Arc 18.1

3.4K 265 2
                                    

ARC 18 အပိုင်း ၁ 

Unicode

--------------

ရှီရှန်း... သူမရဲ့ မျက်လုံးတွေကို ဖွင့်လိုက်တာနဲ့ သူမ သဘော ပေါက်လိုက်တယ်။ အဝတ်အစား လို့တောင် သတ်မှတ်လို့ မရအောင် စုတ်ပြဲနေတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ လူတစ်စုက သူမကို ဝိုင်းထားတယ် ။ 

မဟုတ်သေးပါဘူး ။ သူတို့က လူသားတွေ မဟုတ်ကြဘူး ။ 

ချီး ။ သူတို့က ဇွန်ဘီ တွေပဲ!!

သူတို့ထဲက တစ်ချို့ဆို ခေါင်းပြတ်နေကြပေမယ့် လှုပ်နေကြ တုန်းပဲ ။

သူတို့ရဲ့ ဝမ်းဗိုက်ထဲက အူတွေက အပြင်ကိုထွက်ပြီး ဘယ်ညာဘယ်ညာ ရမ်းနေတယ် ။ ဇွန်ဘီ​တွေက တရွတ်တိုက်သွား နေတာကြောင့် သူတို့ရဲ့ အူတွေဟာ မြေကြီးပေါ်မှာ တွဲလောင်းကျ နေပြီး တခြားဇွန်ဘီတွေ တက်နင်းသွားတဲ့ အထိပဲ...... ။

များစွာသော ဇွန်ဘီအုပ်ကြီးဟာ တဖြည်းဖြည်း ရှီရှန်းဆီကို ချဥ်းကပ်လာကြ တယ် ။

လီး ! 

System [ အံ့သြစရာဘဲ.. 'o' ဘယ်လိုထူးခြားတဲ့ ဇာတ်ကြောင်း ကြီးလဲ? ]

!? !

နင့်မေကြီးတော်! ဒီ ခန္ဓာကိုယ်က ဘာကို စီးထားတာလဲ....

ဒေါက်မြင့်ဖိနပ် _||

ဒီကမ္ဘာ ပျက်ကပ်ကြီးမှာ ဒေါက်ဖိနပ်ကို ဘယ်လိုတောင် စီးနေနိုင်ရတာလဲ ။

ဒါက သေတာကို ရှောင်ရှားဖို့ နည်းလမ်း​ကောင်း မဟုတ်ဘူးလေ ။

ရှီရှန်းက လျှင်မြန်စွာပဲ ဒေါက်ဖိနပ်ကို လွှင့်ပစ်လိုက်တယ် ။ ထို့နောက် ဇွန်ဘီတွေက သူမကို ကိုက်ဟန်ပြင်နေပုံပင် ။ သွားအလုံးစုံအား ပြသကာ သူမရှိရာနှင့် ပိုပိုပြီးနီးနီးလာနေပြီ ဖြစ်သည်။ 

ရှီရှန်းက သူမ သံမဏိဓားကို ဆင့်ခေါ်လိုက်ပြီး အနီးနားရှိ ဇွန်ဘီများကို ဓားဖြင့် ခုတ်လိုက်သည်။

ဒီခန္ဓာကိုယ်က လေ့ကျင့်ခန်းအများကြီး မလုပ်ထားမှန်း သိသာသည် ။ ရှီရှန်း ခဏတာ အရှိန်မထိန်းနိုင်ဖြစ်သွားခဲ့ပြီး သူမ လမ်းကို ဖြတ်၌ အနီးနားမှာရှိတဲ့ စူပါမားကတ် ကို ပြေးသွားခဲ့တယ် ။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now