Arc 17.15

2K 329 2
                                    

Unicode

ရှီရှန်းက ဓားပေါ်ကနေခုန်ဆင်းလိုက်တယ်။ အရမ်းမိမိုက်တဲ့ဟန်ပန်နဲ့ပေါ့။

ဖြစ်ချင်တော့ သူမခြေထောက်ချမယ့်နေရာကိုမှ ယုန်တစ်ကောင်က ဖြတ်ပြေးသွားခဲ့တယ်။ ရှီရှန်းခမျာ တစ်ပတ်လှည့်ခုန်လိုက်ရတော့ ကုန်းလျောတစ်လျှောက် လိမ့်ကျသွားပါလေရော။ ထို့နောက် သစ်ပင်နှစ်ပင်ကြားမှာ ညှပ်နေရှာတော့တယ်။

‘သူရဲကောင်းဆန်ဆန် ကယ်တင်ပေးသင့်တယ်မဟုတ်ဘူးလား..? နင်ဘာလို့ ရပ်ကြည့်နေရတာလဲ..?
တော်ပြီ.. ပြတ်ကြရအောင်..’

System လာခဲ့စမ်း.. ကံကောင်းခြင်းအမှတ်ကိစ္စ ဆွေးနွေးကြရအောင်..

ဖာ့ခ်.. ဓားပေါ်ကခုန်ဆင်းတာနဲ့ ဒဏ်ရာရနိုင်တယ်လား..?

“No ပါ.. ကျွန်တော်မလုပ်ချင်ဘူး Host..”

ရှီရှန်းလည်း မြေကြီးပေါ်ကနေ ကုန်းထလိုက်တယ်။ ခြေချော်ပြီး နောက်ပြန်လန်ကျပြန်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ တစ်စုံတစ်ယောက်က ဖမ်းဆွဲပေးထားခဲ့တယ်။ မော့ကြည့်လိုက်တော့ ချင်းဟန်က စိတ်မသက်မသာသလို အံကြိတ်နေလေရဲ့…

‘ငါ့ကိုဖမ်းဆွဲပေးထားရုံနဲ့ နင်နဲ့မပြတ်နိုင်တော့ဘူးလို့ထင်နေတာလား..?’

ရှီရှန်းက သူ့ရဲ့လည်ပင်းကိုပွေ့ဖက်လိုက်တယ်။ ပြီးတော့ လည်ပင်းကိုခေါင်းအပ်လိုက်ပြီး မျက်နှာလေးနဲ့ မသိမသာပွတ်သပ်လိုက်တယ်။

သူမရဲ့နူးညံ့တဲ့အသားအရေက သူ့ရဲ့လည်ပင်းကိုပွတ်သပ်နေတော့ ချင်းဟန်လည်း တောင့်ခဲသွားပြီး ရှက်ရိပ်သမ်းသွားခဲ့တယ်။ ရှီရှန်းဆို သူ့ရဲ့နီရဲနေတဲ့နားရွက်ဖျားလေးတွေကို တွေ့လိုက်ရတယ်။

ရှီရှန်းက ခပ်တိုးတိုးညည်းလိုက်တယ်။
“သူ့ရဲ့ခန္ဓာကိုယ်က မလိမ်တတ်ဘူးပဲ..”

ရှီရှန်းဘာလို့ညည်းနေသလဲဆိုတာကို ချင်းဟန်,မသိဘူး။ ဒါပေမဲ့ သူ,မမေးရဲတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး သူမကိုပွေ့ချီလိုက်တယ်။ ဝူချန်လည်း ရောက်ရှိလာတော့တယ်။

သူတို့သုံးယောက်ဆုံတော့ ထူးထူးခြားခြား တိတ်ဆိတ်သွားပြန်တယ်။ နောက်ဆုံးတော့ ချင်းဟန်က သူမကိုဓားပေါ်ပွေ့တင်ပေးလိုက်ပြီး ဝူချန်ကိုရှင်းပြလိုက်တယ်။

“သူမအခုပဲ လိမ့်ကျသွားလို့..”

