Arc 17.2

2.7K 370 0
                                    

Unicode

မူလကိုယ်ရဲ့အမည်က ယွီရီ၊ သူမက မြေခွေးမျိုးနွယ် မိသားစုခေါင်းဆောင်ရဲ့အချစ်ဆုံးသမီးလေးဖြစ်ပြီး မျိုးနွယ်စုမှာ အကျော်ကြားဆုံး မြေခွေးမိစ္ဆာလေးပေါ့။ လူတိုင်းသူမကို အလိုလိုက်တာကြောင့် ယွဲ့ရီက ခေါင်းမာပြီးမာနကြီးတဲ့ကလေးမလေးအဖြစ် ကြီးပြင်းလာခဲ့ရတယ်..

သူမက မျိုးနွယ်ထဲကယောင်္ကျားတွေအားလုံးကို သူမနဲ့ထိုက်တန်တယ်လို မသတ်မှတ်ခဲ့ဘူး။ သူမလက်ထပ်မယ့်သူဟာ မည်သူမျှမယှဉ်နိုင်လောက်အောင် စွမ်းအားကြီးတဲ့သူပဲ ဖြစ်ရမယ်။

ဒီလိုနဲ့ မျိုးနွယ်စုထဲကယောင်္ကျားပျိုတွေက သူမကို စတင်ရှောင်ရှားလာကြတော့တယ်။ ယွဲ့ရီကတော့ လုံးဝဂရုမစိုက်ခဲ့ဘူး။ ဒါတွေအားလုံးက ယွဲ့ရီတစ်ယောက် အမျိုးသားဇာတ်လိုက်နဲ့မတွေ့သေးခင် အချိန်အထိပဲ…

အမျိုးသားဇာတ်လိုက်က ရွှမ်ဖုန်း၊ သူက လူတွေအများကြီးကိုသတ်ဖြတ်ခဲ့တာကြောင့် ချိတ်ပိတ်ခံထားခဲ့ရတဲ့ မိစ္ဆာတစ်ကောင်ဖြစ်ပြီး အမျိုးသမီးဇာတ်လိုက်က သူ့ကို မတော်တဆလွတ်မြောက်စေခဲ့တယ်။ အမျိုးသမီးဇာတ်လိုက်ကလည်း မြေခွေးမိစ္ဆာတစ်ကောင်ပဲ။ ဒါပေမယ့် သူမက လူသားအသွင်ကိုမပြောင်းနိုင်တာကြောင့် မျိုးနွယ်စုထဲမှာ လူသိနည်းတယ်။

သို့သော်ငြား အမျိုးသမီးဇာတ်လိုက်က ရွှမ်ဖုန်းနဲ့ တွေ့ဆုံပြီးနောက်မှာတော့ လူသားပုံစံ‌ကူးပြောင်းနိုင်ရုံသာမကပဲ မျိုးနွယ်စုထဲမှာ အလှပဆုံးမြေခွေးမိစ္ဆာဖြစ်လာခဲ့တယ်။ အဲ့အချိန်မှာပဲ မျိုးနွယ်စုထဲကယောင်္ကျားလေးတိုင်းက အမျိုးသမီးဇာတ်လိုက်ကို စတင်ချဉ်းကပ်ကြတော့တယ်။ ဒါပေမယ့် ဇာတ်လိုက်က သူမနဲ့အတူ မျိုးနွယ်စုထဲဝင်ရောက်လာချိန်မှာတော့ လူတိုင်းက လက်လျော့လိုက်ကြရပြန်တယ်။

ယွဲ့ရီကလည်း ဇာတ်လိုက်ကို မြင်မြင်ချင်းချစ်မိသွားပြီး အမျိုးသမီးဇာတ်လိုက်နဲ့တူတူသွားလာနေတာကို မြင်နေရတော့ စိတ်မကြည်မလင်ဖြစ်လာခဲ့တယ်။ အဲ့နောက်မှာတော့ ဇာတ်လိုက်စုံတွဲကြားမှာ အမျိုးမျိုးပြသနာတွေတက်အောင်လုပ်ပြီး ဇာတ်လိုက်ကို ချဉ်းကပ်ဖို့ကြိုးစားခဲ့တယ်။

