်နေ့တစ်ခြား ပိုပိုဆိုးလာတယ်၊  သူမက ဒီ  System ကိုတောင် ဖျက်ဆီးပစ်တော့မယ့်ပုံပဲ ]

" မစ္စလျှို. . . ခင်ဗျားကျွန်တော့်ကို ကြောက်နေတာလား"  မုပိုင်သည် လက်ဖက်ရည်တစ်ခွက်ကို ကောင်းကောင်းမွန်မွန် သောက်လိုက်ပြီး ဖြည်းဖြည်းအေးအေးနှင့် တမင်တကာ မေးလိုက်သည်။

ရှီရှန်းက သူမရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကိုပိုက်ထားလျက် သူ့ရှေ့တွင်ထိုင်နေသောမုပိုင်ကို " ရှင့်ကို ကြောက်တယ်?? ရှင့်ကိုယ်ရှင် ဘယ်သူလို့များ ထင်နေတာလဲ "

သူမ အစောပိုင်းက မုပိုင်ကို အရင်စုံစမ်းခဲ့သည်။ ထိုသူ၏ပရိုဖိုင်ကို  အခြေခံ၍ သူသည် မယုံကြည်နိုင်လောက်အောင် ပါရမီရှိသူတစ်ဦး  ဖြစ်သည်မှာ သံသယဖြစ်စရာမလိုဘဲ အရူးများထဲတွင် ဘုရားတစ်ဆူကဲ့သို့ ဖြစ်နေသည်။

သို့သော် ... သူသည် ဇာတ်ကြောင်းထဲတွင် မပါဝင်ပေ။
အများအားဖြင့် သူ့လောက်ကောင်းတဲ့သူတစ်ယောက်သည် ယဲ့ဖုန်း၏ခြေနင်းပြား (သို့) ယဲ့ဖုန်း၏အချစ်ဆုံးသူငယ်ချင်း စသဖြင့်ဖြစ်သင့်သော်လည်း ဇာတ်လမ်းထဲတွင်တော့ မုပိုင်ဟူသောနာမည်ကို ဖော်တောင်မဖော်ပြခဲ့ပေ။

မုပိုင်က ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး အသံသြသြဖြင့် ပြောလိုက်သည်။ "ဒါဆို ခင်ဗျားကျွန်တော့်ကို တွေ့တဲ့အခါတိုင်း ဘာလို့မပျော်မရွှင် ဖြစ်နေရတာလဲ??"

" ရှင့်ကိုတွေ့ရင် ကျွန်မက ဘာလို့ပျော်ပြနေရမှာလဲ??" ရှီရှန်းရည်ရွယ်ချက်ဖြင့် ပြောကာ ရုတ်တရက်ပြုံးပြလိုက်သည့် အပြုံးကို မုပိုင်တောင် လျစ်လျူမရှုနိုင်ပေ။  ထို့နောက် ထူးဆန်းသောလေသံဖြင့် ဆက်လက်ပြောလာသည်ကို သူကြားလိုက်ရသည်။ “ ရှင်သာ ကိုယ်တုံးလုံးချွတ်နဲ့ နေလိုက်ရင်တော့ ကျွန်မပျော်ရင် ပျော်မှာပေါ့ ”
ကျွန်မရှင့်ကို ရိုက်ရတာ ပိုလွယ်သွားမှာလေ. . .

မုပိုင် : " ..... "
သူတို့သည် စကားတစ်လုံးမှ ဆက်မပြောကြဘဲ တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေကြသည်။ သူတို့အချင်းချင်း မျက်လုံးဖြင့်သာ ဆက်သွယ်ပြောဆိုနေကြပြီး မီးပွားများတောင် လွင့်လာတော့မလိုပင်။

ရှီရှန်းသည် အလွန်တည်ငြိမ်လွန်းနေသည်။ သူမ၏အပြုံးက မုပိုင်ကို စိတ်မသက်မသာဖြစ်စေကာ ရုတ်တရက် ဤနေရာမှ ထွက်ပြေးရန် သူစိတ်ကူးလိုက်သည်။
စိတ်ကူးပေါ်လာသည်နှင့် တစ်ပြိုင်နက် မုပိုင်က ချက်ချင်းပင် အကောင်အထည်ဖော်လိုက်သည်။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now