Arc 19.27

1.7K 244 0
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၂၇)

ယဲ့ဖုန်း အိပ်ပျော်နေစဉ် သူ့ဖုန်းဆီမှ အကြောင်းကြားသံတစ်ခု ကြားလိုက်ရပြီး နိုးလာခဲ့သည်။

သူ့လက်မောင်းထဲတွင် အိပ်ပျော်နေသော ကောင်မလေးတစ်ယောက်ကို ဖယ်လိုက်ပြီး သူ့ဖုန်းကိုယူရန် အိပ်ရာမှထလိုက်သည်။

ဖုန်းမျက်နှာပြင်ပေါ်တွင် စာသားတစ်ခု ပေါ်နေလေသည်။

မစ်ရှင်:
လျှိုရှန့်ကောနှင့် ရင်းနှီးသော ထိတွေ့မှု (ရင်းနှီးမှုအဆင့် ၅)

ယဲ့ဖုန်း ထိုဖုန်းကို လွှင့်ပစ်လုနီးပါးပင်။  ဒါက ဘယ်လိုမစ်ရှင်ကြီးလဲ??
ရင်းနှီးမှုအဆင့် ၅ တွင် သူသည် လျှိုရှန့်ကောနှင့်အတူ အိပ်ရမည်ဖြစ်သည်။
ယခုအချိန်၌ သူသည် လျှိုရှန့်ကောကို အရမ်းမုန်းတီးနေမိပြီး သူမကိုလည်ပင်းညှစ်သတ်ချင်နေတာဖြစ်သည်။ ဘယ်လိုလုပ်ပြီးများ သူမနဲ့အိပ်လို့ရမှာလဲ??

အဲ့ဒါအပြင် ......
ဒီအမျိုးသမီးက လျှိုရှန့်ကော ဟုတ်မနေဘူး။

နေပါဦး. . .ရဲဌာနရဲ့ ပြောကြားချက်အရတော့ သူမရဲ့ DNA က လျှိုရှန့်ကောနဲ့ ကိုက်ညီမှုရှိသည်ဟူ၍ပင်။ ပြောရရင်တော့ သူမဟာ လျှိုရှန့်ကောဖြစ်လေသည်။
သူမသူ့ကို တမင်တကာ လိမ်ထားတာပဲ!

"ယဲ့ဖုန်းကောကော ..... " တစ်ယောက်ယောက်က သူ့အနောက်ဘက်မှ ခေါ်လာလေသည်။

ယဲ့ဖုန်း ဖုန်းကိုချထားလိုက်ပြီး လှည့်လိုက်ကာ ကုတင်ပေါ်ပြန်လှဲချလိုက်၏။  သူသည် ထိုအကြောင်းကိုတွေးလေလေ ပိုဒေါသထွက်လာလေလေဖြစ်ပြီး သူကိုင်ထားမိသော နူးညံ့သည့်လက်လေးကိုတောင် သူ့ရင်ခွင်ထဲသို့ထည့်ထားရင်း မရည်ရွယ်ပါဘဲ အားအင်အများကြီး သုံးမိသွားသည်။

သူသည် လေများမှုတ်ထုတ်လိုက်မိပြီး ဝုန်းဒိုင်းကြဲပစ်လိုက်ချင်သည်။
သူဘယ်လောက်ပဲ စိတ်မပျော်မရွှင်ဖြစ်နေပါစေ သူဒီအလုပ်ကို လုပ်ရန်လိုအပ်နေသေး၏။
သူဤအလုပ်ကို မငြင်းဆန်နိုင်ပေ။  သူသာ မလုပ်ပါက မစ်ရှင်ကျဆုံးမည်ဖြစ်၏။ မစ်ရှင် မအောင်မြင်ပါက ဤဆော့ဝဲလ်ကို ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။

သူလုံးဝ အဆုံးရှုံးမခံနိုင်ပေ။

မစ်ရှင်သည် လျှိုရှန့်ကောနှင့် ရင်းရင်းနှီးနှီးနေရန်သာပြောပြီး မည်သို့မည်ပုံဟူ၍ မဖော်ပြထားပေ။  ထို့ကြောင့် သူ၌ အခွင့်အရေးရှိသေးသည်။

..............

