Arc 16.28

2K 258 13
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[28]

ရှီရှန်းကကုဟောင်ကိုသတင်းစာထဲမှာအရင်ကမြင်ဖူးတယ်။ ဒါပေမဲ့ သတင်းစာထဲမှာနဲ့ယှဉ်ရင်တော့ လက်တွေ့မှာသူကပိုခန့်ညားပြီး အားမာန်အပြည့်နဲ့တက်ကြွတဲ့ဟန်ရှိတယ်။ 

သူတို့ကလန်ချင်းရဲ့ကွန်ဒိုဘေးက ကဖေးမှာသွားတွေ့ကြတယ်။ နှစ်သစ်ကူးအကြိုနေ့မို့လို့ ကဖေးထဲမှာလူဘယ်လောက်မှမရှိဘူး။ 

"မစ်လန် အခုချိန်မှာနှောင့်ယှက်ရတဲ့အတွက် အားနာပါတယ်"ကုဟောင်ကတော်တော်လေးကို နှိမ့်ချတတ်တယ်။ 

ရှီရှန်းမျက်ခုံးပင့်လိုက်တယ်။ရှီရှန်းထင်ထားတာက ကုဟောင်ကဒီကိုပြဿနာလာရှာတယ်လို့လေ။ 

"မစ္စတာကု တစ်ခုခုပြောချင်တာများရှိလို့လား?"

ကုဟောင်ကသူ့ရှေ့ကမိန်းမပျိုလေးကိုကြည့်လိုက်တယ်။တော်တော်လေးကိုလှတဲ့မိန်းကလေးပဲ။သူ့အရှေ့မှာတောင်သူမက သူ့အပေါ်ကျေနပ်တာမျိုး ကြောက်နေတာမျိုးမရှိဘဲ ပုံမှန်အတိုင်းပဲ။

"အခုရှောင်ချီမင်းနဲ့အတူရှိနေလား?"

သူကကုချီဆီကိုပုံမှန်အတိုင်း သွားလည်ချင်ပေမယ့်လည်း ဟိုမှာကဘယ်သူမရှိနေဘူး။ 

ဒါပေါ့။ကုမိသားစုကကုချီနဲ့ရှီရှန်းအတူတူနေနေတယ်ဆိုတဲ့ သတင်းကိုရထားပြီးပြီဆိုပေမယ့် သူတို့ကဝင်မစွက်ဖက်ရဲဘူး။ 

တစ်ဖက်မှာလည်း လန်ရှန်းကိုသွားပြီးစုံစမ်းစစ်ဆေးမနေဖို့ ကုချီကသူတို့ကိုသတိပေးထားတယ်။ 

အခုလောလောဆယ်တော့ လန်ရှန်းကယွီထန်လန်ငန်းစုရဲ့သခင်မလေးဆိုတာနဲ့ ဖျော်ဖြေရေးလောကရဲ့ရုပ်ရှင်ဘုရင်မဆိုတာပဲ သူတို့သိထားတယ်။သူမကကောင်းပါတယ် ဒါပေမဲ့ မကြာသေးခင်ကတော့ ကောလဟာလတွေနည်းနည်းရှိထားတယ်။ 

"အင်း"ရှီရှန်းခေါင်းငြိမ့်လိုက်တယ်။ 

ကုဟောင်ကအသက်ကိုပြင်းပြင်းရှူလိုက်တယ်။"မစ်လန်တို့နှစ်ယောက်လုံး အတူတူရှိနေတာအချိန်တစ်ခုလောက်ရှိလာပြီဆိုတော့ ကျွန်တော်လိုရင်းကိုပဲပြောတော့မယ်"

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now