Arc 16.19

2.6K 388 11
                                    

[Unicode]

သတင်းခေါင်းစဉ်မှာ လွှမ်းမိုးခြယ်လှယ်ထားတဲ့ ရုပ်ရှင်ဘုရင်မ[19]

ရုပ်ရှင်ဘုရင်မ ရုပ်ရှင်ကနုတ်ထွက်သွားတဲ့သတင်းရဲ့နောက်ကနေ သူမညဘက်လမ်းသရဲတွေနဲ့ လျှောက်လစ်နေတဲ့အတင်းအဖျင်းက လိုက်ပါလာခဲ့တယ်။ 

ကောလဟာလတွေက တစ်ခုပြီးတစ်ခုထွက်လာနေတယ်။

#လမ်းသရဲတွေနဲ့night racingသွားတဲ့ ရုပ်ရှင်ဘုရင်မ#

#မကောင်းတဲ့မိန်းမလန်ရှန်း#

#လန်ရှန်းလျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်နဲ့ hotelသွားခြင်း အစားခံလိုက်ရပြီလား သံသယဝင်ရ#

[T/N:ကိုယ်ရိုင်းတာမဟုတ်ပါ သူရေးထားတာကbeing kept ဆိုတော့ ညအိပ်တာလည်းဖြစ်နိုင် အတူနေတာလည်းဖြစ်နိုင် စပွန်ဆာပေးတဲ့အကောင်ကြီးကြီးရထားတာလည်းဖြစ်နိုင် စုံနေတော့လည်း အစားခံလိုက်ရတယ်ပဲသုံးလိုက်တယ် Weibo ကအတင်းအဖျင်းတွေဆိုတော့]

#လန်ရှန်းကဘာခွင့်ပြုမိန့်မှမပါဘဲ သူမရဲ့ဇာတ်ကွက်တွေကိုပြောင်းလဲခြင်းဖြင့် လူသစ်ကိုအနိုင်ကျင့်ခြင်း#

အွန်လိုင်းပေါ်မှာအတင်းအဖျင်းတွေက ရေပန်းစားနေပြီး လန်ရှန်းရဲ့နာမည်ကလည်း trending listမှာနေရာယူထားလို့နေတယ်။ 

ရှီရှန်းက အတင်းအဖျင်းတွေကိုစိတ်ဝင်စားနေတာမို့ ရေပန်းစားနေတဲ့တစ်ခုကိုနှိပ်လိုက်ပြီး ဖတ်လိုက်တယ်။ 

Night racing ကဓာတ်ပုံတွေက တော်တော်လေးကိုဝါးနေတယ်။သူမကားထဲကထွက်လာတုန်းက ရိုက်ထားတာဖြစ်ပြီး သူမဘေးကလမ်းသရဲတွေကလည်း မထင်မှတ်ဘဲဓာတ်ပုံထဲပါသွားရတယ်။ 

လူတစ်ယောက်နဲ့သိုသိုသိပ်သိပ် hotelကိုသွားတယ်ဆိုတဲ့သတင်းကလည်း တကယ်တမ်းတော့ သူမနဲ့လန်ချင်းပဲဖြစ်တယ်။ဓာတ်ပုံတွေကသူမတို့ ရိဟုန်ပွဲကြည့်စင်မှာညစာစားနေတုန်းကနဲ့ သူမDမြို့တော်မှာ ရုပ်ရှင်ရိုက်တုန်းက hotelကိုနှစ်ယောက်သား အတူဝင်သွားတုန်းကပုံတွေပဲဖြစ်တယ်။ 

လန်ချင်းကပုံမှန်အတိုင်းပဲဆိုပေမယ့် ရှီရှန်းကတော့မဟုတ်ဘူး။သူမကသူ့ရဲ့လက်မောင်းကိုချိတ်ထားပြီး ဓာတ်ပုံရှုထောင့်က သူမတို့ကိုမရေမရာဖြစ်အောင်လုပ်ထားတယ်။ 

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now