Arc 19.4

2K 312 3
                                    

Unicode

ဒေဝါလီခံရတော့မယ့် စီအီးအို (၄)

ရှီရှန်း ရှေ့နေကို ကြည့်ပြီး ဆက်လုပ်ရန် မျက်ရိပ်မျက်ကဲပြလိုက်သည်။

ရှေ့နေက သူ့လည်ချောင်းကို ရှင်းလိုက်ပြီး သူ့အကြည့်သည် ပုံမှန်မဟုတ်ဘဲ အဝေးသို့ ရွှေ့သွားကာ တစ်ခြားဘက်သို့ ဦးတည်သွားခဲ့သည်။
“ မစ္စလျှို၊ ခင်ဗျားရဲ့လက်ရှိအခြေအနေကို ကျွန်တော် ကောင်းကောင်း သိပါတယ်...ဒါပေမယ့် ဒီပမာဏက မစ္စတာယဲ့ကိုယ်တိုင် တစ်စိတ်တပိုင်း ပေးပြီးကျန်တဲ့ ပမာဏပါ...မင်း ဒါကို တကယ် မတတ်နိုင်ရင် မင်းရဲ့ဒီအိမ်ကို အပေါင်အနေနဲ့ ထားနိုင်ပါတယ်...... ”

“ ရှင် ဘာပြောတာလဲ ” ဟန်ရှောင် အော်ရုံအပြင် မတတ်နိုင်ပေ။ “ ရှင်တို့က စီအီးအိုလျှိုရဲ့အိမ်အတွက် လာတာမလား ”

စီအီးအိုလျှိုတွင် အိမ်တစ်အိမ်သာ ကျန်တော့သည်။ သို့သော်လည်း ဆွဲဆောင်မှုရှိသောလူငယ်လေး ယဲ့ဖုန်းသည် စီအီးအိုလျှိုကို အိုးမဲ့အိမ်မဲ့ဖြစ်စေရန် ရည်ရွယ်နေသည်။

“ ရှန့်ကော၊ ကိုယ်က အဲ့လောက်ထိ မဆိုးဝါးပါဘူး...ဒါပေမယ့် မင်းက ကိုယ့်ကို စိတ်ပျက်စေခဲ့တယ် ” ယဲ့ဖုန်း၏မျက်နှာကို ပတ်တီးများထဲ နစ်မြှုပ်နေသောကြောင့် သူ့မျက်နှာအမူအယာကို မမြင်နိုင်ပေ။

ဇာတ်လိုက်ကောင်ရေ နင်က လုံးဝ ဦးနှောက်မရှိတာပဲ။
နင့်မျက်နှာက အရမ်းအရေထူလွန်းတယ်။

“ ဆေးဖိုးလား ” ရှီရှန်း ပြုံးကာ ကြောက်မက်ဖွယ်အပြုံးဖြင့် မျက်လုံးလိမ့်လိုက်တော့သည်။ “ ငါ့မှာ တခြားဟာတော့ မရှိပေမယ့် ပိုက်ဆံတော့ အများကြီးပဲ ”

ရှီရှန်း ရုတ်တရက် ယဲ့ဖုန်းကို လှမ်းကိုင်ကာ ဆိုဖာဘေးက ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။

“ မစ္စလျှို ” ရှေ့နေလည်း ရှော့ရသွားတော့သည်။ “ မင်း တစ်ယောက်ယောက်ကို ရိုက်ချင်နေသေးလား...ဒါက ရာဇ၀တ်မှုကျူးလွန်တာပဲ ”

“ စီအီးအိုလျှို ” ဟန်ရှောင်၏အော်သံနှင့် ရှေ့နေ၏အသံတွေက တစ်ချိန်တည်းမှာ ထွက်လာခဲ့သည်။ မကောင်းတာ တစ်ခုခုဖြစ်ခဲ့ပါက သူတို့ ဒီလိုမျိုးတိုက်ခိုက်ရန် မတတ်နိုင်ပေ။

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now