Arc 18.2

1.9K 292 8
                                    


Unicode

အဓိက ဇာတ်လိုက်မ နဲ့ မူလကိုယ် အခြေစိုက်စခန်းမှာ ​ပြန်တွေ့တဲ့ အခါ သူမရဲ့ အမုန်းတရား တွေ နိုးထလာခဲ့တယ် ။ ဇာတ်လိုက်မ ပြဿနာတတ် စေဖို့ရန် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့တယ်။

စူပါမားကတ် အကြောင်း ဖော်ထုတ်ခံခဲ့ရတယ် ။ အဲဒီနောက်မှာ သူမ(ဇာတ်လိုက်မ) အန္တရာယ် ကျရောက်တော့မယ် ဆိုတာ ဇာတ်လိုက်မ သိနေခဲ့တယ် ။

မူလကိုယ်က သူမကို ပြဿနာ တွေ ဆက်တိုက်ဖြစ်စေ ကတည်းက သူမ ဆုံးဖြတ်ခဲ့တယ် ။ မူလကိုယ်ကို ကိစ္စတုံး ပစ်ရန်ပေါ့ ။ခဲတစ်လုံးနဲ့ ငှက် နှစ်ကောင် သတ်ပစ်ခဲ့တယ် ။ 

မူလခန္ဓာကိုယ် က အဖမ်းခံရပြီး အဖွဲ့အစည်းမှ နှိပ်စက်ခံခဲ့ရတယ် ။သူမ  လူမဆန်စွာ ​ပြန်လည် ကုသ ပေးခြင်း ခံရသော်လည်းပဲ ။

အဆုံးမှာတော့ မူလပိုင်ရှင် စိတ္တဇ ဖြစ်သွားတဲ့ အထိပဲ ။

(T/N (Aian) : နားလည်ကြရဲ့လား ။ 

#ဇာတ်လိုက်မ ရဲ့ စူပါမားကတ် အကြောင်း သိသွားကြတယ် ။ ဘယ်သူမှာရှိတာလဲ မသိကြ​သေး

#ဇာတ်လိုက်မက ကျင်းရှီ ကို လွဲချလိုက်တယ် ။ ကျင်းရှီ မှာ ရှိတယ်။

# ဒီလိုနဲ့ ပညာရှင်တွေက စမ်းသပ်ကြတယ် ။ စမ်းသပ်မှုတွေက နာကျင်စေတယ် ။ ပြီးတော့ ကျင်းရှီမှာက တကယ်မရှိဘူး ။ ကျင်းရှီ လိမ်ပြောတယ်ထင်ပြီး ပြောလာအောင် နှိပ်စက်မယ် အဲ့လို သဘောမျိုးပါ)

သူမ သေပြီး မကြာခင်မှာဘဲ ကျင်းဇီ ပြန်ပေါ်လာပြီး သူမ ကိုရှာ ခဲ့တယ် ။ ကျင်းဇီ က သူ့ညီမ ဘယ်လို​သေ သွားရလဲ ဆိုတာ သိသွားခဲ့တယ်။ 

ကျင်းဇီ က ဇွန်ဘီတွေကို စခန်းရှိရာကို လမ်းပြခဲ့တယ် ။ စခန်းတစ်ခုလုံး ဇွန်ဘီတွေ လွမ်းမိုးခံခဲ့ရတယ်။ အဓိက ဇာတ်လိုက်မ နဲ့ နောက်လိုက်လူတစ်စု သာ လွတ်မြောခဲ့တယ်။

ကျင်းဇီ မသေခဲ့ဘူး ဒါပေမဲ့ ကြီးမားတဲ့ အခြေတည် စခန်းကို ဇာတ်လိုက်မကို ဆန့်ကျင်ဖို့အတွက် တည်ထောင်ရင်း အဆုံးသတ်သွားတယ် ။ ဒါက တကယ်တော့ ကျင်းဇီ ဇွန်ဘီ တစ်ကောင် ဖြစ်သွားခဲ့ရပြီး အဓိက ဇာတ်လိုက်မ က သတ်ခဲ့တယ် ။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now