“မင်းဘယ်နားဒဏ်ရာရသွားသေးလဲ..?”
ဝူချန်က ရှီရှန်းအနားကို စိုးရိမ်တကြီးလျှောက်သွားလိုက်တယ်။

“မြေခွေးမိစ္ဆာလေး လမ်းလျှောက်နေရင်း ဘယ်လိုလုပ်လိမ့်ကျသွားတာလဲ..?”

‘ဒီလိုစိတ်ပျက်စရာကောင်းတဲ့မေးခွန်းမျိုးမေးတာ ငါသတ်မှာမကြောက်ဘူးလား..?’

……………………….

ညဘက် တောက်ပနေသည့်လရောင်အောက်..

ရှီရှန်းက ဝူချန်ကို အတွေးလွန်နေသလိုမျက်နှာမျိုးနဲ့ စိုက်ကြည့်နေခဲ့တယ်။ ချင်းဟန်ကလည်း သူမကို ခနခနချောင်းကြည့်နေပေမယ့် သူမကတော့ သတိမထားမိခဲ့ဘူး။ ရှီရှန်းက ဓားပေါ်ကဆင်းလိုက်ပြီး ဝူချန်ဆီလျှောက်သွားလိုက်တယ်။

“ရှင့်ကိုပြောစရာရှိတယ်…”

ဝူချန်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး..
“ကိုယ့်ကိုရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပြီလား..?”

ရှီရှန်းက ဝူချန်ကို ချင်းဟန်မမြင်နိုင်လောက်တဲ့နေရာကို ဆွဲခေါ်သွားလိုက်ပြီး တည့်တိုးပြောလိုက်တယ်။

“ရှင်ကျွန်မကို တကယ်ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကျွန်မဂရုမစိုက်ဘူး။ တစ်ခုပဲပြောမယ်.. ကျွန်မရှင့်ကို မကြိုက်ဘူး။ အဲ့တော့ ရှင်ကျွန်မဆီကနေ ဘာပဲလိုချင်ပါစေ၊ ဒါမှမဟုတ် ရှင်ဘယ်လောက်ပဲပေးဆပ်နေပါစေ.. ကျွန်မဆီက ဘာမှပြန်ရမှာမဟုတ်ဘူး..”

ရှီရှန်းက ခပ်မြန်မြန်ပြောလိုက်တယ်။ ဝူချန်ခမျာ ရှီရှန်းကိုကြည့်ရင်း အတော်ကြာအောင် တောင့်ခဲနေခဲ့ရှာတယ်။ အတော်ကြာမှ လေသံတိုးတိုးဖြင့်…

“မြေခွေးမိစ္ဆာလေး မင်းကိုယ့်ကိုငြင်းလိုက်တာလား..?”

“ဟုတ်တယ်..”

“ဘာလို့လဲ..?”

ရှီရှန်းက သူတို့ထွက်လာခဲ့တဲ့နေရာကို တစ်ချက်လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းပါးလေးများက တွန့်ကွေးတက်သွားခဲ့တယ်။

“အကြောင်းပြချက်မရှိဘူး..”

“မင်းနဲ့ဆရာနဲသိတာ ဘယ်လောက်ကြာသေးလို့လဲကွာ.. သူက ဘယ်လိုလူစားမျိုးလဲဆိုတာကိုရော မင်းသေချာသိသေးလို့လား..?”

ဝူချန်က မျက်မှောင်ကြုတ်ရင်းမေးလိုက်တယ်။
‘သူမနဲ့ အတော်ကြာအောင်အတူတူနေခဲ့ပေမယ့် ငါ့ကိုတစ်ခါမှလှည့်မကြည့်ခဲ့ဖူးဘူး.. သူတို့အချင်းချင်းသိတာ ရက်ပိုင်းပဲရှိသေးတယ်လေ..’

“ကျွန်မက သူ့ကိုသိနေခဲ့တာကြာပြီ.. ကျွန်မ,ရှာနေတဲ့လူဖြစ်နေသရွေ့ ဘယ်လိုလူပဲဖြစ်နေပါစေ.. ကိစ္စမရှိဘူး..”