ဒါပေမယ့် ဇာတ်လိုက်ဆိုတဲ့မိစ္ဆာကောင်က ချိတ်ပိတ်မခံရသေးခင်ကတည်းက သူသတ်ခဲ့တဲ့လူသားတွေနဲ့ မကောင်းဆိုးဝါးတွေက ယွဲ့ရီထက်တောင် များသေးတယ်။ ယွဲ့ရီက ပြသနာတွေလုပ်လေ၊ ဇာတ်လိုက်က မကျေမနပ်ဖြစ်လေပဲ။ ထို့နောက် ယွဲ့ရီကို ဒဏ်ရာပြင်းပြင်းထန်ထန်ရသည်အထိ အကြိမ်ပေါင်းများစွာ တိုက်ခိုက်တော့တယ်။

ဒါပေမယ့် ယွဲ့ရီကလည်း တကယ့်အရူးမ။ အမျိုးသားဇာတ်လိုက်က ဒီလောက်ဆိုးဆိုးဝါးဝါးဆက်ဆံတာတောင်မှာ သူမက အဲ့လူကို နက်နက်ရှိုင်းရှိုင်းချစ်နေဆဲပဲ။ အမျိုးသားဇာတ်လိုက်ကို လူတွေအများကြီး ဝိုင်းတိုက်ခိုက်ကြတော့ ယွဲ့ရီက သူ့ကို ပြေးကယ်ခဲ့လိုက်သေးလေရဲ့။ ဒါပေမဲ့ ဟိုအကောင်က အမျိုးသမီးဇာတ်လိုက်က သူ့ကိုကယ်ခဲ့တာလို့ပဲ ထင်နေခဲ့တာ။ ယွဲ့ရီတစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး လူတွေလိုက်သတ်ခံနေခဲ့ရတာကိုတော့ မသိခဲ့ဘူး။

လူသားတွေရဲ့လက်နက်တွေကြောင့် ဆိုးဆိုးဝါးဝါးထိခိုက်ခဲ့တဲ့ယွဲ့ရီက အချိန်တိုအတွင်း ပြန်ကောင်းဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ ဝိုင်းဝန်းတိုက်ခိုက်ခံရတဲ့ကြားက သူမကြားဖူးခဲ့တဲ့ ရှေးစကားတစ်ခွန်းကို သတိရလိုက်တယ်..

မြေခွေးမိစ္ဆာတွေက လူသားတွေရဲ့နှလုံးသားကို စားရင် ပိုပြီး‌တော့ စွမ်းအားကောင်းလာနိုင်သည်တဲ့လေ..
အသက်ရှင်နိုင်ဖို့အတွက် ယွဲ့ရီလည်း လူတွေရဲ့နှလုံးကို စတင်ပြီးစားသောက်လာခဲ့တော့တယ်။ သေချာတာပေါ့ တစ်ခုတည်းနဲ့ ဘယ်လိုလုပ်လောက်မှာလဲ။ အဲ့တာနဲ့ ယွဲ့ရီလည်း လူတွေအများကြီးကို သတ်ပစ်ခဲ့မိပြန်တယ်။

ရလဒ်အနေနဲ့ ကျင့်ကြံသူအများစုက သူမကို အမဲလိုက်သလို လိုက်သတ်တာကြောင့် ထွက်ပြေးရပြန်တယ်။ ပြေးရင်းလွှားရင်း ဇာတ်လိုက်အတွဲနဲ့တွေ့ခဲ့ပေမယ့်လည်း သူတို့တွေက သူမကို မကယ်တင်တဲ့အပြင် တခြားလူတွေနဲ့ပေါင်းပြီး ခြေချစရာနယ်မြေမရှိအောင် လုပ်ခဲ့သေးတယ်။

နောက်ဆုံးတော့ ယွဲ့ရီလည်း အသတ်ခံလိုက်ရတာပေါ့။ သူမသေဆုံးပြီးနောက်မှာတော့ အမြုတေနဲ့တင်မကျေနပ်ကြပဲ သူမရဲ့သားရေ၊ မိစ္ဆာအရိုး၊ အရာအားလုံးဟာ ယူဆောင်သွားခြင်း ခံလိုက်ရတယ်။

တကယ်တော့ အမျိုးသားဇာတ်လိုက်က သူ့ကိုကယ်တင်ပေးခဲ့တဲ့သူက ယွဲ့ရီဆိုတာကို သိခဲ့ပေမယ့် အဖက်မလုပ်ခဲ့ဘူး။ ယွဲ့ရီက အတ္တကြီးလွန်းတဲ့ဇာတ်လိုက်ကို မုန်းတီးသွားခဲ့တယ်။ သူမက သူ့ကိုကယ်ခဲ့တာတောင်မှ တခြားလူတွေနဲ့ပေါင်းပြီး သူမကို သေစေခဲ့တယ်လေ။

“ပြီးပြီလား??? အဲ့တော့ ဇာတ်ကြောင်းက ဘာကြီးလဲ.. ဒါက မှတ်ဉာဏ်ကြီးလေ??”