ရှီရှန်းက ယဲ့ဖုန်းတွင် ဤကဲ့သို့ မစ်ရှင်ရှိတယ်ဆိုတာကို လုံးလုံးသတိမထားမိသည့်အတွက် ယဲ့ဖုန်းတစ်ယောက် နှင်းဆီပန်းအပြည့်ကို ကိုင်ထားပြီး နှစ်တစ်ရာအိမ်ရာ၏ တံခါးအပြင်ဘက်တွင် ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ သူမအံ့သြသွားတော့သည်။

နှင်းဆီပန်းတွေကိုကိုင်ပြီး ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ?? ရှောင်မိသားစုက ရှင့်ကိုသတ်လိမ့်မယ်ဆိုပြီးရော မစိုးရိမ်မိဘူးလား??
ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်တဲ့ လူသားလဲ??

ရှီရှန်းသည် သူမ၏ကားအသစ်ဖြင့် ဖြတ်၍မောင်းလာသောကြောင့် ယဲ့ဖုန်းသည် သူစောင့်နေသောသူထွက်သွားသည်ကို မသိခဲ့ပေ။

ရှီရှန်းပြန်လာသောအခါ ယဲ့ဖုန်းသည် တံခါးဝမှာရှိနေသေးသည်ကိုသူမတွေ့လိုက်ရသည်။

သေစမ်း! သူအကြာကြီး စောင့်နေခဲ့တာပဲ!

အကယ်၍ ထိုသူသာ တံခါးဝမှာရပ်နေခဲ့တာမဟုတ်ရင် သူမဖြင့် လုံးဝကို တိုက်ပစ်မိလိမ့်မည်ဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ ထိုသူက ယာဉ်တိုက်မှုကြောင့်လည်း သေသွားမှာမဟုတ်ပေ။
ခြေတွေလက်တွေ မရှိတော့ရင်လည်း အစားပြန်ထိုးလို့ရတာပဲလေ. . .

" လျှိုရှန့်ကော!"

ယဲ့ကျန်း၏မျက်နှာကြီးသည် ကားပြတင်းပေါက်အပြင်ဘက်တွင် ရုတ်တရက်ပေါ်လာသည်။ ထိုသူသည် အလွန်ကျယ်လောင်စွာ အော်ဟစ်လိုက်သောကြောင့် ယဲ့ဖုန်းတောင် ထိတ်လန့်သွားတော့သည်။

"တံခါးဖွင့်ပေးဦး!!!" ယဲ့ကျန်းသည် ရှီရှန်း၏ ကားပြတင်းပေါက်ကို တတ်နိုင်သမျှ ပြင်းပြင်းထန်ထန် ထုနေလေသည်။

နောက်ဆုံးတစ်ခေါက် သူတို့ဆုံခဲ့တုန်းက ဒီအမျိုးသမီးသည် သူ့ကိုဘယ်နေရာမှာမှန်းမသိသည့် တောင်အလယ်တွင် တကယ်ကြီးထားပစ်ခဲ့ခြင်းဖြစ်သည်။ သူမကို နည်းနည်းတော့ နားပူနားဆာလုပ်ရမည်ဖြစ်သည်။
ယဲ့ဖုန်းကလည်း နှင်းဆီတစ်ပွင့်ဖြင့် သူမဆီ အပြေးရောက်လာပြီး ယဲ့ကျန်းကို ဖယ်လိုက်ကာ  " ရှန့်ကော ကိုယ်မင်းကို ပြောစရာရှိတယ် "

ရှီရှန်း : "...... " ဇာတ်လိုက်ကောင်က သူမကိုရှာဖို့ လာတာတဲ့လား?? ကောင်းကင်ပေါ်ကနေ စိန်တွေမိုးရွာနေပြီလားဟ??

ယဲ့ကျန်း : "...... "
ဒါက ဘယ်သူလဲ??
အိုး! အဓိကဇာတ်လိုက်!
ဒီအဓိကဇာတ်လိုက်က ဒီကောင်မလေးကို သူ့ဆီကနေ ခိုးယူသွားမည်ဖြစ်သည်။

ယဲ့ကျန်းက အဝေးတစ်နေရာသို့ လက်ကိုဝှေ့ယမ်းပြလိုက်ပြီး ဝတ်စုံပြည့်ဝတ်ထားသော အမျိုးသားတစ်ဦးသည် ကားပေါ်မှအမြန်ဆင်းလာခဲ့သည်။
  " သခင်လေး "

"သူ့ကို ငါ့လမ်းပေါ်ကနေ ဖယ်ပေး "

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now