…………………………….

ချင်းဟန်က သူ့ရှေ့ကမီးပုံကို စူးစိုက်ကြည့်နေပေမယ့် သူ့ရဲ့မျက်ဝန်းထောင့်က အဝေးတစ်နေရာကို လှမ်းမျှော်ကြည့်နေခဲ့တယ်။

‘သူတို့ထွက်သွားတာ ဘယ်လောက်တောင်ကြာနေပြီလဲ..? သူတို့ဘာအကြောင်းပြောနေကြတာလဲ..? ဘာလို့ပြန်မလာကြသေးတာလဲ..?’

ချင်းဟန်တစ်ယောက် ခံစားချက်တွေရှုပ်ထွေးလာတယ်။ အဲ့ခံစားချက်တွေကို သူကိုယ်တိုင်တောင် နားမလည်ဘူး။

‘လူသားနဲ့မိစ္ဆာတွေဆိုတာ မတူညီကြဘူး။ သူတို့နှစ်ယောက် အတူတူရှိနေဖို့မဖြစ်နိုင်ဘူး..’

သူ့စိတ်ထဲမှာ ထိုစကားတစ်ခွန်းကို ထပ်တလဲလဲရေရွတ်နေမိပေမယ့် ပိုပိုပြီးမချင့်မရဲ ဖြစ်လာခဲ့တယ်။ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး သွေးလွှမ်းနေတဲ့မြင်ကွင်းကိုတွေးလိုက်မိတာနဲ့ သူ့ရဲ့နှလုံးသားက အလိုလိုနာကျင်လာရတယ်။

ချင်းဟန်စိတ်ရှုပ်ထွေးနေတဲ့အချိန် ရှီရှန်းနဲ့ဝူချန်က ပြန်ရောက်လာခဲ့တယ်။ ဝူချန်ကခေါင်းငိုက်စိုက်ကျနေပြီး သူ့ရဲ့မျက်နှာက နွမ်းလျလျ။ ဘာစကားမှမပြောပဲ မီးပုံဘေးနားမှာထိုင်ချလိုက်တယ်။

ရှီရှန်းကတော့ နှစ်ယောက်လုံးကိုမကြည့်ပဲ သူမရဲ့ဓားပေါ်မှာသွားထိုင်နေလိုက်တယ်။

တဖြောက်ဖြောက်မြည်နေတဲ့မီးပုံရဲ့အသံနဲ့ တောထဲကအင်းဆက်ပိုးမွှားအသံကလွဲရင် အရာအားလုံးက တိတ်ဆိတ်နေခဲ့တယ်။ အတော်ကြာတော့ ဝူချန်က မတ်တပ်ထရပ်လိုက်တယ်။ ရှီရှန်းကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ချင်းဟန်ဘက်လှည့်ကာ..

“ဆရာ.. ကျွန်တော်လုပ်စရာရှိလို့ အရင်သွားနှင့်ပါရစေ..”

“ဝူချန်..”

ချင်းဟန်က ဝူချန်ကို တွေဝေစွာစိုက်ကြည့်လိုက်တယ်။ ဝူချန်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး ချင်းဟန်ကိုတီးတိုးပြောလိုက်တယ်။ ထို့နောက် နောက်တစ်လှမ်းပြန်ဆုတ်လိုက်ပြီး..

“ဆရာ.. တစ်ခုခုအရေးကြီးရင် ကျွန်တော့်ကိုဆက်သွယ်လိုက်နော်..
တာ့တာ.. မြေခွေးမိစ္ဆာလေး..”

ရှီရှန်းက လက်ဝှေ့ရမ်းပြလိုက်တယ်။ ဝူချန်က စိတ်မပါလက်မပါ ပြုံးပြလိုက်ပြီး လှည့်ထွက်သွားခဲ့တယ်။ ထို့နောက် အမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားတော့တယ်။

ဝူချန်ထွက်သွားပြီးနောက် ရှီရှန်းက ဓားပေါ်ကနေခုန်ဆင်းလိုက်ပြီး ချင်းဟန်ဘေးနားမှာ ထိုင်ချလိုက်ကာ..