“Host, မင်းရဲ့ကိုယ်ကျင့်တရားအမှတ်က အရမ်းနည်းနေတော့ ဇာတ်ကြောင်းတောင် မ​ပေးနိုင်တော့ဘူး”

“သောက်ကျိုးနည်း။ အဲ့တော့ ဇာတ်ကြောင်းကို ​ပေးလို့ မရ​တော့ဘူး​ပေါ့ ”

System က တော်တော်ဉာဏ်ကောင်းလာတာပဲ.. ဘာအကြောင်းပြချက်မှ ထပ်မပြောလာတော့ဘူး။ ရှီရှန်းက ဘယ်လိုပဲ မေးမေး System က မသိချင်ယောင်ဆောင်ပြီး အသံတိတ်နေခဲ့တယ်။ ဇာတ်ကြောင်းက သူမအတွက် အသုံးမဝင်တာမျိုးမဟုတ်ပေမယ့် System က သူမအပေါ်ထိန်ချန်ထားတာကြောင့် ရှီရှန်းတစ်ယောက် စိတ်မပျော်ရွှင်တော့ဘူး။

ရှီရှန်းလည်း ရထားတဲ့ မှတ်ဉာဏ်တွေကိုသာ သုံးပြီး ဘာလုပ်ရမလဲ စဉ်းစားရတော့တယ်။
လက်ရှိအချိန်က ယွဲ့ရီတစ်ယောက် အမျိုးသားဇာတ်လိုက်ကိုကယ်တင်ခဲ့ပြီး လူတွေလိုက်သတ်တာကို ခံနေရတဲ့အချိန်ပဲ။ ဒါပေမဲ့ လူသားတွေရဲ့နှလုံးကို‌တော့ မစားရသေးဘူး။

တော်သေးတယ်..ကံကောင်းလို့..
ရှီရှန်း သက်ပြင်းလေးလံစွာ ချလိုက်မိတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူမရဲဓားက လေထဲကတစ်စုံတစ်ခုကို လိုက်ခုတ်နေလေရဲ့။ မြေပြင်ပေါ်မှာလည်း တိရစ္ဆာန်အသေကောင်တွေ ပြန့်ကျဲနေရောပဲ။

ယုန်တွေ၊ ငှက်တွေ…….

ဘယ်လို သက်ရှိသတ္တဝါမျိုးဖြစ်ဖြစ် သူမဓားက အလွတ်မပေးခဲ့ဘူးပဲ။

ရှီရှန်းက သူမရဲ့အမွှေးပွပွလက်သည်းလေးတွေကို မြှောက်ကြည့်လိုက်တော့ တခနမျှ မူးဝေသွားခဲ့တယ်။ သူမရဲ့ဒဏ်ရာက အရမ်းပြင်းထန်တာပဲ။ အခုလိုအခြေအနေနဲ့ လူသားပုံပြောင်းဖို့က ခက်ခဲလွန်းတယ်။

ရှီရှန်းက သူမရဲ့Space ထဲကနေ ဆေးဝါးတစ်ချို့ကို ရှာကြည့်လိုက်တယ်။ ဆေးတချို့ကို သူမလက်ဖဝါးပေါ်တင်ထားရင်း တွေဝေနေခဲ့ပြန်တယ်။  နောက်ဆုံးတော့ သူမဆုံးဖြတ်လိုက်တယ်..
‘ဒါကို သောက်မှဖြစ်မယ်’

ဒါပေမယ့် ဒီဆေးတွေက လူသားတွေအတွက်ဆိုတော့ သားရဲကောင်တွေအတွက်ရော အကျိုးရှိရဲ့လားဆိုတာ မသေချာဘူး။ ဆိုးကျိုးတွေကတော့ ရှိလာနိုင်တယ်။ ဒါပေမဲ့ များများစားစားတွေးနေဖို့ အချိန်မရတော့ဘူး။ ဒီအားနည်းနေတဲ့ခန္ဓာကိုယ်ကြီးကို ဆက်ပြီးလည်း သည်းမခံနိုင်တော့ဘူးလေ..

