Arc 16.20

2.6K 395 4
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[20]

'ဘာကြီး?ငါ့အိမ်ရှေ့မှာလား?'

ရှီရှန်းအံ့ဩသွားရတယ်။'သူဘာလုပ်ချင်တာလဲ?'

'သူဖုန်းစီဟုတ်မဟုတ် အတည်ပြုဖို့ အခွင့်အရေးပဲ'

ရှီရှန်းက သူ့ကိုခဏလောက်စောင့်နေဖို့ ပြောလိုက်ပြီး တံခါးဖွင့်ဖို့အတွက် သူမအခန်းကနေထွက်လာခဲ့တယ်။

ဧည့်ခန်းကတော့ ချန်ယွမ်ရဲ့ယာယီရုံးခန်းဖြစ်လာတယ်။ရှီရှန်းထွက်လာတာမြင်တော့ သူမကိုချန်ယွမ်စူးစူးစိုက်စိုက်ကြည့်လိုက်တယ်။"ဘာလိုချင်လို့လဲ?"

"ညီမသူငယ်ချင်း အပြင်မှာစောင့်နေလို့"ရှီရှန်းကတံခါးကိုညွှန်ပြလိုက်တယ်။ 

ချန်ယွမ်အနည်းငယ်မျက်မှောင်ကြုတ်သွားတယ်။နှစ်ပေါင်းများစွာသူမရဲ့မန်နေဂျာတစ်ယောက်ဖြစ်လာတာတောင် သူမသူငယ်ချင်းထားတယ်ဆိုတာ မတွေ့ခဲ့ဖူးဘူး။ 

'ဒီအချိန်မှာဘယ်သူများလာနိုင်လဲ...အဲဒါ ယောက်ျားလေးတစ်ယောက်လား?

'ဘုရားရေ!သူမချစ်မိနေတာလား?'

ချန်ယွမ်စိတ်ကူးယဉ်နေတဲ့အချိန် ရှီရှန်းတံခါးသွားဖွင့်လိုက်တယ်။ 

ကုချီကအပြင်မှာငြိမ်ငြိမ်လေးပဲရပ်နေပြီး တံခါးဖွင့်သွားတဲ့အထိကို အဲ့ဒီပုံစံအတိုင်းပဲရှိနေတယ်။စက္ကန့်အနည်းငယ်ကြာတော့ သူ့ခေါင်းကဖြည်းဖြည်းချင်းထောင်လာပြီး ရှီရှန်းကိုနေ့လည်စာဘူးကမ်းပေးလိုက်တယ်။"ကိုယ်အခုလေးတင်ဝယ်လာတာ"

ရှီရှန်းကထုတ်ပိုးထားတဲ့ပုံစံကိုမှတ်မိတယ်။အဲ့ဒါကဟိုတစ်ခေါက်က လင်းဇီနန်သူမတို့ရဲ့အစားအသောက်တွေကို သွားဝယ်လာတဲ့ စားသောက်ဆိုင်ကပဲ။

"ဝင်လာလေ"ရှီရှန်းတစ်ဖက်ကိုရွှေ့ပေးလိုက်တယ်။ 

ကုချီကအထဲကိုကြည့်ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေတဲ့ အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်တယ်။ 

သူမက လန်ရှန်းရဲ့မန်နေဂျာပဲ။

ကုချီက ချန်ယွမ်ကိုခေါင်းငြိမ့်ပြလိုက်တယ်။သူအိမ်ထဲဝင်ပြီး တံခါးပိတ်တယ်။သူ့ရဲ့လှုပ်ရှားမှုတွေက ကျွမ်းကျင်ပိုင်နိုင်မှုရှိပြီး သဘာဝကျလွန်းလို့မသိရင်

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now