“ကျွန်မအေးတယ်..”

ချင်းဟန်က ဘေးတစ်ဖက်ကိုရွှေ့လိုက်ပြီး ထူးမခြားနားသည့်လေသံဖြင့်..
“မင်းမှာ ချီစွမ်းအားရှိတယ်လေ.. ဘယ်လိုလုပ်အေးနေသေးတာလဲ..?”

“ကျွန်မှာမရှိတော့ဘူး.. မယုံရင် ကျွန်မရဲ့လက်ကိုစမ်းကြည့်..”
ရှီရှန်းက အနားကပ်ပြီးပြောလိုက်တယ်။

ချင်းဟန်က သူမကိုအတော်ကြာအောင် စိုက်ကြည့်လိုက်တယ်။ သူမရဲ့တည်ကြည်တဲ့မျက်နှာလေးကိုငေးကြည့်ရင်း သူမရဲ့လက်ကောက်ဝတ်ကို ဖြည်းဖြည်းချင်းလက်လှမ်းလိုက်တယ်။ တခနကြာတော့ လက်ကိုပြန်လွှတ်ပေးလိုက်တယ်။ စကားပြောချင်ပေမယ့် သူ့ရဲ့လည်ပင်းတစ်ခုလုံးက စကားပြောလို့မရအောင်ခြောက်ကပ်နေသလိုပဲ။

“မင်း..”

‘သူမရဲ့ခန္ဓာကိုယ်ထဲမှာ ဘာလို့ချီစွမ်းအားမရှိတော့တာလဲ..?’

“ကျွန်မခန့်မှန်းရသလောက်ဆို ဒီရက်ပိုင်းအတွင်း လူသားအသွင်ကို ဆက်ပြီးထိန်းသိမ်းထားနိုင်မှာမဟုတ်တော့ဘူး။ ရှင်ကျွန်မကို ရက်ရက်စက်စက်ပစ်ထားတော့မှာလား..?”

ရှီရှန်းက နာကျင်နေသလိုမျက်ဝန်းတွေနဲ့ ငေးမောကြည့်လိုက်တယ်။ ဘယ်အချိန်ထိ လူသားအသွင်ကိုဆက်ထိန်းထားနိုင်မလဲဆိုတာ သူမ,မသိဘူး။ ဒါပေမဲ့ ချီစွမ်းအားမရှိတော့မှတော့ ကြာကြာခံနိုင်မှာမဟုတ်ဘူး။

“အဲ့တာကြောင့်လား..?”
ဟိုထူးဆန်းတဲ့အစီအရင်…

သူမအားနည်းနေတာလို့ ထင်ခဲ့တာ။ ချီစွမ်းအားပျောက်ကွယ်သွားလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။

“ဖြစ်နိုင်တယ်.. အဲ့နေရာမှာ ရှင်မရှိခဲ့ဖူးဆိုရင်တောင် အဲ့နည်းလမ်းကိုသုံးပြီး အပြင်ထွက်ရမှာပဲ.. ကျွန်မကရှင့်ကို အဲ့နေရာရောက်အောင်လုပ်ခဲ့မိတာပဲလေ.. ရှင့်ကိုတာဝန်ယူပြီး အပြင်ထုတ်ပေးသင့်တာပေါ့.. ရှင့်အမှားမဟုတ်ဘူး စိတ်မကောင်းမဖြစ်နဲ့..”

ရှီရှန်းက ချင်းဟန်ဘေးနားမှာလဲလျောင်းလိုက်ပြီး မကောင်းဆိုးဝါးဆန်ဆန်ရယ်မောကာ..
“ဒါပေမဲ့ ကျွန်မရှင့်ကို တာဝန်ယူချင်နေတုန်းပဲ..”

ချင်းဟန်က အပေါ်ထပ်ချွတ်ပြီး ရှီရှန်းရဲ့ကိုယ်ပေါ်မှာ လွှမ်းခြုံပေးလိုက်တယ်..