ဆေးလည်းသောက်ပြီးရော ရှီရှန်းတစ်ယောက် သူမရဲခန္ဓာကိုယ်ကို ဓားတစ်ချောင်းနဲ့ခုတ်ဖြတ်ခံနေရသလိုပဲ။ လူသားတွေအတွက်ဆေးဆိုပေမယ့် သားရဲကောင်တွေအတွက်တော့ ဆေးမဟုတ်ဘူးပဲဟ..

ဆေးသောက်ပြီးမှတော့ ဘယ်လိုပဲဖြစ်ဖြစ် နာကျင်မှုကို သည်းခံရတော့မှာပဲလေ..

ဆေးအစွမ်း ပြည့်ပြည့်ဝဝထွက်လာတာနဲ့ ရှီရှန်းတစ်ယောက် နာကျင်လွန်းလို့ အံကြိတ်ထားရတော့တယ်။ နာကျင်မှုက ဘယ်လောက်ကြာလဲတောင် မသိတော့ဘူး။ နောက်ဆုံးတော့ သူမရဲ့အစာအိမ်ထဲကနေ နွေးထွေးမှုတစ်ခုကို စတင်ခံစားလိုက်ရတယ်။ အဲ့အရာက သူမရဲ့ခြေလက်တွေဆီကို တဖြည်းဖြည်းပျံ့နှံ့သွားပြီး ပျက်စီးနေတဲ့သွေးကြောတွေကို ပြုပြင်ပေးလာတော့တယ်။

ဆေးက လူသားတွေအတွက်ဖြစ်တာကြောင့် သူမခန္ဓာကိုယ်အတွက် အကျိုးသက်ရောက်မှုက အရမ်းကိုနည်းလွန်းတယ်။ ရှီရှန်းခမျာ သုံးရက်ကြာအောင် ဒဏ်ရာကုလိုက်ရတယ်..

သုံးရက်ကြာပြီးနောက်..

များပြားလှစွာသော တိရစ္ဆာန်အသေကောင်တွေဟာ ရှီရှန်းရဲ့ပတ်လည်မှာ ပြန့်ကျဲနေခဲ့ချေပြီ။ အစောပိုင်း ဓားနဲ့ခုတ်ခံထားရတဲ့အသေကောင်တွေကလည်း စတင်ပုပ်လာတာကြောင့် ဆိုးရွားတဲ့အနံ့တွေ ထွက်ပေါ်လာခဲ့တော့တယ်။

အနီးတဝိုက်ကမကောင်းဆိုးဝါးတွေတောင် ဒီနေရာမှာ ရူးနေတဲ့ဓားတစ်ချောင်းက မြင်မြင်သမျှအရာတိုင်းကို လိုက်ခုတ်ပစ်တတ်ကြောင်း သိရှိနေကြပြီ။

ရှီရှန်းက သူမရဲ့အမြီးကိုလှုပ်ရမ်းလိုက်ပြီး မြေခွေးလေးအသွင်ကနေ လူသားအသွင်ကို ပြောင်းလိုက်တယ်။ သူမရဲ့လက်တွေကို အကြိမ်များစွာ ထိကြည့်နေခဲ့မိပြီး နောက်ဆုံး သားရဲကောင်အသွင်လုံးဝပျောက်သွားတာ သေချာသွားတော့မှ သူမစိတ်သက်သာရာ ရတော့တယ်…

ဒါပေမယ့် သူမသက်ပျင်းချလို့တောင် မဆုံးလိုက်ဘူး။ ကောင်းကင်ယံမှာ အမဲရောင်အရိပ်တစ်ချို့ ရုတ်တရက်ပေါ်လာပြန်တယ်။ အရင်နေ့တွေကလို တူညီဝတ်စုံနဲ့လူတွေက ရှီရှန်းရဲ့အရှေ့မှာ ဓားပျံစီးရင်း မတ်တပ်ရပ်နေကြလေရဲ့။

“မကောင်းဆိုးဝါးမ…မင်းက ငါ့ညီအစ်ကိုတွေကို ဘယ်လိုတောင် သတ်ရဲတာလဲ” 
အဲ့ထဲကတစ်ယောက်က ရှီရှန်းကိုဓားနဲ့ရွယ်လိုက်ပြီး ကြုံး၀ါးပြန်တယ် “ငါဒီနေ့ မင်းကို အလွတ်မပေးတော့ဘူး”

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now