“လူသားနဲ့မိစ္ဆာတွေက မတူညီဘူး။ ယွီမိန်းကလေး ငါတို့အဆုံးသတ်ကောင်းမှာမဟုတ်ဘူး..”

‘လူသားအချင်းချင်းလည်း ဒုက္ခရောက်တတ်သလို မိစ္ဆာတွေလည်း ဖြစ်တတ်ကြတာပဲ..’

ရှီရှန်းက ခပ်တိုးတိုးပြောလိုက်တယ်။
“အဆိုးဆုံးမှ အတူတူသေရုံပေါ့.. ဘာကိုကြောက်နေရဦးမှာလဲ..?”

‘ဒါက ပထမဆုံးအကြိမ် အတူတူသေတာမှမဟုတ်တာ.. ကမ္ဘာပေါ်မှာ ကြည်နူးစရာအကောင်းဆုံးကိစ္စက ရှင်နဲ့အတူတူသေရတာပဲ..’

ချင်းဟန်က ရှီရှန်းကိုငေးကြည့်လာခဲ့တယ်။ သူမရဲ့မျက်ခုံးတွေက အနည်းငယ်တွန့်ကွေးသွားပြီး ချင်းဟန်အနားကိုတိုးကပ်လိုက်ကာ…

“ဖက်ထားပေး..”

နာကျင်မှုက သူ့နှလုံးသားမှသည် ရိုးတွင်းခြင်ဆီသို့တိုင်၊ ထိုမှတဆင့် သူ့ရဲ့စိတ်ဝိဉာဉ်အထိ ပျံ့နှံ့သွားတော့၏…

အေးခဲနေတဲ့သွေးတွေက သူမရဲ့ ‘အတူတူသေကြမယ်’ဆိုတဲ့စကားကြောင့် ဆီးနှင်းခဲကို မီးတောက်နဲ့တို့ထိလိုက်သလိုပဲ ပျော်ကျသွားတော့တယ်။ ဒီမိန်းကလေးနဲ့စိမ်းသက်နေပေမယ့် ဝိဉာဉ်ချင်းရင်းနှီးနေသလိုပဲ။

သူမရဲ့လက်ကလေးကိုဆုပ်ကိုင်ရင်း သူ့ရင်ခွင်ထဲကို ဖြည်းညှင်းစွာခေါ်သွင်းလိုက်မိတယ်။ သူမရဲ့ခန္ဓာကိုယ်က အေးစက်နေခဲ့တယ်။ သူကိုယ်တိုင် တုန်ယင်သွားရတဲ့အထိ သူမရဲ့ခန္ဓာကိုယ်က အေးစက်နေခဲ့တယ်။

‘သူမဒါက ဘယ်လိုလုပ်သည်းခံနိုင်တာလဲ..?’

“ဘာလို့ငါ့ကိုကြိုက်တာလဲ..?”
ငါတို့တွေ့ခဲ့တာ ရက်ပိုင်းပဲရှိသေးတယ်လေ။

ချင်းဟန်ကက ရှီရှန်းအနားကို ဆုံးဖြတ်ချက်ပြတ်သားစွာ တိုးကပ်သွားလိုက်တယ်။ သူမ,ကြည့်ရတာ အစကနေပြန်တွေးနေပုံပဲ…

“ဘာလို့လဲဆို‌တော့ ရှင်ကခန့်ညားတယ်လေ..”
‘ဘာလို့လဲဆို‌တော့ ရှင်ကဖုန်းစီဖြစ်နေလို့ပေါ့..’
(ဖုန်းစီကို သိကြမယ်ထင်ပါတယ်…)

‘ဒါဆို ငါသာကြည့်မကောင်းရင် မကြိုက်တော့ဘူးလား..? ရုတ်တရက်ကြီး ငါမပျော်တော့ဘူး..’

…………………………………

Translated by Melinoe_Megami

ရှီရှန်း ( ရှီရှန်း)  Book 4  Arc 16 to .....Where stories live. Discover now